ကြံ့ခိုင်မှုပြည့်ဝပြီး အကောင်းဆုံး အနေအထားမှာ ရှိတာနဲ့ ဒေးဗစ်ဘက်ဟမ်းရဲ့ လက်ရွေးစင်ပွဲ (၁၀၀)ပြည့်ချင်တဲ့ ဆန္ဒတွေ အကောင်အထည် ပေါ်လာမှာဖြစ်ကြောင်း နည်းပြကာပယ်လိုက အင်္ဂလန်ပရိတ်သတ်တွေကို မနေ့က ပြောပါတယ်။
“ရီရဲလ်မှာတုန်းက ဘက်ဟမ်း ကစားတာ အရမ်းကောင်းမှန်း ကျနော် သိပါတယ်။ ဒေးဗစ် ပွဲ (၁၀၀)ပြည့် ကစားနိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်” လို့ ကာပယ်လိုက ပြောပါတယ်။
“တကယ်လို့ သူ ကြံခိုင်မှုပြည့်ဝပြီး အကောင်းဆုံးပုံစံကို ရနေရင် ပွဲ (၁၀၀)ပြည့်ပါလိမ့်မယ်”
ဘက်ဟမ်းဟာ ကာပယ်လိုရဲ့ ဆွစ်ဇာလန်နဲ့ ၀င်ဘလေမှာ ကစားတဲ့ ခြေစမ်းပွဲတုန်းက ကြံ့ ခိုင်မှု မပြည့်ဝသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အင်္ဂလန်အသင်းရဲ့ လူစားရင်းကနေ ချန် ထားခြင်း ခံထားရပါတယ်။
ကာပယ်လိုက သူနဲ့ သူ့လက်ထောက်တို့ဟာ ဒီလထဲမှာ အမေရိကားကိုသွားပြီး ဘက်ဟမ်းရဲ့ မေဂျာလိဂ်မှာ ကစားနေတဲ့ အနေအထားကို သွားရောက် ကြည့်ရှု့မှာ ဖြစ်ကြောင်း ပြောထား ပါတယ်။
“သူ့ရဲ့ နောက်ဆုံး အင်တာဗျုးနဲ့ ပက်သက်လို့ ကျနော် နားလည်ပါတယ်။ သူ့ရဲ့ ကြံ့ခိုင်မှုက မကောင်းသေးပါဘူး။ ကျနော် သူ့ကို ဖုန်းဆက်ဖို့ ရှိပါတယ်။ အကြောင်းကတော့ သူ့ရဲ့ တွေး တောချက်တွေကို သိရှိနိုင်ဖို့ပါ”
“လော့စ်အိန်ဂျလိအသင်းက လာမယ့် (၁၄)ရက်နေ့မှာ ဒါးလပ်စ်မှာ ကစားဖို့ ရှိပါတယ်။ ကျ နော်နဲ့ ကျနော့်လက်ထောက် ဖရန်ကိုတို့ အဲဒီပွဲကိုသွားပြီး ကြည့်ဖို့ ရှိပါတယ်”
အင်္ဂလန်ဟာ (၂၆)ရက်နေ့မှာ ပြင်သစ်နဲ့ ပဲရစ်မှာ ခြေစမ်းပွဲ ကစားရဖို့ ရှိနေပြီး မေလနဲ့ ဇွန်လ အတွင်းမှာလည်း အမေရိကန်၊ ထရီနီဒက် တိုဘာဂိုတို့နဲ့ ထပ်မံ ခြေစမ်းမှာ ဖြစ်ပါတယ်။
၂၀၁၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်တာတွေနဲ့ ပက်သက်လို့ ကာပယ်လိုက “ခြေစစ်ပွဲတွေမှာ ဦးဆောင် ကစားဖို့အတွက် အသင်းရဲ့ ခေါင်းဆောင်ကို ရွေးရတာ တော် တော် အရေးကြီးပါတယ်။ ကျနော့်ကတော့ ကစားသမားတစ်ယောက်အနေနဲ့တင် ကြည့်မှာ မ ဟုတ်ပါဘူး။ လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ပါ ကြည့်ပြီး ရွေးမှာပါ” လို့ ထပ်ပြောပါတယ်။
၎င်းက ဆက်လက်ပြီး “အားလုံး အတုယူစရာ ဖြစ်ဖို့အတွက် အသင်းခေါင်းဆောင်က ကစား သမားကောင်းတစ်ယောက် ဖြစ်ရပါမယ်။ ပုဂ္ဂိုလ်ရေးအရလည်း လူကောင်းတစ်ယောက် ဖြစ်ဖို့ လိုပါတယ်။ အချိန်တိုင်းမှာ သူက အင်္ဂလန်အသင်းကို ကိုယ်စားပြုတဲ့သူ ဖြစ်ရပါမယ်” လို့ ပြောပါတယ်။ |