DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
ပွဲ (၁၀၀)ပြည့်ဖို့ ဇွဲမလျော့သေးကြောင်း ကြံ့ခိုင်မှု ပြည့်လာတဲ့ ဘက်ဟမ်း ထပ်မံ နိုးဆော်
အေအက်ဖ်ပီ - ဖေဖေါ်ဝါရီ ၂၇၊ ၂၀၀၈

လက်ရွေးစင်ပွဲ (၁၀၀)ပြည့်ဖို့ ဇွဲမလျောသေးတဲ့ ဒေးဗစ်ဘက်ဟမ်းက အင်္ဂလန်အတွက် အစွမ်းပြဖို့ ကြံ့ခိုင်မှု ပြည့်ဝနေပြီလို့ ဒီကနေ့ အသိပေးလိုက်ပါတယ်။

အင်္ဂလန်နည်းပြ ကာပယ်လိုဟာ ဒီလအစောပိုင်းမှာ ဆွစ်ဇာလန်နဲ့ ကစားတဲ့ ခြေစမ်းပွဲမှာ ကြံ့ခိုင်မှု မပြည့်ဝသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဘက်ဟမ်းကို မသုံးဘဲ ချန်ထားခဲ့ပါတယ်။

အခုအခါမှာ ဘက်ဟမ်းက မတ်လ (၂၆)ရက်နေ့မှာ ပြင်သစ်နဲ့ ကစားမယ့် ခြေစမ်းပွဲမှာ အင်္ဂလန်အတွက် ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်နေပါတယ်။

အသက် (၃၂)နှစ်အရွယ် ကွင်းလယ်လူက “ကျနော့် နိုင်ငံအတွက် ပွဲ (၁၀၀)ပြည့် ချင်ပါတယ်။ လက်ရွေးစင်အသင်းမှာ ပါဝင်ဖို့ ရုပ်ပိုင်းဆိုင်ရာအရ ကျနော် အဆင်သင့် ဖြစ်နေပါပြီ” လို့ အယ်လ်အေဂလက်စီရဲ့ လေ့ကျင့်ရေးကွင်းမှာ ပြောပါတယ်။

“ကြံ့ခိုင်မှုအတွက် လေ့ကျင့်ရေးတွေ အကုန် လုပ်ပြီးပါပြီ။ ကျနော် သူ့အတွက် အရင်တုန်း ကလည်း ကစားပေး ဖူးပါတယ်။ သူက ထူးချွန်တဲ့ နည်းပြတစ်ယောက်ပါ” လို့ အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်းက ပြောပါတယ်။

တကယ်လို့ ဘက်ဟမ်း လက်ရွေးစင်ပွဲ (၁၀၀)ပြည့်ခဲ့ရင် ဗြိတိန်မှာ ပွဲရာပြည့် ကစားနိုင်တဲ့ ပဉ္စမမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

နည်းပြ ကာပယ်လိုကတော့ သူ့ရဲ့ အစီအစဉ်တွေထဲမှာ ဘက်ဟမ်း ပါတဲ့အကြောင်းကို အာမခံပြောဆိုခဲ့ပြီး ကြံ့ခိုင်မှု ပြည့်ဝရေးကို ဇောင်းပေးဖို့သာ တိုက်တွန်းပါတယ်။


လော့စ်အိန်ဂျလိ ကလပ်ကို ရောက်ရှိလာတဲ့ ဘက်ဟမ်း