DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
အင်္ဂလန်အသင်းကနေ အနားယူထားတဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်မှာမဟုတ်ကြောင်း ကာရေဂါ အခိုင်အမာပြော
ဘီဘီစီ - ဒီဇင်ဘာ ၁၉၊ ၂၀၀၇

ဖာဘီယိုကာပယ်လိုကို အင်္ဂလန်နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပေမယ့် လက်ရွေးစင် အသင်းကနေ အနားယူထားတဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်မှာ မဟုတ်ကြောင်း လီဗာပူး နောက်ခံလူ ဂျေမီ ကာရေဂါက အခိုင်အမာ ပြောပါတယ်။

လီဗာပူးနောက်ခံလူက လက်ရွေးစင်အသင်းမှာ သူ့ကို မရွေးချယ်ဖို့အတွက် ပြီးခဲ့တဲ့လတုန်းက အထုတ်ခံရတဲ့ အင်္ဂလန်နည်းပြဟောင်း မက္ကလာရင်ကို ပြောဆိုခဲ့ ဖူးပါတယ်။

လက်ရွေးစင်အသင်းမှာ ပြန်ကစားမလားဆိုတဲ့ အမေးကိုတော့ အသက် (၂၉)နှစ်သား ကာရေဂါက “ကျနော် မထင်ပါဘူး။ လက်ရှိ သွားနေတဲ့ အခြေအနေနဲ့ ပျော်ပါတယ်။ ဒါကို ပြောင်းလဲဖို့ လမ်းမမြင် သေးပါဘူး” လို့ ပြောပါတယ်။

သတင်းတွေက နည်းပြသစ် ကာပယ်လိုက ကာရေဂါကို လက်ရွေးစင်အသင်းမှာ ပြန်ကစား ဖို့အတွက် ဆွဲဆောင်လိမ့်မယ်လို့ ဆိုပါတယ်။

အသင်းခေါင်းဆောင် တယ်ရီဟာ ဒဏ်ရာရနေလို့ ကာပယ်လိုရဲ့ အင်္ဂလန် ပွဲဦးထွက်ဖြစ်တဲ့ ဖေဖေါ်ဝါရီ (၆)နေ့ ဆွစ်ဇာလန်နဲ့ ၀င်ဘလေ ခြေစမ်းပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။

နောက်ခံလူ ကာရေဂါဟာ ဧပြီ ၁၉၉၉မှာ အင်္ဂလန်အတွက် ပွဲဦးထွက်အဖြစ် ဟန်ဂေရီနဲ့ပွဲမှာ ပါဝင် ကစားခဲ့ပြီး စုစုပေါင်း (၃၄)ပွဲ ကစားပေး ထားပါတယ်။


လီဗာပူး လေ့ကျင့်ရေးကွင်းမှာ ဂျရတ် (၀ဲ)နဲ့ ကာရေဂါ (ယာ)တို့ကို တွေ့ရစဉ်