DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
အင်္ဂလန်ကို အောင်မြင်မှုတွေရအောင် ကာပယ်လို ဦးဆောင်နိုင်လိမ့်မယ်လို့ ရွန်နီ ထုတ်ဖော်
သည်ဆန်း - ဒီဇင်ဘာ ၂၀၊ ၂၀၀၇

ဖာဘီယို ကာပယ်လိုက အင်္ဂလန်ကို အောင်မြင်မှုတွေ ပြန်ရအောင် ဦးဆောင်ပေးနိုင်မယ့် အကောင်းဆုံး နည်းပြတစ်ယောက် ဖြစ်ကြောင်း ၀ိန်းရွန်နီက မနေ့က ထုတ်ဖော် လိုက်ပါတယ်။

မန်ယူတိုက်စစ်မှူးက နည်းပြသစ် ရောက်လာတာနဲ့ ပက်သက်ပြီး ပထဆုံး ပြောဆိုလိုက်ခြင်း ဖြစ်သလို ကာပယ်လိုကို တွေ့ဖို့အတွက် မစောင့်နိုင်တော့ကြောင်း ပြောပါတယ်။

ရီရဲလ်၊ မီလန်နဲ့ ဂျုဗင်တပ်နည်းပြဟောင်းဟာ ဇန်န၀ါရီ (၇)ရက်နေ့မှာ အင်္ဂလန်အသင်းကို စတင် ကိုင်တွယ်မှာ ဖြစ်ပြီး ရွန်နီအနေနဲ့လည်း ဖေဖေါ်ဝါရီမှာ ဆွစ်ဇာလန်နဲ့ ခြေစမ်းပွဲအတွက် ကစားပေးဖို့ စတင် စဉ်းစား နေပါတယ်။

ရွန်နီက “ကျနော် ရှေ့မှာ ဖြစ်လာမယ့် ကိစ္စတွေကိုပဲ အာရုံစိုက် ထားပါတယ်။ မန်နေဂျာအသစ် ရပြီဆိုရင် တကယ်လို့ သူ့အနေနဲ့ ဘာတွေလုပ်နိုင်မလဲ၊ ဘာတွေ ပြောင်းလဲနိုင်မလဲ ဆိုတာကို မသိသေးရင်တောင် လူတိုင်းက အမြဲတမ်း စိတ်လှုပ်ရှား ကြပါတယ်” လို့ ပြောပါတယ်။

“ဒါကတော့ အမှန်ပါပဲ။ ကျနော် သူ့ကို တွေ့ဖို့ စိတ်ဝင်စားပြီး သူ့အောက်မှာ အလုပ်လုပ်သွား ချင်ပါတယ်”

“သူ့ရဲ့ ကလပ်အဆင့် မှတ်တမ်းတွေက အံ့မခန်းပါပဲ။ ဒါကြောင့် သူ့အနေနဲ့ အင်္ဂလန်အတွက် တစုံတရာ အောင်မြင်မှုတွေကို ယူဆောင် ပေးနိုင်မှာ သေချာပါတယ်။ သူ့ကို နည်းပြအဖြစ် ခန့်အပ်တဲ့အတွက် ကျနော် အများကြီး ကျေနပ်ပါတယ်။ အကြောင်းကတော့ သူ့ရဲ့ မှတ် တမ်းတွေကြောင့် ဖြစ်ပါတယ်”

မန်ယူတိုက်စစ်မှူးက “အင်္ဂလိပ်တစ်ယောက် အနေနဲ့ ပြောရရင် ကျနော်တို့ကို ဆုဖလား တွေရအောင် ကြိုးစား ကူညီပေးနိုင်တဲ့ အကောင်းဆုံးလူကို လိုချင်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ ပြောရရင် သူက အကောင်းဆုံးလူ ဖြစ်ပါတယ်” လို့ ထပ်ပြောပါတယ်။

အသက် (၂၂)နှစ်သား အင်္ဂလန်တိုက်စစ်မှူး ရွန်နီဟာ အခုအခါမှာ ၂၀၁၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို အာရုံစိုက်နေပြီ ဖြစ်ပါတယ်။

အင်္ဂလန်ဟာ ယူရို ၂၀၀၈ ခြေစစ်ပွဲ မအောင်မြင်ဖြစ်ခဲ့ပြီးနောက် နည်းပြဟောင်း မက္ကလာရင်ကို ထုတ်ပယ်ခဲ့ပြီး ကာပယ်လိုနဲ့ အစားထိုးခဲ့ခြင်း ဖြစ်ပါတယ်။


အင်္ဂလန်နဲ့ မန်ယူတိုက်စစ်မှူး ရွန်နီ