DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
ဒဏ်ရာက သက်သာလာတဲ့ လမ်းပတ်နဲ့ ရွန်နီတို့ လက်ရွေးစင်အသင်းအတွက် လေ့ကျင်းရေး ပြန်ဆင်း
ဘီဘီစီ - မတ်လ ၂၅၊ ၂၀၀၈

ဖရန့်လမ်းပတ်နဲ့ ၀ိန်းရွန်နီတို့နှစ်ယောက်ဟာ မနက်ဖြန် ပြင်သစ်နဲ့ ခြေစမ်းပွဲ ကစားနိုင်ဖို့ အင်္ဂလန် အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ရေး ပြန်ဆင်းနေပြီ ဖြစ်ပါတယ်။

ကွင်းလယ်လူ လမ်းပတ်က တနင်္ဂနွေနေ့က အာစင်နယ်ကို (၂ - ၁)နဲ့ အနိုင်ရတဲ့ပွဲမှာ ဒဏ် ရာအနည်းငယ် ရခဲ့ပေမယ့် အခုမှာတော့ လေ့ကျင့်ရေး ပြန်ဆင်းနိုင်နေပြီ ဖြစ်ပါတယ်။

တိုက်စစ်မှူး ရွန်နီလည်း လီဗာပူးကို (၃)ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ဒူးဒဏ်ရာ ရခဲ့ပေမယ့် ပြန် လည် သက်သာလာနေပြီ ဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင် ကစားသမား (၂၃)ယောက်စလုံး လေ့ကျင့်ရေး ဆင်းနေပြီး အဲဒီအထဲမှာ ဘက်ဟမ်းလည်း ပါဝင် ပါတယ်။

လမ်းပတ်နဲ့ ရွန်နီတို့ ဒဏ်ရာကနေ သက်သာလာတဲ့ သတင်းဟာ နည်းပြ ကာပယ်လို့အတွက် သတင်းကောင်း တစ်ခု ဖြစ်ခဲ့ပါတယ်။

ကာပယ်လိုက တနင်္ဂနွေနေ့မှာ ပရီးမီးယားရှစ် ထိပ်သီး (၄)သင်း တွေ့ဆုံတဲ့ပွဲမှာ အဓိက ကစား သမားတွေ ထိခိုက်နာကျင်မှာကို စိုးရိမ်ကြောင်း ပြောထားပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင် လက်ပတ်ရာထူးကို ချဲလ်ဆီးအသင်းဖော် ဂျွန်တယ်ရီ ရသင့် ကြောင်း လမ်းပတ်က ထောက်ခံ ပြောဆိုထား ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က လက်ရွေးစင် ကစားသမားအယောက် (၃၀)စာရင်းကနေ (၂၃)ယောက် အထိ လျော့ချခဲ့ပြီး တော့တင်ဟမ် ဂိုးသမား ရော်ဘင်ဆင်လည်း ပြန်လည် ပါဝင် လာပါတယ်။

ပြင်သစ်နည်းပြ ရေမွန် ဒိုမီနစ်ချပ်က အင်္ဂလန်နဲ့ ခြေစမ်းမယ့်ပွဲအတွက် ကစားသမား (၃၉) ယောက်ကို ပဏာမအဖြစ် ရွေးချယ်ထားပါတယ်။


လေ့ကျင့်ရေးကွင်းက လမ်းပတ်