ကွင်းလယ်လူ ဖရန့် လမ်းပတ်က ဖာဘီယို ကာပယ်လိုကို အင်္ဂလန်နည်းပြအဖြစ် ခန့်အပ်ဖို့ ထောက်ခံ လိုက်ပါတယ်။
ကာပယ်လိုဟာ နည်းပြဟောင်း မက္ကလာရင်ရဲ့ နေရာမှာ အစားထိုး ၀င်ရောက်ဖို့အတွက် ထိပ် ဆုံးကနေ ပြေးနေပါတယ်။
လမ်းပတ်က ကာပယ်လိုရဲ့ ဘောလုံးလောက အတွေ့အကြုံတွေနဲ့ အောင်မြင်မှု မှတ်တမ်းတွေ အတွက် လေးစားချီးကျုးကြောင်း ပြောဆိုပါတယ်။
ချဲလ်ဆီးကွင်းလယ်လူက “ကာပယ်လိုက ဘောလုံးလောကရဲ့ ဘယ်အဆင့်မှာမဆို အနိုင်ရ အောင် လုပ်နိုင်တယ် ဆိုတာကို ပြသပြီးပါပြီ။ သူ့ကို ရွေးရင် အကောင်းဆုံး ရွေးချယ်မှု ဖြစ်မှာ ပါ” လို့ ပြောပါတယ်။
အသက် (၂၉)နှစ်သား ကွင်းလယ်လူဟာ အင်္ဂလန်အတွက် ပွဲပေါင်း (၆၀)နဲ့ ဂိုးပေါင်း (၁၄)ဂိုး သွင်းပေးထားပါတယ်။
|