ဖာဘီယို ကာပယ်လိုရဲ့ အင်္ဂလန်အသင်းအတွက် ပထမဆုံး လူရွေးချယ်မှုဟာ တရားမျှတမှု ရှိနိုင်လိမ့်မယ် မဟုတ်ကြောင်း ဒေးဗစ်ဘက်ဟမ်းက ၀န်ခံ လိုက်ပါတယ်။
အသက် (၃၂)နှစ်သား လော့စ်အိန်ဂျလိ ဂလက်စီစတားဟာ ပြီးခဲ့တဲ့ နိုဝင်ဘာကတည်းက တ ကယ့် ပြိုင်ပွဲတွေ မကစားရ သေးပေမယ့် ကြံ့ခိုင်မှု ပြည့်ဝဖို့အတွက် အာစင်နယ်မှာ လာ ရောက် လေ့ကျင့်ခဲ့ပါတယ်။
မနက်ဖြန် ဆွစ်ဇာလန်နဲ့ ကစားမယ့်ပွဲ လူစာရင်းကနေ ချန်ထားခြင်း ခံရတဲ့ ဘက်ဟမ်းက “အင်္ဂ လန်အသင်းမှာ ကိုယ့်နာမည်စာရင်း မပါတာဟာ အမြဲတမ်း စိတ်ပျက်ဖို့ကောင်းတဲ့ အရာ တစ် ခုပါပဲ” လို့ ညဉ်းတွားပါတယ်။
“ဒီဇင်ဘာကတည်းက ကျနော် မကစားရသေးလို့ မရွေးတာလို့ ပြောရင် မမျှတ နိုင်ပါဘူး”
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဘက်ဟမ်းဟာ ရီရဲလ်မက်ဒရစ်မှာ ကာပယ်လို နည်းပြ ဖြစ်တုန်းကလည်း အလားတူ အဖြစ်မျိုး ကြုံခဲ့ဖူးပြီး ပရော်ဖက်ရှင်နယ် ပီပီသသ ကြိုးစားခဲ့လို့ အမြဲတမ်း ကစားခွင့် ပြန်ရခဲ့ပါတယ်။
ကာပယ်လိုရဲ့ ၀င်ဘလေကွင်းမှာ ဆွစ်ဇာလန်နဲ့ပွဲ ကစားသမားစာရင်းမှာ ပါဝင်ခွင့် မရတဲ့ အ တွက်လည်း သိပ်မအံ့သြမိကြောင်း ဘက်ဟမ်းက ထုတ်ဖော်ပါတယ်။
“တ၀က်လောက်တော့ ကြိုပြီး ခန့်မှန်း မိပါတယ်။ အကြောင်းကတော့ ကာပယ်လို ဘာကို ကြိုက်တယ် ဆိုတာကို ကျနော် သိနေလို့ပါ”
“ဒီမှာရှိတဲ့ ပရီးမီးယားရှစ် ကစားသမားတွေက လွန်ခဲ့တဲ့ (၂)လလောက် အတွင်းမှာ ပွဲပေါင်း (၁၅)ပွဲလောက် ကစားထား ကြပါတယ်။ ကျနော့် သူတို့နဲ့ မတူပါဘူး”
ပြီးခဲ့တဲ့နှစ်ကတည်းက ရပ်နားနေတဲ့ ဘက်ဟမ်းရဲ့ အသင်းပါဝင်တဲ့ အမေရိကန်မေဂျာလိဂ် ပွဲစဉ်တွေဟာ မတ်လအတိုင်မီအထိ ပြန်စနိုင်အုံးမှာ မဟုတ်သေးပါဘူး။ |