ဆွစ်ဇာလန်နဲ့ ကစားမယ့် ခြေစမ်းပွဲမှာ ဒဏ်ရာသွားတဲ့ တိုက်စစ်မှူး ဂါဘီရယ် အဘွန်လဟာရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ အင်္ဂလန်က ဂျာမိန်း ဒီဖိုးကို ခေါ်ယူ လိုက်ပါတယ်။
အက်စတွန်ဗီလာ တိုက်စစ်မှူး အဘွန်လဟာဟာ တနင်္ဂနွေ့နေက ဖူလ်ဟမ်ကို (၂ - ၁)နဲ့ ရှုံးတဲ့ပွဲမှာ တကောက်ကြော ဒဏ်ရာ ရရှိခဲ့ပါတယ်။
အင်္ဂလန်အသင်းမှာ ပထမဆုံး အရွေးချယ်ခံရတဲ့ သူ့တပည့်နဲ့ ပက်သက်လို့ ဗီလာနည်းပြ မာတင်အိုနေးလ်က “ကျနော့် သူ့ကို လက်ရွေးစင်အသင်းမှာ ပါဝင်စေ ချင်ပါတယ်။ တကယ်လို့ ကျနော်တို့ ဆေးအဖွဲ့က သဘောတူခဲ့ရင်ပေါ့” လို့ ပြောပါတယ်။
တိုက်စစ်မှူး ဒီဖိုးဟာ အပြောင်းအရွေ့ရဲ့ နောက်ဆုံးရက်ကမှ တော့တင်ဟမ်ကနေ ပို့စ် မောက်ကို ပြောင်းရွေ့လာခြင်း ဖြစ်ပြီး နည်းပြသစ် ကာပယ်လိုရဲ့ (၂၃)ယောက် စာရင်းမှာ ရွေးချယ် ခံထား ရပါတယ်။
အသက် (၂၆)နှစ်သား ဒီဖိုးဟာ အင်္ဂလန်အတွက် (၂၆)ပွဲ ကစားပေးထားပြီး စနေနေ့က ချဲလ်ဆီးနဲ့ (၁ - ၁)နဲ့ သရေကျတဲ့ပွဲမှာ ပို့စ်မောက်အတွက် ပွဲဦးထွက်ဂိုး သွင်းပေး ထားပါတယ်။
အက်ဖ်အေကတော့ ဗီလာတိုက်စစ်မှူး အဘွန်လဟာကို လူစာရင်းကနေ လုံးဝဖယ်ရှား ပစ်လိုက်ခြင်း မဟုတ်ဘဲ ဒဏ်ရာ အခြေအနေကို စောင့်ကြည့် နေပါတယ်။
အင်္ဂလန်က ၀ီဂန်တိုက်စစ်မှူး ဟတ်စကီး၊ စပါးစ်နောက်ခံလူ လက်ဒလေကင်းတို့ကိုလည်း မူလတုန်းက ရွေးချယ်ထားပေမယ့် ဒဏ်ရာကြောင့် ချန်ထားခဲ့ပါတယ်။ |

ဒီဖိုး (၀ဲ)က ချဲလ်ဆီးနောက်တန်းက ဘဲလက်တီကို ဖြတ်ကျော် ထိုးဖောက်နေစဉ်
|