ဒေးဗစ်ဘက်ဟမ်းက ပြင်သစ်နဲ့ မနက်ဖြန် ခြေစမ်းပွဲမှာ လက်ရွေးစင်ပွဲ (၁၀၀)ပြည့်သွားရုံနဲ့ ကျေနပ်နေမှာ မဟုတ်ဘဲ ဒီထက်ပိုပြီး အင်္ဂလန်အတွက် ပွဲများများ ကစားပေးနိုင်ဖို့ မျှော်လင့် ထားပါတယ်။
အသက် (၃၂)နှစ်အရွယ် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့လက နည်းပြ ကာပယ်လိုရဲ့ ဆွစ်ဇာလန်နဲ့ ခြေစမ်းပွဲ လူစာရင်းမှာ ကြံ့ခိုင်မှု မပြည့်သေးတဲ့ အကြောင်းပြချက်နဲ့ ချန်ထားခြင်း ခံရပါတယ်။
ဘက်ဟမ်းက လက်ရွေးစင် ကစားသမားဘ၀ကနေ လောလောဆယ် အနားယူဖို့ မရှိသေး ကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း အသိပေး ထားပါတယ်။
“ပွဲ (၁၀၀)ပြည့်ပြီးရင် ကျေနပ်သွားပြီး အနားယူမှာ မဟုတ်ပါဘူး။ ဒါက ကျနော့်တိုင်း ပြည်အ တွက် ကြိုးစားပြီး အကောင်းဆုံး ကစားသွားနိုင်ရေး ဖြစ်ပါတယ်” လို့ အယ်အေ ဂလက်စီ စတားက ပြောပါတယ်။
“အင်္ဂလန်အတွက် ပွဲ (၁၀၀)ပြည့်တာကိုတော့ ကျနော် ဂုဏ်ယူပါတယ်။ နောက်ပြီး အသင်းကို ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်းတစ်သင်းလည်း ဖြစ်စေချင်ပါတယ်”
ဂလက်စီ ကွင်းလယ်လူက ကာပယ်လိုက အင်္ဂလန်ရဲ့ ထုံးစံလိုဖြစ်နေတဲ့ ထင်ရှားတဲ့ ကစားသမားတွေကို ရွေးတဲ့ အကျင့်ကို ပြောင်းလဲနိုင်ခဲ့တယ်လို့ ပြောပါတယ်။
သူက “တကယ်လို့ ခင်များတို့ အကောင်းဆုံး မကစားနိုင်ရင် အသင်းမှာ အရွေးခံရမှာ မဟုတ် ပါဘူး။ ကျနော်တို့မှာ ယုံကြည်ချက် ခိုင်မာတဲ့ မန်နေဂျာမျိုး ရှိနေပါပြီ” လို့ ချီးမွမ်းပါတယ်။
လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ဘက်ဟမ်းဟာ မနက်ဖြန် ပဲရစ်မှာ ပြင်သစ်နဲ့ ခြေ စမ်းတဲ့ပွဲမှာ ကစားခွင့်ရရင် အင်္ဂလန်ရဲ့ သူရဲကောင်းတွေဖြစ်တဲ့ ဘော်ဘီမိုး၊ ဘော်ဘီ ချာလ် တန်၊ ဘယ်လီဝိုက်နဲ့ ပီတာ ရှယ်တန်တို့လို လက်ရွေးစင်ပွဲ (၁၀၀)ပြည့်မှာ ဖြစ်ပါတယ်။
ဘက်ဟမ်းအနေနဲ့ ပီတာ ရှယ်တန်ရဲ့ လက်ရွေးစင်ပွဲ (၁၂၅)ပွဲ စံချိန်ကို ချိုးနိုင်ဖို့ မသေချာ သလို လာမယ့် ၂၀၁၀ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အတွက် ကစားခွင့် ရလိမ့်မယ်လို့တော့ မျှော် လင့်ထားပုံ မရပါဘူး။
အဲဒီအချိန်ရောက်ရင် ဘက်ဟမ်းရဲ့ အသက်က (၃၅)နှစ်ထဲကို ၀င်ရောက်တော့မှာ ဖြစ်ပါ တယ်။
ပြင်သစ်နဲ့ ခြေစမ်းမယ့် အင်္ဂလန် လူစာရင်း -
ဂိုး - ဒေးဗစ်ဂျိမ်းစ်(ပို့စ်မောက်)၊ ရော်ဘင်ဆင်(တော့တင်ဟမ်)၊ ကာ့ခ်လန်း (၀ီဂန်)
နောက်တန်း - အက်ရှ်လေကိုး၊ ၀ိန်းဘရစ်ခ်ျ၊ တယ်ရီ(ချယ်လ်ဆီး)၊ ဖာဒီနန်၊ ၀က်စ် ဘရောင်း(မန်ယူ)၊ လက်စကော့(အဲဗာတန်)၊ ၀ုဒ်ဂိတ်(တော့တင်ဟမ်)၊ အက်ပ်ဆမ် (၀က်စ်ဟမ်း)၊ ဂလင်းဂျွန်ဆင်(ပို့စ်မောက်)
အလယ်တန်း - ဘက်ခမ်း(ဂလက်ဆီ)၊ ဂျိုးကိုးလ်၊ လမ်းပတ်(ချယ်လ်ဆီး)၊ ဂျရတ် (လီဗာပူး)၊ ဟားဂရေ့ဗ် (မန်ယူ)၊ ဒေါင်းနင်း(မစ်ဒယ်ဘရော့)၊ ဘန့်တလေ (ဘလက်ဘန်း)
ရှေ့တန်း - ရူနီ(မန်ယူ)၊ အိုဝင်(နယူးကာဆယ်)၊ ခရော့ခ်ျ(လီဗာပူး)၊ ၀ဲလ်ကော့ (အာဆင်နယ်)
အင်္ဂလန်နဲ့ ခြေစမ်းမယ့် ပြင်သစ် လူစာရင်း -
ဂိုး - ကောက်ပတ် (လီယွန်)၊ မစ်ကေး လန်ဒရေ (ပီအက်စ်ဂျီ)၊ ဟူဂို (နိုက်စ်)၊ မန်ဒန်ဒါ (မာဆေး)
နောက်တန်း - အဲရစ် အဘီဒယ် (ဘာကာ)၊ ဘွန်ဆောင်း (လီယွန်)၊ ကလစ်ချီ (အာစင်နယ်)၊ ကလပ် (လီယွန်)၊ ဒယ်ပီရီ (စတူဂတ်)၊ အက်စ်ကူဒီ (ဆာဗီလာ)၊ အီဗရာ (မန်ယူ)၊ ဂါးလက်စ် (အာစင်နယ်)၊ ဂီဗက် (မာဆေး)၊ မီဆက်စ် (ရိုးမား)၊ ရယ်မီ (လိုင်လီ)၊ ရီဗယ်လီရီ (လီယွန်)၊ စကွယ်လာစီ (လီယွန်)၊ သူရမ် (ဘာစီလိုနာ)
အလယ်တန်း - ဘော့မာ (လီယွန်)၊ ဒီရာရာ (ဘိုးဒေါ့ဖ်)၊ လာဆာနာ ဒီရာရာ (ပို့စ်မောက်)၊ ဖလာမီနီ (အာစင်နယ်)၊ မက်ခီလီလီ (ချဲလ်ဆီး)၊ မာဗျုဘာ (လိုင်လီ)၊ နက်စရီ (မာဆေး)၊ တိုလာလန် (လီယွန်)၊ ရိုသန် (ပီအက်စ်ဂျီ)၊ ဗီအဲရာ (အင်တာ
ရှေ့တန်း - အနယ်လ်ကာ (ချဲလ်ဆီး)၊ ဘန်အာဖာ (လီယွန်)၊ ထရေစီဂေး (ဂျုဗင်တပ်)၊ ဘရပ်နက် (ရီနန့်စ်)၊ ဆစ်စီ (မာဆေး)၊ မာလူဒါ (ချဲလ်ဆီး)၊ ဂိုဗူး (လီယွန်)၊ ရီဘာရီ (ဘိုင်ယန်မြူးနစ်)၊ ဆာဟာ (မန်ယူ)၊ ရီမိုင် (လန်းစ်)
|

လေ့ကျင့်ရေးကွင်းက ဘက်ဟမ်း
|