DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခံရဖို့ ဂျွန်တယ်ရီ အနေအထားက မသေချာ
သည်ဆန်း - ဒီဇင်ဘာ ၁၂၊ ၂၀၀၇

ဂျွန်တယ်ရီဟာ အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဆက်လက် တာဝန်ပေးအပ် ခံရဖို့ မသေချာတဲ့ အနေအထားမှာ ရှိပါတယ်။

အက်ဖ်အေဘုတ်အဖွဲ့က နည်းပြသစ်အဖြစ် ဖာဘီယို ကာပယ်လိုကို ခန့်အပ်ပြီးတဲ့အခါမှာ တယ်ရီရဲ့ အနေအထားကို ပြန်လည်သုံးသပ်မှာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းခေါင်းဆောင် တယ်ရီဟာ အင်္ဂလန်ခေါင်းဆောင်အဖြစ် ဂုဏ်ယူစွာနဲ့ ကြိုးစား ထမ်းဆောင်နေပေမယ့် ကွင်းပြင်ပမှာတော့ လူကြိုက် နည်းပါတယ်။

တယ်ရီကို အသင်းခေါင်းဆောင်လက်ပတ် ဆက်လက်ပေးအပ်ဖို့ အရေးက ကာပယ်လိုရဲ့ ဆုံးဖြတ်အပေါ်မှာ မူတည်မှာ ဖြစ်ပေမယ့် ထင်ရှားတဲ့သူတွေရဲ့ အပြောအရ ရုပ်သိမ်းခံရ နိုင်ဖွယ် ရှိပါတယ်။

ယင်းကိစ္စကို လာမယ့် (၁၉)ရက်နေ့ ဘုတ်အဖွဲ့အစည်းအဝေးမှာ ဆွေးနွေးပြီး ဆုံးဖြတ်သွားဖို့ အလားအလာ များပါတယ်။

ဘုတ်အဖွဲ့ဝင်တစ်ယောက်က “တယ်ရီရဲ့ အင်္ဂလန်အသင်း အပေါ်မှာထားတဲ့ ဆန္ဒတွေနဲ့ စွမ်းဆောင်ရည်တွေကို ဘယ်သူမှ သံသယ မရှိပါဘူး။ ဒါပေမယ့် သူ့အနေနဲ့ အရမ်း အရေးကြီးတဲ့ အလုပ်တစ်ခုရဲ့ တာဝန်တွေကိုတော့ နားလည်ဖို့ လိုပါတယ်” လို့ ပြောပါတယ်။


ဂျွန်တယ်ရီ