DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
အင်္ဂလန်နည်းပြရာထူးကို မော်ရင်ဟို လက်ခံနိုင်ဖွယ်ရှိတယ်လို့ တယ်ရီ ထုတ်ဖော်
အေဂျင်စီသတင်းများ - ဒီဇင်ဘာ ၅၊ ၂၀၀၇

ဂျိုဆေ မော်ရင်ဟိုဟာ အကောင်းဆုံး အခွင့်အရေးအဖြစ် အင်္ဂလန်နည်းပြရာထူးကို လက်ခံနိုင်ဖွယ်ရှိကြောင်း လက်ရွေးစင်အသင်းခေါင်းဆောင် ဂျွန်တယ်ရီက မနေ့က ပြောပါတယ်။

“သူက ကျနော့်အတွက်တော့ တကယ့်ကို ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးနိုင်တဲ့ လူတစ် ယောက်ပါ။ သူက ပြောင်းလဲ့မှုတွေကို အကြီးအကျယ် လုပ်ပြနိုင်ပါတယ်” လို့ တယ်ရီ က ပြောပါတယ်။

အင်္ဂလန်ဟာ ယူရို ၂၀၀၈ ခြေစစ်ပွဲ မအောင်လို့ မက္ကလာရင်ကို ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြ သစ် ရှာပုံတော် ဖွင့်နေပါတယ်။

“မော်ရင်ဟိုက နည်းစနစ်ပိုင်းမှာလည်း တကယ့်တော်တဲ့ လူ တစ်ယောက်ပါ။ သူက ပွဲတစ်ပွဲကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာကို ကောင်းကောင်းသိပါတယ်” လို့ ကွင်းလယ်ခံစစ်မှူးက ပြောပါတယ်။

“သူ ရောက်လာပြီး ကျနော်တို့ ချဲလ်ဆီးကို အဆင့်သစ်တစ်ခုကို ရောက်အောင် ပို့နိုင် ခဲ့ပါတယ်။ ကျနော် သူနဲ့ တွဲပြီး အလုပ်လုပ်ခွင့်ရတဲ့အတွက် အရမ်း ကံကောင်းပါတယ်။ သူဟာ မန်နေဂျာ တစ်ယောက်အနေနဲ့ရော ပုဂ္ဂိုလ်ရေးအရပါ ချစ်စရာကောင်းတဲ့ လူ တစ်ယောက် ဖြစ် ပါတယ်”

ပေါ်တူဂီသားနည်းပြဟာ ချဲလ်ဆီးကို ကိုင်တွယ်ခဲ့စဉ်အတွင်း ၂၀၀၅နဲ့၂၀၀၆ ပရီးမီးယားရှစ် ချန်ပီယံဖြစ်အောင် လုပ်ပေးခဲ့ပြီး အသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျနဲ့ သဘောထား မတိုက်ဆိုင် လို့ စက်တင်ဘာမှာ နူတ်ထွက်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းခေါင်းဆောင်က “တကယ်လို့ သူ့ကို ဆက်သွယ် စကားပြောချင်ရင် အက်ဖ် အေအနေနဲ့ ကိုယ်ကစပြီး ဆက်သွယ်ရပါမယ်” လို့ ပြောပါတယ်။

အသက် (၂၈)နှစ်သား တယ်ရီက နည်းပြသစ် ခန့်အပ်ဖို့ အကြံဥာဏ် တောင်ခံဖို့အတွက် အက်ဖ်အေ အမှုဆောင် ဘာဝစ်က သူကို တိုင်ပင်ခဲ့ကြောင်း ထုတ်ဖော်ပါတယ်။

“ကျနော့် ဘာဝစ်နဲ့ တွေ့ဆုံခဲ့ ပြီးပါပြီ။ ဒါဟာ ကျနော့်နဲ့ ပုဂ္ဂိုလ်ရေး ကိစ္စပဲ ဖြစ်ပါတယ်။ မန်နေ ဂျာ ကိစ္စ မဟုတ်ပါဘူး။ အဲဒီတွေ့ဆုံမှုမှာ ပြောဖြစ်ခဲ့တာတွေက အများကြီးပါပဲ” လို့ တယ်ရီက ထပ်ပြောပါတယ်။

အင်္ဂလန်ဟာ ယူရိုပြိုင်ပွဲက ထွက်ခဲ့ရလို့ ဦးစားပေး အဆင့်လျောကျခဲ့ပြီးနောက် မကြာသေးမီက ထွက်ပေါ်လာတဲ့ ၂၀၁၀ ကမ္ဘာ့ဖလား အုပ်စုခွဲတမ်းမှာ ခရိုအေးရှားနဲ့ တစ်အုပ်စုတည်း ထပ်မံ ကျရောက်ပါတယ်။


အင်္ဂလန်အသင်းခေါင်းဆောင် တယ်ရီ