DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
အင်္ဂလန်နည်းပြ ရာထူးအတွက် ကာပယ်လိုနဲ့ အက်ဖ်အေတို့ စကား ပြောဆိုနေ
အေဂျင်စီသတင်းများ - ဒီဇင်ဘာ ၁၁၊ ၂၀၀၇

နည်းပြ ရာထူးကို လက်ခံဖို့ မော်ရင်ဟို ကိုယ်တိုင်က နောက်ဆုတ် သွားတဲ့အတွက် အင်္ဂလန်နည်းပြနေရာအတွက် ထင်ထင်ရှားရှား ရေပန်းစားလာသူကတော့ အီတလီသား ကာပယ်လိုပဲ ဖြစ်ပါတယ်။

အသက် (၆၁)နှစ်သား ကာပယ်လိုကို အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)က မကြာမီမှာ နည်းပြအဖြစ် ခန့်အပ်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။

ချဲလ်ဆီးနည်းပြဟောင်း မော်ရင်ဟိုက အင်္ဂလန်နည်းပြအလုပ်ကို လက်မခံဖို့ မနေ့က ဆုံးဖြတ် ခဲ့လို့ မီလန်၊ ရီရဲလ်နဲ့ ဂျုဗင်တပ်နည်းပြဟောင်း ကာပယ်လိုဟာ ယင်းရာထူးအတွက် ရေပန်းအစားဆုံးသူ ဖြစ်လာခဲ့ခြင်း ဖြစ်ပါတယ်။

သတင်းစာတော်တော်များများက အီတလီကို ၂၀၀၆ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်အောင် လုပ်ပေးခဲ့တဲ့ မာဆယ်လို လစ်ပီလည်း နည်းပြဖြစ်ဖို့ ရေပန်းစား နေပေမယ့် အက်ဖ်အေက ကာပယ်လိုနဲ့ ဒီအပတ်အတွင်းမှာ တွေ့ဆုံနိုင်ကြောင်း ခန့်မှန်း ကြပါတယ်။

ကာပယ်လိုကလည်း ပြီးခဲ့တဲ့လမှာ နည်းပြဟောင်း မက္ကလာရင် အထုတ်ခံရချိန်ကတည်းက အင်္ဂလန်နည်းပြအလုပ်ကို စိတ်ဝင်စားကြောင်း ထုတ်ဖော် ခဲ့ပါတယ်။

“ဒီလုပ်က တကယ် လှပတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ ကျနော့် အသက်အရွယ်နဲ့လည်း ကွတ်တိပါပဲ” လို့ ကာပယ်လိုက ပြီးခဲ့တဲ့လတုန်းက ပြောပါတယ်။

ဘီဘီစီရဲ့ ဘောလုံးသတင်းထောက် ဂျိုနသန် လီဂတ်က “ကျနော့် နားလည်ချက်အရ ကာပယ် လိုနဲ့ အက်ဖ်အေရဲ့ကြားမှာ ဆက်သွယ်မှုတေ ရှိနေပြီးသားပါ။ ဒီထက်ပိုပြီး ဆက်စပ်ဖို့ပဲ ရှိပါ တယ်” လို့ ပြောပါတယ်။

အင်္ဂလိပ်စကားကို အကန့်အသတ်နဲ့သာ ပြောဆိုနိုင်တဲ့ ရီရဲလ် နည်းပြဟောင်းက အင်္ဂလန် အသင်းရဲ့ ပြဿာနက နည်းစနစ်ပိုင်း မဟုတ်ဘဲ အသင်းလိုက် စိတ်ဓါတ်ပိုင်းပဲဖြစ်ကြောင်း ထောက်ပြ ပြောဆိုခဲ့ ဖူးပါတယ်။

ကာပယ်လိုဟာ နည်းပြသက်တမ်း (၁၆)နှစ်အတွင်း အမှတ်ပေးဖလား (၉)ကြိမ်နဲ့ ၁၉၉၄မှာ မီလန်ကို ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေး နိုင်ခဲ့ပါတယ်။

သူဟာ ရီရဲလ်မက်ဒရစ်ကို ပြီးခဲ့နှစ်မှာ လာလီဂါ ချန်ပီယံဖြစ်အောင် လုပ်ပေးနိုင် ခဲ့ပေမယ့် အထုတ်ခံရလို့ အီတလီမှာရှိတဲ့ Rai တီဗွီမှာ ဘောလုံးကျွမ်းကျင်သူအဖြစ် လတ်တလော လုပ်ကိုင်နေပါတယ်။


ကာပယ်လို