အာစင်နယ် ဂိုးသမား မန်နူရယ် အယ်မူနီယာက အနာဂတ်မှာ အင်္ဂလန်အသင်းကို ကိုယ်စား ပြုပြီး ကစားနိုင်ချေ ရှိတယ်ဆိုတာကို ငြင်းပယ်ခြင်း မရှိပါဘူး။
အသက် (၃၀)နှစ်သားဟာ နေရပ်ရင်း စပိန်အတွက် ကစားပေးရခြင်း မရှိသေးပေမယ့် လန်ဒန် မြောက်ပိုင်းကလပ်မှာ နေလာတာ (၄)နှစ်လောက် ရှိပြီဖြစ်လို့ အင်္ဂလန်အတွက် ကစားပေး နိုင်မှာ ဖြစ်ပါတယ်။
“စပိန်က ကျနော့်ကို ဘယ်တုန်းကမှ မခေါ်ခဲ့ပါဘူး” လို့ အယ်မူနီယာက ပြောပါတယ်။
“တကယ်လို့ တခြားလူတွေက ကျနော့်ကို လိုချင်ရင် ကျနော့်ရဲ့ အခြေအနေကို လေ့လာပြီး ဆုံးဖြတ်ချက် ချသွားမှာပါ။ ဒါဟာ ကျနော့်အတွက် ကောင်းတဲ့ လက္ခာပါ။ အရာရာမှာ ကိုယ့် ကိုယ်ကို ပိတ်မထားပါဘူး”
အာစင်နယ်ရဲ့ ဒီနှစ်ရာသီအတွင်း ကစားထားတဲ့ (၂၂)ပွဲမှာ အယ်မူနီယာက (၁၁)ပွဲ ပါဝင်ခွင့် ရပြီး လက်စွမ်းပြနိုင်လို့ နည်းပြ ၀င်းဂါးရဲ့ နေရာပေးခြင်းကို ခံရပါတယ်။
ဂျာမန်လက်ရွေးစင် ဂိုးသမား လေမန်းကတော့ အရန်ထိုင်ခုံပေါ်မှာပဲ အချိန်ကုန် နေရပါတယ်။
သူ့ရဲ့ လက်စွမ်းပြနေမှုတွေကို စပိန်နည်းပြ အားဂိုးနက်စ်က လက်ရှိ လက်ရွေးစင်အသင်းမှာ သုံးနေတဲ့ ရီရဲလ်ဂိုးသမား ကာဆီလက်၊ ဗယ်လန်စီယာက ဆန်တီယာဂို ကန်နီဇာရက်စ်၊ လီဗာပူးက ရေနာတို့လို ကမ္ဘာ့အဆင့်မှီ ဂိုးသမားအဖြစ် သတ်မှတ်ခြင်း မရှိသေးပါဘူး။
အယ်မူနီယာရဲ့ မျှော်လင့်ချက်ဟာ အင်္ဂလန်နည်းပြသစ် ကာပယ်လိုအတွက် ကာလကြာရှည် ကတည်းက ဂိုးသမား အခက်အခဲ ရှိနေတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အထောက်အကူ ဖြစ်စေ ပါတယ်။ |

စပိန်သား ဂိုးသမား အယ်မူနီယာ
|