ကာပယ်လိုကို အင်္ဂလန်နည်းပြသစ်အဖြစ် ခန့်အပ်တဲ့ အက်ဖ်အေ ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ပရီးမီးယားရှစ် နည်းပြတွေဖြစ်တဲ့ ဆောက်ဂိတ်၊ စတိကော်ပယ်၊ မက်ခ့်ဟူ့ချပ်စ်တို့က ဝေဖန် ခဲ့ပါတယ်။
အက်ဖ်အေက ပြီးခဲ့တဲ့လက အထုတ်ခံရတဲ့ နည်းပြဟောင်း မက္ကလာရင်ရဲ့ နေရာမှာ ကာပယ် လိုကို အစားထိုးခဲ့လို့ အင်္ဂလန်ရဲ့ ဒုတိယမြောက် နိုင်ငံခြားသား နည်းပြ ဖြစ်လာ ပါတယ်။
မစ်ဒယ်ဘရော့ မန်နေဂျာ ဆောက်ဂိတ်က “ကျနော် ကစားသမားဘ၀နဲ့ အဲရစ်ဆင်ရဲ့ လက် အောက်မှာ ကစားတုန်းက ဒါဟာ မှန်ကန်တယ်လို့ ခံစား ရပါတယ်။ ဒါပေမယ့် အဲဒီအချိန် ကတည်းက ကျနော့်စိတ်တွေက ပြောင်းလဲသွားပါပြီ” လို့ ပြောပါတယ်။
ရက်ဒင်းနည်းပြ ကော်ပယ်က “၀မ်းနည်းစရာ ကောင်းပါတယ်။ ကျနော်က အင်္ဂလိပ်မန်နေဂျာ ဖြစ်ရတာကို ဂုဏ်ယူတဲ့သူ ဖြစ်ပါတယ်။ အင်္ဂလိပ်လူမျိုးသာ နည်းပြဖြစ်ရင် ပိုကောင်းမှာပါ” လို့ ထုတ်ဖော်ပါတယ်။
“နည်းပြစာရင်းကို ကြည့်ရင် ကာပယ်လိုက ထိပ်ဆုံးမှာ ပြေးနေတာကို တွေ့ရမှာပါ။ ဒါပေမယ့် သူ့ကို အင်္ဂလိပ်တစ်ယောက်ပဲ ကျနော်က ဖြစ်စေချင် နေပါတယ်။ အင်္ဂလိပ်မန်နေဂျာ တစ် ယောက်အနေနဲ့ ရေပန်းစားတဲ့ ထိပ်ဆုံး (၃)ယောက်စာရင်းထဲမှာ ပါဖို့ တော်တော် ခက်ပါ တယ်”
ဘလက်ဘန်းနည်းပြ မာခ့် ဟူ့ချပ်စ်က “နိုင်ငံခြားသား နည်းပြတွေက အင်္ဂလန်နည်းပြ အလုပ် အတွက် ထိပ်ဆုံးက ရေပန်းစားနေတာ ကြာပါပြီ။ အင်္ဂလိပ်နည်းပြတွေအတွက် အနာဂတ်မှာ ဒီအလုပ်ကို ရဖို့အတွက် ပိုပြီး ခက်ခဲလာပါပြီ” လို့ ပြောပါတယ်။
၎င်းက ဆက်လက်ပြီး “ကျနော် အင်္ဂလိပ်နည်းပြတွေအတွက် စိတ်ပျက်မိပါတယ်။ အကြောင်း ကတော့ တကယ့် အခွင့်အရေးကောင်းကြီးကို နိုင်ငံခြားသား မန်နေဂျာတွေ လက်ထဲကို ထိုး အပ်လိုက်ရလို့ပါ” လို့ ပြောပါတယ်။
ပြင်သစ်နည်းပြ ရေမွန် ဒိုမီနစ်ခ်ျက ကာပယ်လိုကို အင်္ဂလန်နည်းပြအဖြစ် ခန့်အပ်တဲ့ ဆုံးဖြတ် ချက်ကို ဝေဖန်ပါတယ်။
အသက် (၅၅)နှစ်သား ဒိုမီနစ်ခ်ျက “ဒါဟာ တကယ်လို အင်္ဂလိပ်နည်းပြတွေ အားလုံးအတွက် ရှက်စရာ ကောင်းပါတယ်။ တကယ်လို့ ခင်များက အင်္ဂလိပ်နည်းပြပါလို့ ပြောလာရင် အမှိုက်ပုံးထဲ ရောက်သွားမှာပါ။ အကြောင်းကတော့ သူတို့က တခြားနည်းပြကို ရှာနေလို့ပါ” လို့ ပြောပါတယ်။ |

မစ်ဒယ်ဘရော့နည်းပြ ဆောက်ဂိတ်
|