ဂျာမန်နည်းပြ ဂျိုချင်လိုးက အာစင်နယ်ရဲ့ အပယ်ခံ ဂိုးသမား လေမန်းဟာ ယူရို ၂၀၀၈ ပြိုင်ပွဲ အတွက် နံပါတ်တစ် ဦးစားပေး ဂိုးသမားအဖြစ် ဆက်ရှိနေသေးကြောင်း မနေ့က အခိုင်အမာ ပြော ပါတယ်။
“အဓိကအချက်က တီမို ဟေဒီဘရန့်လိုပဲ ကျနော်တို့က လေမန်း ဘယ်နှစ်ပွဲ ကစားရသလဲ ဆိုတာကို ရေတွက်နေပါတယ်” လို့ လိုးက အာစင်နယ်နဲ့ ဗယ်လန်စီယာဂိုးသမားတို့ကို ရည် ညွှန်းပြီး ပြောပါတယ်။
“အခြေအနေတွေက အကောင်းဆုံး အနေအထားမှာ ရှိပါတယ်။ ကျနော်တို့အနေနဲ့ ဒီဂိုးသမား နှစ်ယောက်ကို ယူရို ၂၀၀၈ပြိုင်ပွဲကြီးဆီကို ခေါ်သွားမယ်ဆိုတာ ရှင်းပါတယ်”
“လေမန်းက ၂၀၀၆ ကမ္ဘာ့ဖလားတုန်းက ထူးထူးခြားခြား လက်စွမ်းပြ ခဲ့ပါတယ်။ လက်ရွေးစင် အသင်းအတွက် ကမ္ဘာ့အဆင့်ရှိတဲ့ ကစားသမားအဖြစ် သက်သေပြ ခဲ့ပါတယ်။ သူဟာ ကျ နော်တို့အသင်းမှာ အရေးကြီးတဲ့ ကစားသမား ဖြစ်ပါတယ်”
အာစင်နယ်က အသက် (၃၈)နှစ်သား လေမန်း နေရာမှာ စပိန်ဂိုးသမား အယ်မူနီယာကို အသုံးပြုနေတဲ့အတွက် ပုံမှန်နေရာမရ ဖြစ်နေပြီး လာမယ့် ဇန်န၀ါရီမှာ အသင်း ပြောင်းတော့ မယ် ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။
“သူဘာလုပ်ချင်တယ်ဆိုတာကို ကျနော်တို့ သိချင်ပါတယ်။ ကျနော်တို့က လူတိုင်းရဲ့ ပြဿနာ ကို ကျေနပ်လောက်အောင် ကြိုးစားပြီး ဖြေရှင်းပေး ချင်ပါတယ်” လို့ ဂျာမန်နည်းပြက ပြောပါ တယ်။
ဂျိုချင်လိုးက ယူရို ၂၀၀၈ ပြိုင်ပွဲကြီးကို တတိယ ဦးစားပေး ဂိုးသမားအဖြစ်နဲ့ ခေါ်ဆောင်သွား ဖို့အတွက် ဟန်အိုဗာအသင်းက ရော်ဘတ် အန်ကီကို ရွေးချယ်ထား ပါတယ်။
ဂျာမန်အသင်းဟာ ဇွန် (၇)ရက်နေ့ကနေ (၂၉)ရက်နေ့အထိ ကျင်းပမယ့် ယူရိုပြိုင်ပွဲရဲ့ အုပ်စု (ဘီ)မှာ သြစတြီးယား၊ ပိုလန်၊ ခရိုအေးရှားတို့နဲ့ တစ်အုပ်စုတည်း ကျပါတယ်။ |

အာစင်နယ်ရဲ့ အပယ်ခံ ဂိုးသမား လေမန်း
|