လူစ်စ် အားဂိုးနက်စ်အနေနဲ့ လာမယ့် ယူရို ၂၀၀၈ မတိုင်မီအထိ စပိန်နည်းပြအဖြစ်နဲ့ ရှိနေမှာ ဖြစ်ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ်က မနေ့က ကြေညာပါတယ်။
စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ အခုကြေညာချက်ကြောင့် ယူရိုချန်ပီယံရှစ်ပြိုင်ပွဲ မတိုင်မီ နည်းပြ အဖြစ်ကနေ အားဂိုးနက်စ် နူတ်ထွက်တော့မယ် ဆိုတဲ့ သတင်းတွေကို အဆုံးသတ်လိုက်နိုင်ပြီ ဖြစ်ပါတယ်။
ဥက္ကဌ အယ်ဂျဲ မာရီရာ ဗယ်လာက အသက် (၆၉)နှစ်အရွယ် နည်းပြနဲ့ မနေ့က တွေ့ဆုံအပြီးမှာ “ကျနော်တို့ နည်းပြကို ယုံကြည်မှုအပြည့်နဲ့ အားပေးသွားမှာပါ။ ယူရို ချန်ပီယံရှစ်ပြိုင်ပွဲ မတိုင် မီအထိ သူ ဆက်လုပ်သွားမှာပါ” လို့ ပြောပါတယ်။
စပိန်ကလာတဲ့ သတင်းတွေက ဘောလုံးအဖွဲ့ချုပ်ဟာ ရီရဲလ်တိုက်စစ်မှူးကို လက်ရွေးစင် အ သင်းမှာ ရွေးချယ်ဖို့ နည်းပြဖြစ်သူကို ဖိအားပေးနေတယ်လို့ ဆိုပါတယ်။
အားဂိုးနက်စ်ဟာ ၂၀၀၆ စက်တင်ဘာကတည်းက တိုက်စစ်မှူး ရာအူးလ်ကို လက်ရွေးစင် အသင်းအတွက် ခေါ်ယူခြင်း မရှိတော့ပါဘူး။
စပိန်နည်းပြနေရာကို သိမ်းပိုက်ဖို့ လောလောဆယ် ဘင်နီဖီကာမှာ နည်းပြလုပ်နေတဲ့ ရီရဲလ်နဲ့ လက်ရွေးစင်နည်းပြဟောင်း ဘော့စ်ကွတ်က ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ |