DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
ဝါရင့်ကွင်းလယ်သမား ပီရက်စ်နဲ့ ဗီလာရီရဲလ်တို့ စာချုပ်သက်တမ်း ထပ်တိုး
အေအက်ပီ - မတ်လ ၂၈၊ ၂၀၀၈

အာစင်နယ် ကစားသမားဟောင်း ရောဘတ် ပီရက်စ်က စပိန်ကလပ် ဗီလာရီရဲလ်နဲ့ နောက်ထပ် စာချုပ်သက်တမ်း တစ်နှစ်ထပ်တိုးဖို့ နှစ်ဖက် သဘောတူခဲ့ပါတယ်။

အသက် (၃၄)နှစ်ရှိ ပီရက်စ်ရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ လာမယ့် ဇွန်မှာ ကုန်ဆုံးမှာဖြစ်ပြီး တစ်နှစ်သက်တမ်း တိုးနိုင်လို့ ၂၀၀၉ ရာသီအကုန်အထိ ဗီလာရီရဲလ်မှာ ရှိနေမှာ ဖြစ်ပါတယ်။

ကွင်းလယ်လူ ပီရက်စ်ဟာ ၁၉၉၈ ကမ္ဘာ့ဖလားနဲ့ ယူရို ၂၀၀၀ ပြိုင်ပွဲတွေမှာ ပြင်သစ် လက်ရွေး စင်အသင်း ချန်ပီယံဖြစ်တုန်းက အဓိကနေရာကနေ ပါဝင် ကစားပေး ခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်ဟောင်းဟာ မေ ၂၀၀၆မှာ အာစင်နယ်ကနေ ဗီလာရီရဲလ်ကို ပြောင်းရွေ့ ပြီး ပထမရာသီမှာပဲ ဒဏ်ရာကြောင့် မကစားနိုင်ဘဲ ဖြစ်ခဲ့ပါတယ်။

သူဟာ ဒီနှစ်ရာသီအတွင်းမှာ အမြင့်ဆုံးခြေစွမ်း ရနေပြီး ဗီလာရီရဲလ်ကို ရီရဲလ်ကမက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့နောက် အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရပ်တည်နိုင်အောင် ကူညီနိုင် ခဲ့ပါတယ်။

ဗီလာရီရဲလ်ကွင်းလယ်လူက “ငွေက ကျနော့်အတွက် အဓိက သိပ်မကျပါဘူး။ ကျနော့်အတွက် အဓိကျတာက မိသားစုနဲ့အတူ ဒီမှာနေရတာ နှစ်တွေမှာ သက်တောင့်သက်သာရှိဖို့ပါ” လို့ ပြောပါတယ်။

သူဟာ အသင်းဟောင်း အာစင်နယ်အတွက် (၁၈၉)ပွဲမှာ (၆၂)ဂိုး၊ ပြင်သစ်နဲ့ (၇၉)ပွဲမှာ (၁၄)ဂိုးနဲ့ ဗီလာရီရဲလ်အတွက် ပွဲ (၃၀)မှာ (၅)ဂိုး သွင်းပေး ထားပါတယ်။


အာစင်နယ်ကွင်းလယ်လူဟောင်း ပီရက်စ်