ရိုးမားတိုက်စစ်မှူး ဖရန်ဆက်စကို တောတီဟာ ဒဏ်ရာကြောင့် မနက်ဖြန်ည မန်ယူနဲ့ ကစားမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲမှာ ပါဝင်ဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေပါတယ်။
ဒီနှစ်ရာသီအတွင်း ရိုးမားအတွက် သွင်းဂိုး (၁၄)ဂိုးနဲ့ ဂိုးသွင်း အများဆုံးသူ ဖြစ်နေတဲ့ တောတီဟာ စနေနေ့က ကယ်လီဂါရီနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျတဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာ ရရှိခဲ့ပါတယ်။
ရိုးမားအသင်းရဲ့ ထုတ်ပြန်ချက်မှာ “တောတီက သူ့ဘယ်ဖက်ပေါင် ဒဏ်ရာက နာကျင်မှု အတွက် စောဒကတက် နေပါတယ်။ သူ့ရဲ့ ကြွက်သားဒဏ်ရာကို စမ်းသပ်မှုတွေ လုပ်ပြီးပါပြီ” လို့ ရေးထားပါတယ်။
“သူ့အနေနဲ့ လာမယ့် ရက်တွေအတွင်းမှာ ဒဏ်ရာ အခြေအနေ သက်သာအောင်လို့ အနား ယူရမှာ ဖြစ်ပါတယ်”
အီတလီတိုက်စစ်မှူး တောတီဟာ မနှစ်က ရာသီမှာ သွင်းဂိုး (၂၆)ဂိုးနဲ့ ဥရောပရဲ့ ဂိုးသွင်း အများဆုံးဆုဖြစ်တဲ့ ရွှေဖိနပ်ဆုကို ရရှိခဲ့ပါတယ်။
|

ရိုးမားအသင်းခေါင်းဆောင် တော့တီ
|