ကမ္ဘာ့ချန်ပီယံ အီတလီနဲ့ ဒီညကစားမယ့် ခြေစမ်းပွဲမှာ မွေးနေ့ အမှတ်တရအဖြစ် ဂိုးသွင်း နိုင်အောင် ကြိုးစားသွားမယ်လို့ ပေါ်တူဂီ တောင်ပံသမား စီရော်နယ်ဒိုက ပြောဆို ပါတယ်။
မန်ယူကွင်းလယ်လူရဲ့ အသက်ဟာ မနေ့ကဘဲ(၂၃)နှစ် ပြည့်ခဲ့ပြီး မွေးနေ့ အမှတ်တရ အဖြစ် အီတလီအသင်းဖက်ကို ဂိုးသွင်းခြင်ကြောင်း ၀န်ခံပါတယ်။
စီရော်နယ်ဒိုက “ကျနော့်မွေးနေ့မှာ မိသားစုနဲ့အတူ ရှိနေချင်ပါတယ်။ ဒါပေမယ့် လက်ရွေး စင်အသင်းကလည်း ကျနော့်ရဲ့ ဒုတိယမိသားစုပဲ ဖြစ်ပါတယ်။ အီတလီကို အနိုင်ရရင် အ ကောင်းဆုံးလက်ဆောင်တစ်ခုကို ဖန်တီးနိုင်သလို ဖြစ်မှာပါ။ အထူးသဖြင့် ပေါ်တူဂီဟာ အီတလီကို အနိုင်မရတာ (၃၁)နှစ်လောက် ရှိသွားပါပြီ” လို့ ပြောပါတယ်။
ပေါ်တူဂီနည်းပြ စကိုလာရီက “ကျနော် အီတလီအပေါ်မှာ အနိုင်လိုခြင် ပါတယ်။ သူတို့လို အသင်းကြီးမျိုးကို နိုင်ထားတဲ့ စံချိန်မျိုး ကျနော်တို့မှာ မရှိပါဘူး။ ဒါကို ပြောင်းလဲပစ်နိုင် ရ ပါမယ်” လို့ ပြောပါတယ်။
ရော်နယ်ဒိုရဲ့ မန်ယူအသင်းဟာ ပြီးခဲ့တဲ့အပတ်က တော့တင်ဟမ်နဲ့ သရေကျသွားလို့ အမှတ် ပေးဇယားရဲ့ ထိပ်ကနေ အာစင်နယ်ကို ဖယ်ပေးလိုက် ရပါတယ်။
သူဟာ ဒီနှစ်ရာသီအတွင်းမှာ မန်ယူအတွက် ပရီးမီးယားရှစ် သွင်းဂိုး (၁၉)ဂိုးနဲ့ ဂိုးသွင်း အများဆုံးသူအဖြစ် ရပ်တည်နေပါတယ်။ |

ပေါ်တူဂီလေ့ကျင့်ရေးကွင်းက ရော်နယ်ဒို
|