DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
ပြင်သစ်နဲ့ ခြေစမ်းမယ့် အင်္ဂလန် ပဏာမလူစာရင်းမှာ ဘက်ဟမ်း၊ ၀ါးကော့လ်နဲ့ ဘိုရိုနောက်ခံလူတို့ ပါဝင်လာ
အေဂျင်စီသတင်းများ - မတ်လ ၂၁၊ ၂၀၀၈

လာမယ့် (၂၆)ရက်နေ့ ပဲရစ်မှာ ပြင်သစ်နဲ့ ခြေစမ်းပွဲအတွက် ထုတ်ပြန်ထားတဲ့ အင်္ဂလန် အသင်းရဲ့ ပဏာမလူစာရင်းမှာ ဒေးဗစ်ဘက်ဟမ်း ပြန်ပါ လာပါတယ်။

လက်ရွေးစင်ပွဲ (၉၉)ပွဲ ကစားထားပြီးဖြစ်တဲ့ အသက် (၃၂)နှစ်အရွယ် အယ်လ်အေ ဂလက်စီ စတားဟာ နည်းပြသစ် ကာပယ်လို လက်ထက် အယောက် (၃၀) လူစာရင်းမှာ ပထမဆုံး ရွေး ချယ်ခံရခြင်း ဖြစ်ပါတယ်။

အဲဒီစာရင်းမှာ အာစင်နယ် တောင်ပံသမား သီယို ၀ါးကော့လ်လည်း ၂၀၀၆ ကမ္ဘာ့ဖလား နောက်ပိုင်းမှာ ပထမဆုံးအကြိမ် အရွေးချယ်ခံ ရပါတယ်။

မစ်ဒယ်ဘရော့ နောက်ခံလူ ဒေးဗစ် ၀ီလ်တာ၊ ပို့်စ်မောက် တိုက်စစ်မှူး ဂျာမိန်း ဒီဖိုးနဲ့ အက်စ တွန်ဗီလာ တိုက်စစ်မှူါ် အဘွန်လဟာတို့လည်း လက်ရွေးစင် လူစာရင်းမှာ ပါဝင်ပါတယ်။

မန်ယူက ကွင်းလယ်လူ မိုက်ကယ် ကာရစ်၊ ဂိုးသမား ဘန်ဖော်စတာနဲ့ တော့တင်ဟမ် တောင် ပံက လီနွန်တို့ကတော့ လက်ရွေးစင် လူစာရင်းကနေ ချန်ထားခြင်း ခံရပါတယ်။

ကာပယ်လိုက “ကျနော် အမြဲပြောခဲ့သလိုပဲ ဘက်ဟမ်း ကြံ့ခိုင်မှုရှိရင် အသင်းမှာ ရွေးချယ်ခံ ရမှာပါ။ ဖရန်ကိုဆီကနေ ဘက်ဟမ်းနဲ့ ပက်သက်တဲ့ အစီရင်ခံစာကောင်းတွေရ ပြီးပါပြီ။ နောက်ပြီး ကျနော် ဘက်ဟမ်းအကြောင်းလည်း အများကြီး သိပါတယ်” လို့ ပြောပါတယ်။

ဂလက်စီမန်နေဂျာ အဲလီစီ လာလပ်စ်က “ရာသီအကြို ပွဲတွေအားလုံးမှာ ဒေးဗစ် ပါပါတယ်။ ကျန်းမာရေးလည်း ကောင်းပါတယ်။ သူက ကျန်တဲ့သူတွေကို စိတ်ဓါတ်မြှင့်တင် ပေးနိုင်ပါ တယ်” လို့ ပြောပါတယ်။

အင်္ဂလန်မန်နေဂျာဟောင်းနဲ့ လက်ရှိ မန်စီးတီး မန်နေဂျာ အဲရစ်ဆင်က “ဒေးဗစ် အရွေးခံရလို့ ကျနော် အရမ်း ပျော်ပါတယ်။ သူ့ရဲ့ ခြေစွမ်းက လက်ရွေးစင်ပွဲ (၁၀၀)ပြည့်ဖို့ ထိုက်တန်တာကို ကျနော် အမြဲပြောခဲ့ပါတယ်” လို့ ထုတ်ဖော်ပါတယ်။

လက်ရွေးစင် လူစာရင်းမှာ အရွေးချယ် ခံရတာနဲ့ ပက်သက်လို့ အာစင်နယ်ရဲ့ ဆယ်ကျော် သက် ၀ါးကော့လ်က “ကျနော့်ရဲ့ (၁၉)နှစ်မြောက် မွေးနေ့ကို တနင်္ဂနွေနေ့ကျရင် လုပ်ဖို့ စီစဉ် ထားပါတယ်။ ဒါဟာ ကျနော်အတွက် မွေးနေ့ လက်ဆောင်ပါပဲ” လို့ ပြောပါတယ်။

နည်းပြ ကာပယ်လိုအနေနဲ့ ပြင်သစ်နဲ့ပွဲမှာ ဘယ်သူ့ကို အသင်းခေါင်းဆောင်ရာထူးကို ပေးမလဲ ဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

လီဗာပူးကွင်းလယ်လူ စတီဗင် ဂျရတ်ကတော့ ဆွစ်ဇာလန်နဲ့ ခြေစမ်းပွဲတုန်းက ဂျွန်တယ်ရီ နာ နေလို့ ယာယီအသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခြင်း ခံထား ရပါတယ်။

အင်္ဂလန်အသင်းရဲ့ နောက်ဆုံး (၂၃)ယောက် လူစာရင်းကို မနက်ဖြန်ညမှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

အင်္ဂလန်ရဲ့ ပဏာမ လူစာရင်း -

ဂိုး - ဒေးဗစ် ဂျိမ်းစ် (ပို့စ်မောက်)၊ ကာဆန် (ဗီလာ)၊ ကစ်ကလန် (၀ီဂန်)

နောက်တန်း - ဘရစ်ချပ် (ချဲလ်ဆီး)၊ ဘရောင်း (မန်ယူ)၊ လက်စ်ကော့ (အဲဗာတန်)၊ ဖာဒီနန်
(မန်ယူ)၊ ၀ီလ်တာ (မစ်ဒယ်ဘရော့)၊ ၀ုဂိတ် (တော့တင်ဟမ်)၊ အက်ပ်စွန် (၀က်စ်ဟမ်း)

ကွင်းလယ် - ဘာရီ (ဗီလာ)၊ ရောင်း (ဗီလာ)၊ ဘန်လေ (ဘလက်ဘန်း)၊ ဂျိုးကိုးလ် (ချဲလ်ဆီး)၊ လမ်းပတ် (ချဲလ်ဆီး)၊ ၀ိုက်ဖိလစ်စ် (ချဲလ်ဆီး)၊ ဘက်ဟမ်း (ဂလက်စီ)၊ ဂျရတ် (လီဗာပူး)၊ ဟာ့ဂဗေး (မန်ယူ)၊ ဒေါင်းနင်း (မစ်ဒယ်ဘရော့)၊ ဂျီနပ်စ် (တော့တင်ဟမ်)

ရှေ့တန်း - ၀ါးကော့လ် (အာစင်နယ်)၊ အဘွန်လဟာ (ဗီလာ)၊ ခရောက်ချပ် (လီဗာပူး)၊ ရွန်နီ (မန်ယူ)၊ အိုဝင် (နယူးကာဆယ်)၊ ဒီဖိုး (ပို့စ်မောက်)


ဒေးဗစ်ဘက်ဟမ်း