လက်ရှိချန်ပီယံ အီဂျစ်ဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ အာဖရိကဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ ကင်မရွန်းကို တစ်ဂိုးဂိုးမရှိ အနိုင်ရပြီး (၆)ကြိမ်မြောက် စံချိန်တင် ချန်ပီယံဆုကို ဆွတ်ခူးသွားပါတယ်။
အီဂျစ်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို (၇၇)မိနစ်မှာ မိုဟာမက် အဘောထရီကာက ကင်းမ ရွန်းနောက်ခံလူ ဆောင်းရဲ့ အမှားကနေ ကန်သွင်းယူခဲ့ခြင်း ဖြစ်ပါတယ်။
အာဖရိကဖလားကို (၅)ကြိမ်အထိ ရဖူးထားတဲ့ ကင်းမရွန်းကလည်း ဗိုလ်လုပွဲမှာ (၆)ကြိမ် မြောက် ချန်ပီယံဖြစ်အောင် ကြိုးစားသွား ခဲ့ပါတယ်။
ဒီအောင်ပွဲဟာ အီဂျစ်နည်းပြ ဟက်စ်ဆန် ရှီဟာတာအတွက် အာဖရိကဖလားပြိုင်ပွဲမှာ နှစ်ကြိမ် မြောက် အနိုင်ရတဲ့ ပထမဆုံး နည်းပြ ဖြစ်စေပါတယ်။
အနိုင်ဂိုးသွင်းပေးတဲ့ အဘောထရီကာက “၂၀၀၆ ဗိုလ်လုပွဲမှာတုန်းကလည်း နောက်ဆုံး ပင်နယ်တီကနေ ကျနော် ဂိုးသွင်းပြီး ချန်ပီယံဖြစ်ခဲ့တာကို မမေ့ပါနဲ့။ ဒီနေ့မှာလည်း ကျနော် ဂိုးထပ်သွင်းပြီး ဒုတိယအကြိမ် ချန်ပီယံ ဖြစ်ပါပြီ” လို့ ပြောပါတယ်။
“အခုအခါမှာ ကျနော်တို့ရဲ့ အကောင်းဆုံးပုံစံကို ဆက်ထိန်းပြီး ၂၀၁၀ ကမ္ဘာ့ဖလားမှာ ခြေစစ်ပွဲ အောင်ဖို့ ကြိုးစားသွား ရမှာပါ”
အီဂျစ်ဟာ ၁၉၅၇၊ ၁၉၅၉၊ ၁၉၈၆၊ ၁၉၉၈နဲ့ ၂၀၀၆ တို့မှာ အာဖရိကဖလား ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ |

အီဂျစ်အသင်းခေါင်းဆောင် အာမက် ဟက်စ်ဆန်က ချန်ပီယံဆုကြီးကို ကိုင်မြှောက်နေစဉ်
|