ဖာဘီယို ကာပယ်လိုနဲ့ စကားပြောဆိုရတာ ဘာပြဿနာမှ မရှိဘဲ အပေါင်းလက္ခဏာ လုံးလုံးဆောင်တဲ့အတွက် အင်္ဂလန်နည်းပြသစ် ဖြစ်လာနိုင်ကြောင်း အက်ဖ်အေက ထုတ်ဖော် လိုက်ပါ တယ်။
ကာပယ်လိုဟာ အက်ဖ်အေနဲ့ စကားပြောဆိုပြီးနောက် မနေ့ကပဲ ဟီသရိုးလေဆိပ်ကို ထွက်ခွာ သွားခဲ့ပါတယ်။
အသက် (၆၁)နှစ်သား အီတလီနည်းပြဟာ အက်ဖ်အမှုဆောင် ဘရိုင်ယန် ဘာဝစ်၊ ဖွံ့ဖြိုး တိုး တက်ရေး ဒါရိုက်တာ ဆာ တရီဗာ ဘရုပ်ကင်းတို့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။
အက်ဖ်အေရဲ့ ဆက်သွယ်ရေး ဒါရိုက်တာ အက်ဒရီရန် ဘီဘင်တန်က “ကာပယ်လိုရဲ့ အကြံ ပေးနဲ့ ကျနော်တို့ လူတွေကြားမှာ နောက်ထပ် ဆွေးနွေးနိုင်ဖို့ နားလည်မှု အပြည့်ရှိတဲ့ စကား ပြောပွဲ ဖြစ်ခဲ့ပါတယ်” လို့ ပြောပါတယ်။
ရီရဲလ်၊ ဂျုဗင်တပ်၊ ရိုးမားနဲ့ အေစီမီလန်နည်းပြဟောင်းဟာ လောလောဆယ် အင်္ဂလန် နည်း ပြဖြစ်ဖို့ ထိပ်ဆုံးကနေ ရေပန်းစားနေပါတယ်။
ဘီဘီစီ ရေဒီယို 5 Live ရဲ့ ဘောလုံးသတင်းထောက် ဂျိုနသန် လီဂတ်က စာချုပ်ဖို့အတွက် ပဏာမ ဆွေးနွေးမှုဖြစ်တဲ့ လက်ဗွေရာကို နှိပ်ပြီးပြီဖြစ်လို့ ပြောပါတယ်။
ကာပယ်လိုဟာ ပြီးခဲ့တဲ့နှစ်မှာ ရီရဲလ်မက်ဒရစ်ကို လာလီဂါ ချန်ပီယံဖြစ်အောင် ပြုလုပ်ပေးနိုင် ခဲ့ပေမယ့် အထုတ်ပယ် ခံရတဲ့အတွက် လောလောဆယ် အီတလီရုပ်သံတစ်ခုမှာ ဘောလုံး ကျွမ်းကျင်သူအဖြစ် လုပ်ကိုင်နေပါတယ်။ |