ရိုးမားနည်းပြ လူစီရာနို စပါလက်တီက မန်ယူကို မနှစ်က ဂိုးပြတ်နဲ့ ရှုံးထားတဲ့ ရှုံးကြွေးကို မနက်ဖြန်ည ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲမှာ ပြန်ဆပ်ဖို့ ဆန္ဒပြင်းပြ နေပါတယ်။
အီတလီကလပ်ဟာ မနှစ်ကရာသီ အိုးထရက်ဖို့ဒ်မှာ မန်ယူကို (၇ - ၁)နဲ့ စံချိန်တင် ရှုံးခဲ့လို့ ရိုးမားသမိုင်းနဲ့ ကစားသမားတွေရဲ့ စိတ်ထဲမှာ ဒဏ်ရာတစ်ခုအဖြစ် မေ့မရနိုင်ဘဲ ကျန်ရှိ နေပါတယ်။
ရိုးမားနည်းပြ စပါလက်တီက “ဒီအဆင့်မှာ မန်ယူနဲ့ ရင်ဆိုင်ရမယ် ဆိုတာကို ကြားလိုက်ရတဲ့ အချိန်မှာ ဂလက်စား ချေနိုင်တော့မယ်လို့ ကျနော့်လက်ကို လေထဲဆန့်ပြီး ကြွေးကြော် ခဲ့ပါ တယ်” လို့ ထုတ်ဖော်ပါတယ်။
“နောက်ဆုံးမှာ ကျနော်တို့အတွက် လက်စားချေဖို့ အခွင့်အရ ရခဲ့ပါပြီ။ ဒါဟာ မနှစ်က သမိုင်း ကြွေးကို ပြန်ဆပ်ဖို့ ကျနော်တို့အတွက် ပြီးပြည့်စုံတဲ့ အခွင့်အရေးပါပဲ”
ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာတုန်းကလည်း တစ်အုပ်စုတည်းကျတဲ့ ဒီနှစ်သင်းဟာ အိုးထရက်ဖို့ဒ် မှာတုန်းက မန်ယူက တစ်ဂိုးဂိုး မရှိနဲ့ အနိုင်ရပြီး အီတလီမှာမြေမှာတော့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျ ထားပါတယ်။
အသင်းမှာ အဓိက အားထားနေရတဲ့ အသင်းခေါင်းဆောင် တောတီကတော့ ပေါင်ခြံဒဏ်ရာကြောင့် မနက်ဖြန် မန်ယူနဲ့ပွဲမှာ ပါဝင်ဖို့ မသေချာတဲ့ အနေအထားမှာ ရှိပါတယ်။
|