ဆွစ်ဇာလန်နဲ့ ခြေစမ်းပွဲမှာ မိုက်ကယ်အိုဝင်ကို မသုံးတဲ့ ဆုံးဖြတ်ချက်ဟာ သူ့ရဲ့ လက်ရွေးစင် ကစားသမားဘ၀ကို အဆုံးသတ်ဖို့ အချက်ပြတာ မဟုတ်ကြောင်း နည်းပြ ကာပယ်လိုက အ ခိုင်အမာ ပြောပါတယ်။
ကာပယ်လိုဟာ အင်္ဂလန်က ၀င်ဘလေးကွင်းမှာ ဆွစ်ဇာလန်ကို (၂- ၁)နဲ့ အနိုင်ရတဲ့ပွဲမှာ အိုဝင်ကို အရန်ထိုင်ခုံမှာပဲ ထိုင်ခိုင်း ထားပါတယ်။
“ဒီလိုထိုင်ခိုင်းထားတာက ကျနော့် ကြိုက်လို့ မကြိုက်လို့ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ ဘာမှ မရှိပါဘူး။ အိုဝင်က အတွေ့အကြုံရင်တဲ့ တိုက်စစ်မှူးဆိုတာကို ကျနော် သိပါတယ်။ အရင်တုန်းက အောင်မြင်ခဲ့သလို သူ့ရဲ့ ကစားသမားဘ၀ကို ဆက်ပြီး အောင်မြင်ဖို့ လိုပါတယ်” လို့ အီတလီသားနည်းပြက ရှင်းပါတယ်။
“ကျနော့်ရဲ့ အနာဂတ် အစီအစဉ်ထဲမှာ သူက ပါပါတယ်။ ဒါပေမယ့် အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး”
အင်္ဂလန်အသင်းမှာ လွန်ခဲ့တဲ့ (၁၀)နှစ်အတွင်း နည်းပြလုပ်ခဲ့တဲ့ မန်နေဂျာတိုင်းက သူတို့ရဲ့ ဦး စားပေး ကစားသမားစာရင်းမှာ တိုက်စစ်မှူး အိုဝင်ကို အမြဲတမ်း ရွေးချယ်လေ့ ရှိပါတယ်။
အိုဝင်အနေနဲ့ ကာပယ်လိုရဲ့ လက်ထက်ကျမှ ပထမဆုံး ချန်ထားခဲ့ရခြင်း ဖြစ်ပါတယ်။
ကာပယ်လိုရဲ့ အင်္ဂလန်အသင်းဟာ လာမယ့် စက်တင်ဘာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မတိုင်မီ ဒုတိ ယခြေစမ်းပွဲအဖြစ် မတ်လ (၂၆)ရက်နေ့မှာ ပြင်သစ်နဲ့ ကစားရဖို့ ရှိပါတယ်။
အင်္ဂလန်ဟာ စက်တင်ဘာမှာ စတင်မယ့် ၂၀၁၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲရဲ့ ပွဲဦးထွက်မှာ အင်ဒိုရာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ |

အင်္ဂလန်အသင်း ကစားပုံကို အရန်ထိုင်ခုံပေါ်က အိုဝင် မျှော်ကြည့်နေစဉ်
|