အင်္ဂလန်နည်းပြသစ် ဖာဘီယို ကာပယ်လိုက လက်ရွေးစင်အသင်းကို နေရာမှန်နဲ့ အောင်မြင် မှုတွေ ရဖို့အတွက် ပြုလုပ်ပေးမယ်လို့ ကတိပေးလိုက်ပါတယ်။
အသက် (၆၁)နှစ်သား အီတလီနည်းပြဟာ နည်းပြသစ်ရာထူးကို ဇန်န၀ါရီ (၇)ရက်နေ့မှာ တရားဝင်စတင်မှာ ဖြစ်ပါတယ်။
ကာပယ်လိုက “ကျနော် ဒီအလုပ်ကို လုပ်ချင်နေတာ ကြာပါပြီ။ ဒီအလုပ်မှာ မျှော်လင့်ချက် တွေပါ တပါတည်း ရှိနေတာကိုလည်း ကျနော် သိပါတယ်” လို့ ပြောပါတယ်။
ကျနော့်ရဲ့ ပထမအလုပ်က ကစားသမားတွေနဲ့ သူတို့ရဲ့ ပရီးမီးယားရှစ်နည်းပြတွေနဲ့ အရင်ဆုံး တွေ့ဖို့ပါ။ အင်္ဂလန်က အသင်းကြီးတစ်သင်း ဖြစ်ပါတယ်။ သူတို့အနေနဲ့ ထိပ်သီးအဆင့်မှာ ရပ်တည် နိုင်တဲ့ အနေအထား ရှိပါတယ်
ကာပယ်လိုဟာ အင်္ဂလန်နည်းပြအလုပ်ကို တစ်နှစ်လုပ်ခလစာ ပေါင် (၆.၅)သန်းနဲ့ (၄)နှစ်ခွဲ စာချုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
အင်္ဂလိပ်စကားကို အကန့်အသတ်နဲ့သာ ပြောဆိုနိုင်တဲ့ အပေါ်မှာ ကာပယ်လိုက “ကစား သမားတွေနဲ့ ဆက်သွယ်နိုင်ဖို့က အရမ်းအရေးကြီးတယ်လို့ ကျနော် ယုံကြည်ပါတယ်။ ကျနော့် အနေနဲ့ အင်္ဂလိပ်စာကို နေ့တိုင်း လေ့လာသင်ယူသွားဖို့ ရှိပါတယ်” လို့ ပြောပါတယ်။
“ကျနော့်မှာ ဖာဂူဆန်၊ အာစင်ဝင်းဂါး၊ ဘင်နီတတ်ဇ်၊ ရာမို့စ်တို့နဲ့ အမြဲတမ်း ဆက်ဆံရေး ကောင်းမွန်ပါတယ်။ ဒါကြောင့် ကျနော့်အလုပ်အတွက် သိပ်စိတ်ပူစရာ မရှိပါဘူး”
ဒေးဗစ် ဘက်ဟမ်းရဲ့ လက်ရွေးစင်ပွဲ (၁၀၀)ပြည့်ရေး မျှော်လင့်ချက်နဲ့ ပက်သက်လို့ ရီရဲလ်နည်းပြဟောင်းက “ကျနော်နဲ့ သူနဲ့ ရီရဲလ်မှာတုန်းက အဆင်မပြေ ဖြစ်ခဲ့ပါတယ်။ ဒါပေ မယ့် သူက ပရော်ဖက်ရှင်နယ် ပီသခဲ့ပါတယ်။ အခုအချိန်မှာ ကျနော် ဘယ်သူ့ကို ရွေးမယ် ဆိုတာ ဘယ်သူမှ မသိနိုင် သေးပါဘူး” လို့ ထပ်ပြောပါတယ်။
၎င်းက ဆက်လက်ပြီး “ဒေးဗစ်ရဲ့ အပြုအမှုတွေက အရေးပါတယ်ဆိုတာကို ကျနော် ယုံကြည်ပါတယ်” လို့ ပြောပါတယ်။ |

အက်ဖ်အေ အမှုဆောင် ဘရိုင်ယန် ဘာဝစ် (၀ဲ)နဲ့ ကာပယ်လို တို့ကို သတင်းစာ ရှင်းလင်းပွဲမှာ တွေ့ရစဉ်
|