လာမယ့် (၆)ရက်နေ့ ဆွစ်ဇာလန်နဲ့ ခြေစမ်းပွဲအတွက် ထုတ်ပြန်တဲ့ နည်းပြသစ် ဖာဘီယိုရဲ့ ပထမဆုံး အင်္ဂလန်လူစာရင်းမှာ ဒေးဗစ်ဘက်ဟမ်းကို ချန်ထားခဲ့ပါတယ်။
ကာပယ်လိုက လက်ရွေးစင်တံခါးကို အပြီးတိုင် ပိတ်မထားပေမယ့် ဘက်ဟမ်းအနေနဲ့ အင်္ဂ လန် အတွက် ပွဲ(၁၀၀)ပြည့်အောင် ကစားဖို့ မလွယ်ကူတော့တဲ့ အခြေအနေမှာ ရှိနေပါတယ်။
အီတလီနည်းပြက ဘက်ဟမ်းအနေနဲ့ ကြံ့ခိုင်မှု မပြည့်ဝသေးတာကြောင့် ချန်ထားတယ်လို့ အ ကြောင်းပြ ပါတယ်။
အသက် (၃၀)အရွယ် တော့တင်ဟမ်ဂိုးသမား ရော်ဘင်ဆင်လည်း လက်ရွေးစင် လူစာရင်း ကနေ ချန်ထားခဲ့ခြင်း ခံရပြီး အက်စတွန်ဗီလာရဲ့ ဒေးဗစ်စ်နဲ့ ဂယ်ဘီရယ် အက်ဘွန်လဟာတို့ ပထမဆုံး ရွေးချယ်ခြင်း ခံရပါတယ်။
အသက် (၃၂)နှစ်သား ဘက်ဟမ်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ (၂၁)ရက်နေ့ ခရိုအေးရှားနဲ့ ကစားတဲ့ ပွဲပြီးကတည်းက အင်္ဂလန်အတွက် ကစားပေးရခြင်း မရှိသေးပါဘူး။
အသက် (၆၁)နှစ်သား ကာပယ်လိုက “ဒေးဗစ်ကို မရွေးရတဲ့ အကြောင်းက သူ့အနေနဲ့ နိုဝင် ဘာကတည်းက တကယ့် ပွဲတွေ မကစား ရသေးပါဘူး။ ကျနော် သူနဲ့ မနေ့က ဖုန်းပြော ဖြစ်ပါ တယ်။ ကျနော် အကြံပေးတာက ကျနော့်ရဲ့ အနာဂတ် အစီအစဉ်မှာ သူ ပါနေသေးတဲ့ အ ကြောင်းနဲ့ အမေရိကားမှာ ပုံမှန်ကစားခွင့် ရတဲ့အခါမှာ အနီးကပ် စောင့်ကြည့်နေမှာ ဖြစ် ကြောင်း ပြောခဲ့ပါတယ်”
ဘက်ဟမ်းဟာ ပြီးခဲ့တဲ့လကတည်းက လက်ရွေးစင်အသင်း မျှော်လင့်ချက်အတွက် အာစင် နယ်နဲ့အတူ လေ့ကျင့်ခဲ့ပါတယ်။
အင်္ဂလန်ယူ (၂၁)နည်းပြ စတူရက် ပီရော့စ်က “ဒေးဗစ်မှာ လုံလောက်တဲ့ အရည်အချင်းတွေ ရှိပါတယ်။ ဒါတွေကို အတိတ်မှာလည်း ပြခဲ့ ပြီးပါပြီ။ လာမယ့် ပွဲတွေမှာ အရွေးခံရဖို့ တိုက်ပွဲဝင်သွား ပါလိမ့်မယ်” လို့ ပြောပါတယ်။
ကာယကံရှင် ဘက်ဟမ်းကတော့ ပွဲ (၁၀၀)ပြည့်ရေး ရည်မှန်းချက်ကို ဘယ်တော့မှ စွန့်လွှတ် မှာ မဟုတ်ကြောင်း ဆုံးဖြတ်ထားပါတယ်။
ဘက်ဟမ်းက “ကျနော် အမြဲပြောနေတဲ့ စကားက ကျနော့် တိုင်းပြည်အတွက် အမြဲတမ်း က စားပေးချင်တယ် ဆိုတာပါပဲ။ အင်္ဂလန်အတွက် ဘယ်တော့မှ ကျနော့် မကစားရတော့ဘူးလို့ မထင်ပါဘူး” လို့ ထုတ်ဖော်ပါတယ်။
ကာပယ်လိုဟာ အင်္ဂလန်ရဲ့ အပြီးသတ် (၂၃)ယောက် လူစာရင်းကို မနက်ဖြန်မှာ ထုတ်ပြန်မှာ ဖြစ်ပြီး အဲဒီအချိန်ကျရင် အသင်းခေါင်းဆောင် ဘယ်သူဖြစ်မလဲ ဆိုတာ ကိုပါ ကြေညာမှာ ဖြစ် ပါတယ်။
ဆွစ်ဇာလန်နဲ့ ကစားမယ့် အင်္ဂလန်အသင်းရဲ့ ပဏာမ လူစာရင်း -
ဂိုး - ဒေးဗစ် ဂျိမ်း (မန်စီးတီး)၊ စကော့ ကာဆန် (ဗီလာ)၊ ခရစ် ကစ်ကလန် (၀ီဂန်)
နောက်တန်း - ၀ိန်းဘရစ်ခ်ျ (ချဲလ်ဆီး)၊ အက်ရှ်လေ ကိုးလ် (ချဲလ်ဆီး)၊ ကာတစ် ဒေးဗစ် (ဗီလာ)၊ ရီယို ဖာဒီနန် (မန်ယူ)၊ ဂလန်း ဂျွန်ဆင် (ပို့စ်မောက်)၊ လတ်ဒလေ ကင်း (စပါးစ်)၊ ရှိုရေ (ရက်ဒင်း)၊ ၀က်စ် ဘရောင်း (မန်ယူ)၊ လက်စ်ကော့ (အဲဗာတန်)၊ ရစ်ချပ်စ် (မန်စီးတီး)၊ မက်သယူး အက်ပ်ဆွန် (၀က်စ်ဟမ်း)၊ ၀ုဂိတ် (စပါးစ်)
အလယ်တန်း - ကာရစ် (မန်ယူ)၊ ဂျရတ် (လီဗာပူး)၊ ဘာရီ (ဗီလာ)၊ ဂျီးနပ်စ် (စပါးစ်)၊ အိုဝင်ဟာ့ဂဗေး (မန်ယူ)၊ ဂျိုးကိုးလ် (ချဲလ်ဆီး)၊ အက်ရှလေ ရောင်း (ဗီလာ)၊ ဒေါင်းနင်း (မစ်ဒယ်ဘရော့)၊ ၀ိုက်ဖိလစ် (ချဲလ်ဆီး)၊ ဘန်တလေ (ဘလက်ဘန်း)
ရှေ့တန်း - ဟက်စကီး (၀ီဂန်)၊ အက်ဘွန်လဟာ (ဗီလာ)၊ မိုက်ကယ် အိုဝင် (နယူးကာဆယ်)၊ ရွန်နီ (မန်ယူ)၊ ပီတာ ခရောက်ခ်ျ (လီဗာပူး) |