DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
တောင်ပံလူ ရှောင်ဖိလစ်စ်ရဲ့ ဒဏ်ရာအခြေအနေကို အင်္ဂလန် စောင့်ကြည့်
ဘီဘီစီ - ဖေဖေါ်ဝါရီ ၅၊ ၂၀၀၈

ချဲလ်ဆီးတောင်ပံသမား ရှောင်ဖိလစ်စ်ဟာ ဒဏ်ရာကြောင့် မနေ့က အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို လာရောက်နိုင်ခြင်း မရှိပါဘူး။

အသက် (၂၆)နှစ်သား ချဲလ်ဆီးကွင်းလယ်လူဟာ ၀င်ဘလေကွင်းရဲ့ ညနေပိုင်းမှာ ပြုလုပ်တဲ့ လေ့ကျင့်ရေးကို နောက်ဆုံးကျမှ ပျက်ကွက်တဲ့ ကစားသမား ဖြစ်ပါတယ်။

အက်ဖ်အေရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က “ရှောင်ဖိလစ်စ် ၀င်ဘလေကွင်းမှာ လေ့ကျင့်ရေး မဆင်း နိုင်ခဲ့ပါဘူး။ ဒဏ်ရာအတွက် ကြိုတင် အနားယူ နေပါတယ်။ သူ့ရဲ့ အခြေအနေကို ဒီနေ့ဆိုရင် ခန့်မှန်း နိုင်ပါပြီ။ ဒဏ်ရာက သိပ်ပြီး အရေးတကြီးတော့ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

အင်္ဂလန်ဟာ ရွေးချယ်ပြီးသား အက်စတွန်ဗီလာ တိုက်စစ်မှူး အဘွန်လဟာ ဒဏ်ရာရသွားလို့ သူ့နေရာမှာ အစားထိုးဖို့ အင်္ဂလန်က ဒီဖိုးကို ခေါ်ယူ ထားပါတယ်။

ဗီလာတိုက်စစ်မှူး အဘွန်လဟာဟာ တနင်္ဂနွေနေ့က ဖူလ်ဟမ်ကို (၂ - ၁)နဲ့ ရှုံးတဲ့ပွဲမှာ တ ကောက်ကြောဒဏ်ရာ ရရှိခဲ့လို့ ပထမဆုံး အခေါ်ခံရတဲ့ လက်ရွေးစင်ပွဲကို လွဲချော် သွားပါ တယ်။

လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံထားရပြီး ဖြစ်တဲ့ ၀ီဂန်တိုက်စစ်မှူး ဟတ်စကီးဟာ လည်း ဒဏ်ရာကြောင့် ပါဝင်နိုင်တော့ မဟုတ်ပါဘူး။

ဆွစ်ဇာလန်နဲ့ ပွဲအတွက် ရွေးချယ်ထားတဲ့ လူစာရင်း -

ဂိုး - ဒေးဗစ် ဂျိမ်းစ် (ပို့စ်မောက်)၊ ကာဆန် (ဗီလာ)၊ ခရစ် ကရစ်ကလန် (၀ီဂန်)

နောက်တန်း - ၀ိန်းဘရစ်ခ်ျ (ချဲလ်ဆီး)၊ အက်ရှ်လေ ကိုးလ်(ချဲလ်ဆီး)၊ ဖာဒီနန် (မန်ယူ)၊ ၀က်စ်ဘရောင်း (မန်ယူ)၊ လက်စ်ကော့ (အဲဗာတန်)၊ ရစ်ချပ်စ် (မန်စီးတီး)၊ အက်ပ်စွန် (၀က်စ်ဟမ်း)၊ ၀ုဂိတ် (စပါးစ်)

အလယ်တန်း - ဂျရတ် (လီဗာပူး)၊ ဘာရီ (ဗီလာ)၊ ဂျီးနပ်စ် (စပါးစ်)၊ အိုဝင်ဟာ့ဂဗေး (မန်ယူ)၊ ဂျိုးကိုးလ်(ချဲလ်ဆီး)၊ အက်ရှ်လေ ရောင်း (ဗီလာ)၊ ရှောင်ရိုက်ဖိလစ်စ် (ချဲလ်ဆီး)၊ ဘန်တလေ (ဘလက်ဘန်း)

ရှေ့တန်း - မိုက်ကယ်အိုဝင် (နယူးကာဆယ်)၊ ရွန်နီ (မန်ယူ)၊ ပီတာ ခရောက်ချပ် (လီဗာပူး)၊ ဒီဖိုး (ပို့စ်မောက်)၊


ရှောင်ဖိလစ်စ်