DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
အက်ဖ်အေက ချဉ်းကပ်ရင် မော်ရင်ဟိုအနေနဲ့ လက်ခံနိုင်ဖွယ်ရှိကြောင်း ပုဂ္ဂိုလ်ရေး အကြံပေး က ပြောဆို
ဘီဘီစီ - ဒီဇင်ဘာ ၄၊ ၂၀၀၇

တကယ်လို့ အက်ဖ်အေကနေ အင်္ဂလန်နည်းပြရာထူးအတွက် မော်ရင်ဟိုကို ချဉ်းကပ်လာရင် သူ့အနေနဲ့ လက်ခံစဉ်းစားနိုင်ကြောင်း ချဲလ်ဆီးနည်းပြဟောင်းရဲ့ ပုဂ္ဂိုလ်ရေး အကြံပေးက ပြော ပါတယ်။

အကြံပေးဖြစ်တဲ့ အယ်လာဒီရို ပါရာမီးစ်က “မော်ရင်ဟိုနဲ့ အက်ဖ်အေ အဆက်အသွယ် မရှိပါ ဘူး။ တကယ်လို့ လေးလေးနက်နက် ကမ်းလှမ်းလာရင်တော့ အဲဒီတာဝန်ကို သူ ယူနိုင်ဖွယ် ရှိပါတယ်” လို့ ပြောပါတယ်။

“ဒါဟာ သူ့အတွက် ဂုဏ်ပြုရာ ကျပါတယ်။ သူက အင်္ဂလိပ်ဘောလုံးကစားနည်း၊ တိုင်းပြည်နဲ့ ကစားသမားတွေကို ကြိုက်ပါတယ်”

“အဲဒီအတွက် သူ့ကို ကမ်းလှမ်းလာအောင်တော့ တကူးတက လက်ထောင်ပြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကမ်းလှမ်းလာရင်တော့ အကြောင်း ပြန်မှာပါ”

စက်တင်ဘာမှာ ချဲလ်ဆီးကနေ နူတ်ထွက်ခဲ့တဲ့ မော်ရင်ဟိုဟာ နည်းပြဟောင်း မက္ကလာရင် အ ထုတ်ခံရပြီးကတည်းက အင်္ဂလန်နည်းပြရာထူးအတွက် ရေပန်းစားတဲ့ စာရင်းမှာ ထိပ်ဆုံးက နေ ပါဝင်ပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေက အက်ဖ်အေက မော်ရင်ဟိုကို တစ်နှစ်ကို လစာ ပေါင် (၆)သန်းနဲ့ ကမ်းလှမ်းတော့မယ်လို့ ဆိုပါတယ်။

အက်ဖ်အေဟာ အင်္ဂလန်နည်းပြသစ် ခန့်အပ်ဖို့အတွက် ဖီဖာဥက္ကဌ၊ ယူအီးအက်ဖ်အေ ဥက္ကဌ၊ ပရီမီးယားရှစ်နည်းပြတွေနဲ့ အင်္ဂလန်နည်းပြဟောင်းတွေအပြင် လက်ရှိ လက်ရွေးစင် ကစား သမားတွေရဲ့ အကြံဥာဏ်ကို တောင်းခံထားပါတယ်။


အိမ်ပေါက်ဝကနေ သတင်းထောက်တွေရဲ့ အမေးကို ဖြေဆိုနေတဲ့ မော်ရင်ဟို