ဖာဘီယို ကာပယ်လိုအနေနဲ့ ဒေးဗစ် ဘက်ဟမ်းကို ပွဲ (၁၀၀)ပြည့် ကစားနိုင်ဖို့ အခွင့်အရေးပေးပြီးမှ နောက်ပွဲတွေမှာ မရွေးတော့ဘဲ ထားသင့်ကြောင်း အလန်ရှီးယားက ထင်မြင်ယူဆ နေပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ရှီးယားက “တကယ်လို့ ကျနော်သာ ဘက်ဟမ်း ဖြစ်ခဲ့ ရင် ကာပယ်လိုကို ဖုန်းဆက်ပြီး ပြောမှာပါ။ ကျနော့်ကို (၅)မိနစ် (၁၀)မိနစ်လောက် ကစား ခွင့်ပြုဖို့ ပြောမှာပါ။ ပွဲ (၁၀၀)ပြည့်ပြီးရင်တော့ ကိုယ့်လမ်းကိုယ်လျှောက် တော့မှာပါ” လို့ ပြော ပါတယ်။
“သူ့အနေနဲ့ လက်ရွေးစင်အသင်းကနေ အနားယူ သင့်ပါတယ်။ အကြောင်းကတော့ ဒီမှာ ဘန်တလေနဲ့ လီနွန်တို့လို လူငယ်ခြေတက် ကစားသမားတွေ အများကြီး ရှိနေပါတယ်”
၎င်းက ဆက်လက်ပြီး “သူတို့က လွန်ခဲ့တဲ့ (၇)နှစ် (၈)နှစ်လောက်က ဘက်ဟမ်း ခြေမျိုး လောက်တော့ မကောင်း နိုင်ပါဘူး။ ဒါပေမယ့် ဘက်ဟမ်း အခု ဘယ်လို ကစားနေသလဲ ဆိုတာကို ကျနော်တို့ မပြော နိုင်ပါဘူး။ အကြောင်းကတော့ သူက မိုင်ထောင်ချီဝေးတဲ့ နေရာ မှာ ကစားနေလို့ပါ” လို့ ပြောပါတယ်။
အသက် (၃၇)နှစ်အရွယ် နယူးကာဆယ်ကစားသမားဟောင်း ရှီးယားဟာ အင်္ဂလန်အတွက် (၆၃)ပွဲမှာ ဂိုး (၃၀)သွင်းပေးခဲ့ပြီး ယူရို ၂၀၀၀ အပြီးမှာ လက်ရွေးစင်ဘ၀ကနေ အနားယူ ခဲ့ပါတယ်။ |

အင်္ဂလန်နဲ့ နယူးကာဆယ်အသင်းခေါင်းဆောင်ဟောင်း အလန်ရှီးယား
|