DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
ပွဲဦးထွက် နိုင်ပွဲရတဲ့ နည်းပြသစ်က အင်္ဂလန် ကစားသမား (၈)ဦးအထိ အပြောင်းအလဲ လုပ်ခဲ့
အေဂျင်စီသတင်းများ - ဖေဖေါ်ဝါရီ ၇၊ ၂၀၀၈

နည်းပြသစ် ဖာဘီယို ကာပယ်လိုရဲ့ အင်္ဂလန်အသင်းဟာ ၀င်ဘလေကွင်းမှာ ယူရို၂၀၀၈ အိမ်ရှင် ဆွစ်ဇာလန်နဲ့ ခြေစမ်းတဲ့ပွဲမှာ နိုင်ပွဲနဲ့ ပွဲထွက်လာပါတယ်။

ကာပယ်လိုဟာ ကစားကွက်ကို (၄၊ ၅၊ ၁)ပုံစံ ချခဲ့ပြီး အင်္ဂလန်ဟာ ပွဲအစမှာ အထနှေး ခဲ့ပါတယ်။

အဖွင့်ဂိုးကို ဂျိုးကိုးလ်ရဲ့ ဖြတ်တင်ဘောကနေ ကွင်းလယ်လူ ဂျီးနပ်စ်က မိနစ် (၄၀)မှာ သွင်းယူ ခဲ့ခြင်း ဖြစ်ပါတယ်။

ဆွစ်ဇာလန်အတွက် ချေပဂိုးကို ဒါဒီရော့က ဒုတိယပိုင်း (၅၈)မိနစ်မှာ သွင်းပါတယ်။

အသင်းခေါင်းဆောင် စတီဗင်ဂျရတ်ရဲ့ ဆင်ပေးတဲ့ ဘောကနေ အင်္ဂလန်အတွက် အနိုင်ဂိုးကို (၆၂)မိနစ်မှာ ရှောင်ဝိုက်ဖိလစ်စ်က သွင်းယူခဲ့ပါတယ်။

ပွဲဦးထွက် အနိုင်ရသွားလို့ နည်းပြသစ် ကာပယ်လိုအတွက် မျက်နှာပန်း လှသွားပါတယ်။

ဒီပွဲမှာ သူဟာ မနှစ်က ပုံစံနဲ့မတူဘဲ ကစားသမား (၈)ယောက်အထိ အပြောင်းအလဲ ပြုလုပ် ခဲ့ပါ တယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ ခရိုအေးရှားနဲ့ ပွဲတုန်းက အသုံးပြုခဲ့တဲ့ နောက်တန်းက ရစ်ချပ်စ်၊ ဆိုး ကင်းဘဲလ်၊ လက်စကော့နဲ့ ၀ိန်းဘရစ်ချပ်တို့ (၄)ယောက်စလုံး မနေ့ညကပွဲမှာ ချန်ထားခြင်း ခံရ ပါတယ်။

သူတို့ရဲ့ နေရာမှာ ၀က်စ်ဘရောင်း၊ မက်သယူး အက်ပ်စွန်၊ ဖာဒီနန်နဲ့ အက်ရှ်လေ ကိုးလ်တို့ကို အသုံးပြု ခဲ့ပါတယ်။

သူ့ကစားသမားတွေနဲ့ ပက်သက်လို့ ကာပယ်လိုက “သူတို့ ကစားတာ ကောင်းပါတယ်။ အခွင့် အရေးတွေ အများကြီး ဖန်တီး နိုင်ခဲ့ပါတယ်။ ပထမအစမှာတော့ သူတို့ နည်းနည်း လန့်နေ ပါတယ်။ အကြောင်းကတော့ ၀င်ဘလေမှာ ကစားရတာ ဖိအားတွေ ရှိနေလို့ပါ” လို့ ပြောပါ တယ်။

“သေချာတာ တစ်ခုကတော့ ဒီထက်ပိုပြီး တိုးတက်ဖို့ လိုပါတယ်။ အခွင့်အရေး ရသလောက်တော့ သူတို့ ဂိုးမသွင်း နိုင်ပါဘူး။ အမှားအယွင်းလည်း သိပ်အများကြီး မရှိပါဘူး”

သူဟာ တိုက်စစ်မှူး မိုက်ကယ်အိုဝင်နဲ့ ဒီဖိုးတို့ကို ထည့်မသုံးဘဲ အရန်ထိုင်ခုံမှာ ထိုင်ခိုင်း ထားပြီး အိုဝင်ဟာ့ဂဗေးကိုလည်း ဒုတိယပိုင်း (၇၃)မိနစ်ကျမှ လူစား ၀င်ခိုင်း ခဲ့ပါတယ်။


အင်္ဂလန်အသင်း ကစားပုံကို ကာပယ်လို ကြီးကြပ်နေစဉ်