DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
နည်းပြအလုပ်ကို လက်ခံဖို့ လက်တကမ်းအလိုမှာ မော်ရင်ဟို ကိုယ်တိုင်က ငြင်းဆန်ခဲ့
အေဂျင်စီသတင်းများ - ဒီဇင်ဘာ ၁၁၊ ၂၀၀၇

ဂျိုဆေ မော်ရင်ဟိုဟာ အင်္ဂလန် နည်းပြဖြစ်ဖို့ လက်တကမ်း အလိုမှာ လက်မခံဘဲ ကိုယ်တိုင် ငြင်းဆန် လိုက်ပါတယ်။

ချဲလ်ဆီးနည်းပြဟောင်းက ပြီးခဲ့တဲ့လက အထုတ်ခံရတဲ့ မက္ကလာရင်ရဲ့ နေရာမှာ အစားထိုးဝင်ရောက်ဖို့အတွက် အက်ဖ်အေနဲ့ စကားပြောဆိုခဲ့ကြောင်း ထုတ်ဖော် ထားပါတယ်။

အေးဂျင့်ရဲ့ ၀က်ဆိုဒ်မှာ မော်ရင်ဟို ပြောတာက “ဒီအလုပ်က အကောင်းဆုံး အလုပ် တစ်ခု ဖြစ်ပေမယ့် ကျနော်အနေနဲ့ လေးလေးနက်နက် အပြန်ပြန် အလှန်လှန် စဉ်းစားပြီးနောက် လက်ရှောင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

“အက်ဖ်အေအနေနဲ့ မန်နေဂျာကောင်းတစ်ယောက်ကို သေချာပေါက် ရှာဖွေနိုင် ပါလိမ့်မယ်။ နည်းပြတစ်ယောက်တော့ အသင်းမှာ ပြန်ရမှာပါ”

အက်ဖ်အေအမှုဆောင် ဘရိုင်ယန် ဘာဝစ်၊ ဘောလုံးဒါရိုက်တာ ထရီဗာ ဘရုပ်ကင်းတို့နဲ့ ဆွေး နွေးခဲ့ပြီး အကျိုးရှိကြောင်းကိုလည်း မော်ရင်ဟိုက ပြောပါတယ်။

“အင်္ဂလန်အသင်းရဲ့ အခြေအနေ တစ်ခုလုံးနဲ့ ပက်သက်ပြီး ကျနော်တို့ရဲ့ အမြင်တွေ အယူအဆတွေကို ဖလှယ်ပြီး အကဲဖြတ် ခဲ့ပါတယ်။ တကယ့်အစစ်အမှန် ပြဿနာတွေကို ချဉ်းကပ် နိုင်ဖို့ ရည်မှန်းချက်တွေ တပ်ဆင်ခဲ့ပါတယ်”

နည်းပြအလုပ်ကို လက်မခံဖို့ သူကိုယ်တိုင်က ငြင်းဆန်းခဲ့ပြီးနောက် မော်ရင်ဟိုက “အင်္ဂလန်မှာ (၃)နှစ်လောက် ကျနော် အလုပ်ကောင်းကောင်း လုပ်နိုင်ခဲ့ပြီးကတည်းက အင်္ဂလိပ်ဘောလုံးလောကကို လေးစားတဲ့အကြောင်း အထပ်ထပ် အခါခါ ပြောခဲ့ပါတယ်။ အင်္ဂလန်အနေနဲ့ မကြာမီမှာ သူတို့ရဲ့ ပုံမှန်ရလဒ်တွေကို ပြန်ရလာလိမ့်မယ်လို့ ကျနော် စွဲစွဲမြဲမြဲ ယုံကြည်ပါတယ်” လို့ ထပ်ပြောပါတယ်။

နည်းပြဟောင်း မက္ကလာရင် ပြီးခဲ့တဲ့လက အထုတ်ခံရပြီးကတည်းက အင်္ဂလန်နည်းပြရာထူး နေရာမှာ ရေပန်းအစားဆုံးကတော့ မော်ရင်ဟိုပဲ ဖြစ်ပါတယ်။

မော်ရင်ဟိုက ငြင်းဆန်လိုက်ပြီးနောက် ယင်းနည်းပြနေရာအတွက် အီတလီနည်းပြတွေဖြစ်တဲ့ ကာပယ်လိုနဲ့ လစ်ပီတို့ ဦးစားပေးနေရာကို ရောက်လာပါတယ်။

ဂျာမန်နည်းပြဟောင်း ကလင်စမန်းလည်း ရေပန်းစားတဲ့အထဲမှာ ပါဝင်ပါတယ်။

အက်ဖ်အေအနေနဲ့ သူတို့ရဲ့ နည်းပြသစ်နာမည်ကို ဒီဇင်ဘာ (၁၉)ရက်နေ့မှာ တရားဝင် ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပါတယ်။

အင်္ဂလန်ဟာ လာမယ့်နှစ် ဖေဖေါ်ဝါရီ (၆)ရက်နေ့မှာ ယူရို ၂၀၀၈ အိမ်ရှင်ဖြစ်တဲ့ ဆွစ်ဇာလန်နဲ့ ခြေစမ်းပွဲ ကစားဖို့ ရှိပါတယ်။


အင်္ဂလန်နည်းပြရာထူး ငြင်းပယ်လိုက်တဲ့ မော်ရင်ဟို