DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
ကာပယ်လို အင်္ဂလန်နည်းပြဖြစ်တာကို ဘက်ဟမ်း ကြိုဆို၊ လက်ရွေးစင်အသင်းမှာ ကစားခွင့် ရဖို့ မျှော်လင့်
ဘီဘီစီ - ဒီဇင်ဘာ ၂၅၊ ၂၀၀၇

ဒေးဗစ် ဘက်ဟမ်းက ကာပယ်လို အင်္ဂလန်နည်းပြဖြစ်တာကို ကြိုဆိုလိုက်ပြီး အနာဂတ် လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့် နေပါတယ်။

“ဖေဘီယိုက ကစားသမားတွေအတွက် နိုးကြားမှု အရှိဆုံး မန်နေဂျာတွေထဲက တစ်ယောက် ပါ။ သူ့ရဲ့ အနာဂတ် အစီအစဉ်မှာ ကျနော့် ပါဝင်ခွင့်ရဖို့ မျှော်လင့်ပါတယ်” လို့ ဘက်ဟမ်းက ပြောပါတယ်။

သူက အင်္ဂလန်အသင်းနဲ့ ကစားသမားတွေအတွက် ကြီးကျယ်တဲ့ နည်းပြ ဖြစ်လာမယ်လို့ ထင်ပါတယ်

ကွင်းလယ်သမားက အင်္ဂလန်နည်းပြသစ် ကာပယ်လိုအတွက် ကစားပေးဖို့ မစောင့်ဆိုင်း နိုင် တော့ကြောင်းလည်း ပြောပါတယ်။

အသက် (၃၂)နှစ်သား ဘက်ဟမ်းဟာ ပြီးခဲ့တဲ့ ရာသီက အယ်လေ ဂလက်စီကို ပြောင်းတော့ မယ်လို့ ကြေညာလိုက်ချိန်မှာ ကာပယ်လိုက သူ့ကို ရီရဲလ်အသင်းမှာ ကစားခွင့် မပေးဘဲ ထားခဲ့ပါတယ်။

ဘက်ဟမ်းရဲ့ လေ့ကျင့်ကွင်းတွင်းမှာ ကြိုးစားတာနဲ့ ပရော်ဖက်ရှင်နယ် ပီသတာတွေကြောင့် ကာပယ်လိုက အသင်းမှာ ပြန်ကစားခွင့်ပြုခဲ့ပြီး ရီရဲလ်ကို လာလီဂါ ချန်ပီယံဖြစ်အောင် လုပ်ပေး နိုင်ခဲ့ပါတယ်။

“ကျနော့်နဲ့ သူ့နဲ့ ကြားမှာ အတက်အကျတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ သူက ကျနော့်ကို ယုံကြည်ပြီး အသင်းအတွက် ပြန်ခေါ် ခဲ့ပါတယ်” လို့ ရီရဲလ် ကစားသ မားဟောင်းက ပြောပါတယ်။

“သူ့ကို ခန့်လိုက်တာ အင်္ဂလန်အတွက် ကောင်းတယ်လို့ ကျနော် ထင်ပါတယ်။ လူတိုင်းက လေးစားပြီး အောင်မြင်မှု မှတ်တမ်းရှိတဲ့ လူတစ်ယောက် ဦးဆောင်တာကို လိုချင် ကြပါတယ်”

ကာပယ်လိုဟာ အင်္ဂလန်နည်းပြအလုပ်ကို ဇန်န၀ါရီ (၇)ရက်နေ့မှာ တရားဝင် စတင် ကိုင် တွယ်မှာ ဖြစ်ပြီး ပထမဆုံး ပွဲအဖြစ် ဖေဖေါ်ဝါရီ (၆)ရက်နေ့ ၀င်ဘလေကွင်းမှာ ဆွစ်ဇာ လန်နဲ့ ခြေစမ်းဖို့ ရှိပါတယ်။

ဘက်ဟမ်းဟာ လောလောဆယ် အင်္ဂလန်အတွက် ပွဲပေါင်း (၉၉)ပွဲ ကစားထားပြီး ပွဲ (၁၀၀) ပြည့်ဖို့ စိတ်အားထက်သန် နေပါတယ်။


ရီရဲလ်တုန်းက ဆရာတပည့်ဖြစ်တဲ့ ဘက်ဟမ်းနဲ့ ကာပယ်လို