မာကို ဗန် ဘတ်စ်တန်က ယူရို ၂၀၀၈ ပြိုင်ပွဲပြီးရင် ဟော်လန်နည်းပြအဖြစ်ကနေ နူတ်ထွက်မှာဖြစ်ကြောင်း ဒတ်ခ်ျဘောလုံးအဖွဲ့ချုပ်ရဲ့ မန်နေဂျင်း ဒါရိုက်တာက ပြောပါတယ်။
ဗန်ဘတ်စ်တန်နဲ့ သူ့ရဲ့ လက်ထောက် ဂျွန်ဗန်ချစ်တို့ဟာ နောက်နှစ် ဇွန်လမှာ စာချုပ်သက် တမ်း ကုန်မှာဖြစ်ပေမယ့် သက်တမ်းတိုးမှာ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ဖလားအပြီးမှာ လာမယ့် ယူရိုပြိုင်ပွဲဟာ ကျနော်တို့အတွက် စိန်ခေါ်မှုအသစ် ဆိုတာကို စဉ်းစားခဲ့ပါတယ်။ (၄)နှစ်လောက် လုပ်ပြီးပြီ ဖြစ်တဲ့အတွက် ပတ်ဝန်းကျင်အသစ်မှာ အလုပ်လုပ် ချင်ပါတယ် လို့ ဗန်ဘတ်စ်တန်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒတ်ခ်ျအက်ဖ်အေရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
အသက် (၄၃)နှစ်ရှိ နည်းပြက “အနာဂတ်က ကျနော်နဲ့ ဂျွန်ကို ဘယ်ကို ခေါ်သွားမလဲ ဆိုတာ ကို မတွေးတတ်ပါဘူး။ ဒါပေမယ့် ဒတ်ခ်ျအက်ဖ်အေကိုတော့ ကျနော်တို့ ဘာဖြစ်ချင်တယ် ဆိုတာကို အချိန်မှီ အကြောင်းကြားဖို့ လိုပါတယ်” လို့ ပြောပါတယ်။
ဟော်လန်အသင်းဟာ လာမယ့် ဇွန်လမှာ ကျင်းပဖို့ရှိတဲ့ ယူရို ၂၀၀၈ ပြိုင်ပွဲရဲ့ အုပ်စုတွင်းမှာ အုပ်စုကြပ်ပြီး အီတလီ၊ ပြင်သစ်၊ ရိုမေးနီးယားတို့နဲ့ တစ်အုပ်စုတည်း ကျပါတယ်။ |

ဟော်လန်နည်းပြ ဗန်ဘတ်စ်တန်
|