ဘာစီလိုနာမှာ ပုံမှန် တစ်နေရာတည်း ကစားခွင့် မရပေမယ့်လည်း အာစင်နယ်ကို စွန့်ခွာလာတဲ့အတွက် နောင်တမရမိကြောင်း သီရာရီ ဟင်နရီက ပြောပါတယ်။
အသက် (၃၀)အရွယ် တိုက်စစ်မှူးဟာ ဒီနှစ်ရာသီအတွင်းမှာ ပုံမှန် ကစားနေကျ နေရာမဟုတ်ဘဲ ဘာစီလိုနာရဲ့ ကွင်းလယ် ဘယ်အခြမ်းမှာ ကစားနေရပြီး (၁၃)ဂိုး သွင်းထားပါတယ်။
ဟင်နရီက “ဒါက ကျနော့်အတွက် ထူးခြားတဲ့ အတွေ့အကြုံပါပဲ။ အဲဒီအတွက် ကျနော် ပျော်ပါ တယ်” လို့ ပြောပါတယ်။
“ကျနာ် ဒီကို ပြောင်းလာတဲ့အတွက် နောင်တ မရပါဘူး။ ဒီမှာ ကျနော် အရန်ထိုင်ခုံပေါ်မှာ ထိုင်ရတာ (၃)ခါ ရှိသွားပါပြီး။ တစ်ကြိမ်ကတော့ အနားယူဖို့ အတွက်ပါ”
“ကျနော် လာလီဂါမှာ သွင်းတာ (၇)ဂိုး ရှိသွားပါပြီ။ ချန်ပီယံလိဂ်နဲ့ လိဂ်ဖလားမှာတော့ (၃)ဂိုးစီ သွင်းထားပါတယ်”
အာစင်နယ်တိုက်စစ်မှူးဟောင်းက “လန်ဒန်ကို ကျနော် ချစ်တာက ဘာမှ မမှားဘူးလို့ ထင်ပါ တယ်။ ဒါပေမယ့် ဘာစီလိုနာကိုလည်း ချစ်ပါတယ်။ ဒီက ရာသီဥတုနဲ့ အစားအသောက် တွေက အံ့သြစရာ ကောင်းလောင်အောင် ကောင်းပါတယ်” လို့ ပြောပါတယ်။
ပြင်သစ်တိုက်စစ်မှူးက “ကျနော်တို့ အခု ဒုတိယနေရာမှာ ရှိပေမယ့် ရီရဲလ်ကို အမှီ လိုက်နိုင် တဲ့ အနေအထားမှာ ရှိနေပါသေးတယ်” လို့ ထပ်ပြောပါတယ်။
ဘာစီလိုနာဟာ လောလောဆယ် လာလီဂါ အမှတ်ပေးဇယားမှာ ထိပ်ဆုံးက ရီရဲလ်မက်ဒရစ်နဲ့ (၇)မှတ်ကွာပြီး ဒုတိယနေရာမှာ ရှိနေပါတယ်။ |