DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
ဘက်ဟမ်းကို မရွေးတဲ့ ကာပယ်လိုရဲ့ ဆုံးဖြတ်ချက်ကို ဖာဘရီဂတ်စ် ပြစ်တင်ရှုတ်ချ
အေဂျင်စီသတင်းများ - ဖေဖေါ်ဝါရီ ၁၊ ၂၀၀၈

ဆွစ်ဇာလန်နဲ့ ခြေစမ်းမယ့် အင်္ဂလန် လူစာရင်းမှာ ဘက်ဟမ်းကို ချန်ထားခဲ့တဲ့ နည်းပြ ကာပယ်လိုရဲ့ ဆုံးဖြတ်ချက်ကို အာစင်နယ်ရဲ့ လူငယ်ကွင်းလယ်ဖန်းတီးရှင် ဖာဘရီဂတ်စ်က ပြစ်တင် ဝေဖန်လိုက် ပါတယ်။

အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်းဟာ သူ့တိုင်းပြည်အတွက် (၉၉)ပွဲ ကစားပြီးဖြစ်လို့ ဒီလအတွင်း ၀င်ဘလေမှာ ကစားမယ့် ခြေစမ်းပွဲမှာ ပါဝင်ခွင့်ရရင် ပွဲ (၁၀၀)ပြည့်မှာ ဖြစ်ပါ တယ်။

အီတလီသားနည်းပြက အသက် (၃၂)နှစ်အရွယ် ဘက်ဟမ်းကို ကြံ့ခိုင်မှု မပြည့်ဝသေးလို့ မရွေးချယ်တာ ဖြစ်ကြောင်း အကြောင်းပြချက် ပေးပါတယ်။

အယ်လ်အေ ဂလက်စီကစားသမား ဘက်ဟမ်းဟာ အမေရိကန်မေဂျာလိဂ် ဘောလုံးပွဲနားတဲ့ ရာသီဖြစ်နေလို့ ပြီးခဲ့တဲ့ နိုဝင်ဘာကတည်းက ပွဲတွေနဲ့ အဆက်ပြတ် နေပါတယ်။

တိုင်းပြည်အတွက် ပွဲ (၁၀၀)ပြည့်ဖို့ မျှော်မှန်းချက်ထားတာကြောင့် သူဟာ ပြီးခဲ့တဲ့လကစပြီး ကြံ့ခိုင်မှုအတွက် အာစင်နယ်မှာ လာရောက် လေ့ကျင့်ခဲ့ပါတယ်။

ဖာဘရီဂတ်စ်က “ဒီလို မရွေးတဲ့ ဆုံးဖြတ်ချက်က သိပ်တော့ ပုံမကျပါဘူး။ ဘက်ဟမ်းက ကျနော်တို့နဲ့အတူ လေ့ကျင့်နေတာ တစ်လလောက် ရှိနေပါပြီ” လို့ ပြောပါတယ်။

“လေ့ကျင့်ရေးကွင်းမှာ သူ အရမ်း ကြိုးစားပါတယ်။ ဒီလို မရွေးတာဟာ ရှက်စရာ ကောင်း ပါတယ်”

“လူတစ်ယောက်ရဲ့ သူ့တိုင်းပြည်အတွက် ပွဲ (၁၀၀)ပြည့်ဖို့ ကြိုးစားနေတာတွေကို နည်းနည်း ပါးပါးတော့ လေးစားမှု ရှိသင့်တယ်လို့ ထင်ပါတယ်”

စပိန်ကွင်းလယ်လူက “လူတော်တော်များများက သူလိုမျိုး ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ ဒါဟာ ရှက်စရာကောင်းတဲ့ လုပ်ရပ် တစ်ခုပါ” လို့ ထပ်ပြောပါတယ်။


အာစင်နယ် လေ့ကျင့်ရေးကွင်းမှာ ဖာဘရီဂတ်စ်နဲ့ ဘက်ဟမ်းကို အတူတွေ့ရစဉ်