DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
အကြပ်အတည်းတွေနဲ့ ရီရဲလ် ရင်ဆိုင်နေရတယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ရော်ဘင် ငြင်းဆို
အေအက်ဖ်ပီ - မတ်လ ၂၅၊ ၂၀၀၈

ရီရဲလ်မက်ဒရစ်ဟာ စနေနေ့က ပွဲစဉ်မှာ တစ်ပတ်ကျော်အတွင်း ဒုတိယမြောက် ရှုံးပွဲတွေ့သွားလို့ အသင်းမှာ အကြပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့ ဆိုတဲ့ယူဆချက်တွေကို တောင်ပံလူ အာဂျန် ရော်ဘင်က ငြင်းဆိုသွားပါတယ်။

အသက် (၂၄)နှစ်အရွယ် ရော်ဘင်က “ဒီအရှုံးက ကျနော်တို့အတွက် စိတ်ပျက်စရာပါပဲ။ ဒါပေ မယ့် ကျနော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ အသင်းမှာ အကြပ်အတည်းတွေ မရှိဘူး လို့ ထင်ပါတယ်။ နောက်ပွဲတွေမှာ အနိုင်ယူနိုင်လောက်အောင် ကျနော်တို့အသင်း တော့တင်း ပါတယ်” လို့ တင်္နလာနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

လက်ရှိ ချန်ပီယံ ရီရဲလ်ဟာ ဗယ်လန်စီယာကို အိမ်ကွင်းမှာ (၃ - ၂)နဲ့ ရှုံးသွားပေမယ့် အနီး ကပ်ဆုံး ပြိုင်ဖက် ဘာစီလိုနာကိုတော့ အခုအချိန်အထိ (၄)မှတ် ဖြတ်ထား နိုင်ပါတယ်။

အခုရှုံးပွဲဟာ ရီရဲလ်အတွက် ဒီရာသီအတွင်း (၅)ပွဲမြောက် ရှုံးပွဲ ဖြစ်ပါတယ်။

ရီရဲလ်ဟာ ရာသီအစပိုင်း သြဂုတ်ကနေ ဒီဇင်ဘာအတွင်းမှာ ဒုတိယနေရာ ဘာစီလိုနာကို (၉)မှတ်အထိ ဖြတ်ထားပြီး ထိပ်ဆုံးကနေ ဦးဆောင်နိုင် ခဲ့ပါတယ်။

တတိယနေရာက (၅၆)မှတ်နဲ့ ကပ်လိုက်လာတဲ့ ဗီလာရီရဲလ်က အခုဆိုရင် ထိပ်ဆုံးက ရီရဲလ်နဲ့ (၆)မှတ်ပဲ ကွာပါတော့တယ်။


ရီရဲလ်တောင်ပံလူ အာဂျန်ရော်ဘင်