အင်္ဂလန်နည်းပြသစ် ဖာဘီယို ကာပယ်လိုက ဒီညဆွစ်ဇာလန်နဲ့ ခြေစမ်းပွဲအတွက် စတီဗင် ဂျရတ်ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေး လိုက်ပါတယ်။
ကာပယ်လိုက အသင်းခေါင်းဆောင်လက်ပတ်ကို ဘယ်သူ့ကိုပေးမလဲ ဆိုတာ အပြီးသတ် မဆုံးဖြတ်ရသေးခင် ကာလအတွင်းမှာ လီဗာပူးကွင်းလယ်လူ ဂျရတ်က ယာယီ အသင်း ခေါင်းဆောင်အဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီဟာ ဒဏ်ရာကြောင့် လောလောဆယ် အနားယူ နေရပါတယ်။
“ဂျရတ်က အသင်းအတွက် အရေးကြီးပါတယ်။ အကြောင်းကတော့ သူက ဘောလုံးဖြန့်တဲ့ နေရာမှာ ကြားခံအဖြစ် လုပ်နိုင်ပြီး ကျန်တဲ့ ကစားသမားတွေကိုလည်း စိတ်ဓါတ် တက်ကြွ အောင် လုပ်နိုင်ပါတယ်” လို့ ကာပယ်လိုက ပြောပါတယ်။
အန်ဒိုရာနဲ့ ပွဲမတိုင်မီအထိ အသင်းရဲ့ အမြဲတမ်းခေါင်းဆောင်ကို ရွေးချယ်ဖို့ အစီအစဉ် မရှိ သေးပါဘူး။
အင်္ဂလန်ဟာ ၂၀၁၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပွဲဦးထွက်အဖြစ် စက်တင်ဘာ (၆)ရက်နေ့မှာ အင်ဒိုရာနဲ့ ပထမဆုံး ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
နည်းပြသစ်အတွက် နောက်ထပ် အသင်းခေါင်းဆောင်တစ်ယောက်ကို စိတ်ကြိုက်ရွေး ချယ်ဖို့အတွက် အချိန်တွေ အများကြီးရမှာ ဖြစ်ပါတယ်။
သူက ကစားကွင်းထဲကို မထွက်ခွာမီ ဟိုတယ်မှာပဲ ပွဲထွက်လူစာရင်းမှာ ကပ်ပြီး ကြေညာ သွားမှာ ဖြစ်ကြောင်း ကစားသမားတွေကို အသိပေး ထားပါတယ်။
ဒေးဗစ်ဘက်ဟမ်းကို ချန်ထားခဲ့တာနဲ့ ပက်သက်လို့ အသက် (၆၁)နှစ်အရွယ် နည်းပြက “ဒီညပွဲမှာ ကစားမယ့် သူတွေအကြောင်းကို ပိုပြီး အရေးကြီးပါတယ်။ အဲဒီထဲမှာ မပါတဲ့သူ အကြောင်းကို မပြောချင်ပါဘူး” လို့ ရှင်းလင်းချက် ပေးပါတယ်။
နောက်ဆုံး ၀င်ရောက်လာတဲ့ သတင်းတွေအရ မိုက်ကယ်အိုဝင်ဟာ ကာပယ်လိုရဲ့ ပထမ ဦးစားပေး (၁၁)ယောက်စာရင်းကနေ ချန်ထားခံရနိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။
ဒီညပွဲအတွက် နောက်ဆုံး လေ့ကျင့်တဲ့ပွဲမှာ တိုက်စစ်နေရာကို ရွန်နီနဲ့ ဂျိုးကိုးလ် တို့ နှစ် ယောက်ကို တွဲပြီး လေ့ကျင့်စေ ခဲ့ပါတယ်။
အင်္ဂလန်အတွက် သတင်းကောင်းတစ်ခုက ပြီးခဲ့တဲ့ တင်္နလာနေ့မှာ လေ့ကျင့်ရေး မဆင်း နိုင်တဲ့ ချဲလ်ဆီးတောင်ပံသမား ရှောင်ဖိလစ်စ်ဟာ အခုအခါမှာ ပြန်ဆင်းနိုင်ပြီ ဖြစ်ပါတယ်။
ကာပယ်လိုက “အသင်းမှာ ကျန်နေတဲ့ ကစားသမားတွေနဲ့ ရှောင် လေ့ကျင့်ရေး ဆင်းနေ ပါပြီ။ ဒါကြောင့် ဒီညပွဲအတွက် လူတိုင်း ကြံ့ခိုင်မှု ရှိနေပါတယ်” လို့ ထုတ်ဖော် ပါတယ်။
တဆက်တည်းမှာပဲ ဆွစ်ဇာလန်နဲ့ပွဲဟာ အင်္ဂလန်အတွက် ပွဲဦးထွက်ဖြစ်လို့ သူ့အပေါ်မှာ အများကြီး မျှော်လင့်မထားဖို့ ကြိုတင် သတိပေး လိုက်ပါတယ်။
၎င်းက ဆက်လက်ပြီး “ကျနော့်က ကယ်တင်ရှင် မဟုတ်ပါဘူး။ ကျနော့်က ကြိုးစားမှုကို အခြေခံပြီး အင်္ဂလန်ရဲ့ ရလဒ်တွေကို ပြောင်းပစ်နိုင်ဖို့ ရောက်လာတဲ့ သူ ဖြစ်ပါတယ်။ အခုရ တဲ့ အချိန် (၃)ရက်အတွင်းမှာ အများကြီး လုပ်ပြနိုင်မှာ မဟုတ်ပါဘူး” လို့ ပြောပါ တယ်။
ဒီညပွဲအတွက် ဖြစ်နိုင်ချေ လူစာရင်း -
ဂိုး - ဒေးဗစ်ဂျိမ်း (ပို့စ်မောက်)
နောက်တန်း - ၀က်စ်ဘရောင်း (မန်ယူ)၊ ဖာဒီနန် (မန်ယူ)၊ မက်သယူး အက်စ်စွန် (၀က်စ်ဟမ်း)၊ အက်ရှ်လေ ကိုးလ်(ချဲလ်ဆီး)၊ ဘန်တလေ (ဘလက်ဘန်း)၊ ဂျရတ် (လီဗာပူး)၊ အိုဝင်ဟာ့ဂဗေး (မန်ယူ)၊ ရောင်း (ဗီလာ)
ရှေ့တန်း - ဂျိုးကိုးလ် (ချဲလ်ဆီး)၊ ရွန်နီ (မန်ယူ) |

ယာယီ အသင်းခေါင်းဆောင် ဂျရတ်
|