အင်္ဂလန်နည်းပြသစ် ဖာဘီယို ကာပယ်လိုဟာ သူ့အသင်းမှာ အနိုင်ရလိုတဲ့ စိတ်ဓါတ်မျိုး ရှိနေတာကို ပြသလိုနေကြောင်း စတီဗင် ဂျရတ်က ပြောပါတယ်။
အီတလီသားနည်းပြဟာ သဘက်ခါမှာ ဆွစ်ဇာလန်နဲ့ ကစားမယ့် ခြေစမ်းပွဲအတွက် လက်ရွေး စင်အသင်းနဲ့အတူ မနေ့က ပထမဆုံး လေ့ကျင့်ရေး စပါတယ်။
လီဗာပူးအသင်းခေါင်းဆောင် ဂျရတ်က ကျနော်တို့ တနင်္ဂနွေ့နေက သူနဲ့ ခဏတဖြုတ် တွေ့ဆုံ ခဲ့ပါတယ်။ သူ ပြောတာက ဒါဟာ လူတိုင်းအတွက် နေ့သစ်တွေကို စတင်နေခြင်း ဖြစ်ပါတယ် လို့ ပြောပါတယ်။
“သူက အနိုင်ယူလိုတဲ့ စိတ်ဓါတ်လိုခြင်ကြောင်းကို ရှင်းရှင်းလင်းလင်း ပြသခဲ့ပါတယ်။ နောက် ပြီး ကစားသမားတွေ အားလုံးကို ရည်ရွယ်ချက် တစ်ခုတည်းအောက်မှာ အနိုင်ရတဲ့ အသင်း တစ်သင်းအဖြစ် တည်ဆောက်ဖို့ အလိုရှိ နေပါတယ်”
တနင်္ဂနွေနေ့က ကစားသမားတွေနဲ့ တွေ့ဆုံမှုနဲ့ မနေ့က လေ့ကျင့်ရေး စတာတွေဟာ နည်းပြ ဟောင်း မက္ကလာရင် အထုတ်ခံရပြီးနောက်ပိုင်းမှာ ပထမဆုံးစတင်တဲ့ နည်းပြသစ်ရဲ့ လုပ်ငန်း စဉ်တွေ ဖြစ်ပါတယ်။
ဂျရတ်က “ကျနော်တို့အသင်း ရှေ့ကို တိုးတက်နိုင်လိမ့်မယ်လို့ သူ ထင်နေပါတယ်။ နောက်ပြီး ခံစစ်ပိုင်းကိုလည်း ဒီအတိုင်းပါပဲ” လို့ ပြောပါတယ်။
“ကစားသမားတိုင်းကလည်း နည်းနည်း လန့် နေပါတယ်။ အကြောင်းကတော့ သူက မန်နေ ဂျာအသစ် ဖြစ်နေလို့ပါ။ ကျနော်တို့အားလုံး စိတ်လှုပ်ရှား နေပါတယ်”
နည်းပြသစ် ကာပယ်လိုနဲ့ ပက်သက်လို့ နောက်ခံလူ ဖာဒီနန်က“ သူ့ရဲ့ ညွှန်ကြားမှုတွေက လေးစားဖို့ ကောင်းပါတယ်။ ကျနော်တို့ ပုံစံက ကျောင်းစတက်ခါစ ကလေးတစ်ယောက်နဲ့ တူပါတယ်။ မူလတန်းကနေ အလယ်တန်းကို ရောက်ခါစ ကျောင်းသားတစ်ယောက် လိုပါပဲ” လို့ ပြောပါတယ်။
“သူက ကျနော်တို့ဆီက ၀ုဂိတ်၊ မိုက်ကယ် အိုဝင်နဲ့ ဒေးဗစ်ဘက်ဟမ်းတို့နဲ့ပဲ ဆုံဖူးတာပါ။ ကျနော်တို့နဲ့ တခါမှ မဆုံဖူးပါဘူး။ ဒါကြောင့် သူ အထင်ကြီးလာအောင် ကျနော်တို့ ကြိုးစားပြဖို့ လိုပါတယ်”
ကာပယ်လိုဟာ ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်လိုက်တဲ့ အင်္ဂလန်လူစာရင်းမှာ တပည့်ဟောင်း ဘက်ဟမ်းကို ချန်ထားခဲ့ ပါတယ်။
ဒါနဲ့ ပက်သက်လို့ မန်ယူနောက်ခံလူက “ရွေးချယ်မှုက နည်းပြရဲ့ အလုပ်ပါ။ ကျနော်တို့က သူ့ ဆုံးဖြတ်အပေါ်မှာ နေမလား၊ သေမလား ဆိုတာပဲ ရှိပါတယ်။ အရွေးခံရချင်ရင် ကြိုးစားဖို့ပဲ လိုပါတယ်။ ဒေးဗစ်အနေနဲ့ ပွဲ (၁၀၀)ပြည့်ဖို့ ပြန်မလာနိုင်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ” လို့ ထပ်ပြောပါတယ်။ |

ရှောင်ဖိလစ်စ် (၀ဲ)၊ အိုဝင် (ယာ)နဲ့ နည်းပြ ကာပယ်လို (ယာအစွန်)တို့ကို အတူတွေ့ရစဉ်
|