ဒီနှစ်ဆီးဂိမ်းဘောလုံးပွဲမှာ မျှော့်လင့်ထားတဲ့အတိုင်း အုပ်စု(က)မှာ ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား တို့သာ အားပြိုင်ခဲ့ရပြီး ခြေစွမ်းနဲ့ ကစားပုံအရ ထိုင်းအသင်းဟာ အုပ်စုဗိုလ်နဲ့ ဆီမီးအဆင့်ကို ထိုက်ထိုက် တန်တန် တက်သွားပြီး မြန်မာနဲ့ အင်ဒိုနီးရှားတို့မှာ ကံကြမ္မာနဲ့ ခြေစွမ်းပိုင်းအနည်းငယ် အသာရခဲ့တဲ့ မြန်မာအသင်းဟာ အင်ဒိုနီးရှားကိုကျော်ပြီး အုပ်စုဒုတိယနဲ့ ဆီမီးတက် လာပါတယ်။ အုပ်စု (ခ)မှာလည်း ထင်ထားတဲ့အတိုင်းပဲ ဗီယက်နမ်က အုပ်စုဗိုလ်စွဲပြီး၊ စင်ကာပူက အုပ်စုဒုတိယနဲ့ တက်လာတာတွေ့ရတယ်။

ဆီးဂိမ်းစ် အမှတ်တံဆိပ်
လူငယ်တွေအများစုပါဝင်
ဒီနှစ်ဆီးဂိမ်းမှာ အသင်းအများစုဟာ 23 နှစ်အောက် လူငယ်အများစုကိုပဲ ရွေးချယ်ပြိုင်ပွဲဝင်လာ ကြတာတွေ့ရတယ်။ တစ်ချို့အသင်းတွေကတော့ အသက် ၂၃ နှစ်အောက်သတ်မှတ်ချက်လွတ်တယ်ဆို ရုံလေးရွေးလာကြပေမယ့် ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားအသင်းတွေဟာ အသက် ၂၀ ၀န်းကျင် မျက်နှာသစ်ကစားသမားအများစုကို ရွေးလာကြလို့ တစ်သင်းနဲ့တစ်သင်းဟာ ခြေသိပ်မကွာ ကြဘူး။ ဆီမီးတက်လာတဲ့ ၄ သင်းထဲမှာ မြန်မာအသင်းဟာ ပျမ်းမျှအသက်နဲ့ လက်ရွေးစင်အဖြစ်ပါဝင် ကစားတဲ့နှစ်အတွေ့အကြုံအရပြောရင် အခြား ၃ သင်းထက် ပိုရင့်နေတာကိုလည်း အမှန်အတိုင်းဝန်ခံရမယ်။
အားနည်းချက်ကိုယ်စီရှိ
အသင်းတိုင်းနီးပါးက လူငယ်တွေကိုအခြေခံပြီး ပြိုင်ပွဲဝင်လာကြတော့ ခြေစွမ်းတည်ငြိမ်မှုအပိုင်းမှာ အ နည်းနဲ့အများ အားနည်းနေသေးတာတွေ့ရတယ်။ လက်ရှိအကောင်းဆုံးလို့ယူဆရတဲ့ ထိုင်းအသင်း ကိုကြည့်ရင်တောင် အားနည်းချက်အချို့ရှိနေသေးတယ်။ ထိုင်းအသင်းဟာ တစ်ဦးချင်း ဘောလုံးအထိန်း အသိမ်း နဲ့ ကစားကွက်ဖော်ဆောင်မှုအပိုင်းမှာ အခြားအသင်းတွေထက် သာတာမှန်ပေမယ့် ဒုတိယပိုင်းပြီး ခါနီးမှာဆို အာရုံစူးစိုက်မှု အနည်းငယ်လျော့သွားတတ်ပြီး ကစားအားလည်း ကျသွားတတ် တာတွေ့ရတယ်။ အုပ်စုအ ဆင့်ဖြစ်လို့ ဒီလိုအားနည်းချက်တွေရှိနေတာဆိုရင်တော့ ပြဿနာ မရှိနိုင်ပေမယ့် ဆီမီးအဆင့်မှာ ဒီလိုသာ ဆက်ဖြစ်နေရင်တော့ တစ်ချိန်မဟုတ်တစ်ချိန်အခက်တွေ့နိုင်တယ်။
တော်တော်ထင်ထားတဲ့ ဗီယက်နမ်အသင်းဟာလည်း လက်ရှိခြေစွမ်းအရ သိပ်အားရစရာ မကောင်းသေးဘူး။ အုပ်စု ပွဲဦးထွက်မှာ မလေးရှားကို ၄ ဂိုးပြတ်နိုင်တဲ့ ခြေစွမ်းကြောင့်စင်ကာပူကိုလည်း ကပ်နိုင်(သို့မဟုတ်) အနိမ့်ဆုံးသရေကျမယ်လို့ ထင်ခဲ့ပေမယ့် ၂-၃ နဲ့ ရှုံးသွားတာကိုကြည့်ရင် ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းသေးတဲ့သဘောပဲ။ ဗီယက်နမ်အသင်းရဲ့ အသိသာဆုံးအားနည်းချက်ကတော့ တိုက် စ်ကိုအလွန် အကျွံလိုက်ကစားပြီး တစ်ဖက်အသင်းက တန်ပြန်တိုက်စစ်နဲ့ မြန်မြန်ဖောက်ကစားရင် ပြန်မထိန်းနိုင်တဲ့အချက်ပဲ။ ကစားသမားအများစုဟာလည်း တစ်ခါတစ်လေမှာ မလိုအပ်ဘဲ ခပ်ကြမ်းကြမ်း ကစားတတ်တဲ့ အကျင့်ရှိလို့ သူတို့ကိုဆွကစားတတ်ရင် ပြိုင်ဘက်အသင်းအနေနဲ့ အခွင့်ရေး ကောင်းရနိုင်တယ်။
စင်ကာပူအသင်းဟာလည်း အားနည်းချက်တော်တော်ရှိနေသေးတယ်။ တိုက်စစ်ကစားပုံမဆိုး ပေမယ့် ကစား သမားအချို့ဟာ တစ်ကိုယ်တော်ကစားချင်စိတ်များပြီး ဘောလုံးပေးပို့မှု အပိုင်းမှာလည်း သပ်ရပ်မှုမရှိသေးဘဲ မကြာခဏအလွဲလွဲအချော်ချော်ဖြစ်နေတတ်တယ်။ အသိသာဆုံးအားနည်းချက် ကတော့ တစ်ဘက်အသင်းကို အထင်သေးတတ်ပြီး ပွဲအပေါ်အာရုံစူးစိုက်မှုအပိုင်း အားနည်းတာပဲ။
ပြင်ရဦးမယ့် မြန်မာအသင်း
မြန်မာအသင်းဟာ ကစားသမားအင်အားအရ တခြားအသင်းတွေထက် နှာတစ်ဖျားသာပေမယ့် ပြိုင်ပွဲအကြိုမှာ နိုင်ငံတကာပွဲကစားထားတဲ့အရေအတွက် မရှိသလောက် နည်းပါးမှုကြောင့် အသင်းသား တွေဟာ ယုံကြည်မှု အားနည်းနေပြီး ခြေစွမ်းကလည်း တစ်ပွဲနဲ့တစ်ပွဲကွာခြားနေတာတွေ့ရတယ်။ အသိ သာဆုံးအားနည်းချက်ကတော့ အဆုံးသတ်တိုက်စစ်ပိုင်း မကောင်းသေးဘဲ ခံစစ်ကလည်း လျင်မြန်တဲ့ တိုက်စစ်မှူးတွေနဲ့တွေ့ရင် တည်ငြိမ်မှုပျက်သွားပြီး မထိန်းချုပ်တတ်သေးပါဘူ့း။ တစ်ဘက်အသင်းရဲ့ တည်ဘောတွေကို ကာကွယ် ဖျက်ထုတ်ရာမှာလည်းအားနည်းပြီး မပေးသင့်တဲ့ဂိုးတွေ ပေးနေရတာကို ကမ္ဘောဒီးယားနဲ့ပွဲမှာ အထင်း သားတွေ့ရတယ်။ ဘရာဇီးနည်းပြကြီး မားကို့စ်ကလည်း အင်ဒိုနီးရှားနဲ့ပွဲမှာ အနိုင်ရဖို့ အရေးကြီးတာကိုသိလျက်နဲ့ တစ်ဖက်အသင်းကို ထိုးဖောက်ကစားနိုင်မယ့် တိုက်စစ်မှူးတွေ လည်းရှိလျက်နဲ့ ၄-၄-၂ ဒါမှမဟုတ် ၄-၃-၃ ပုံစံနဲ့ ပြောင်းကစားရမယ့်အစား ၄-၅-၁ ပုံစံကိုပဲ မပြောင်းဘဲ ကစားခဲ့တာကြောင့် အနိုင်ရသင့်တဲ့ပွဲမှာ သရေကျအောင် အသည်းအသန်ကစားခဲ့ရတာဖြစ်တယ်။
မားကို့စ်ရဲ့ လူထုတ်ပုံနဲ့ နည်းဗျူဟာပြောင်းလဲပုံမှာလည်း အံကိုက်မဖြစ်သေးဘဲ လှုပ်ကစားသင့် တဲ့အချိန်မှာ ကိုင်ကစားတတ်တဲ့ကစားသမားမျိုးကို ထည့်တတ်ပြီး တစ်ဖက်အသင်းရဲ့ Tempo ကို ချပြီး ဘောလုံးကို ထိန်းကိုင်ကစားရမယ့်အချိန်မှာ လှုပ်ကစားတဲ့ကစားသမားမျိုးကို ထည့်တတ်တာတွေ့ရ တယ်။ ဒါကြောင့် အသင်းဟန်ချက်ဟာ တည်ငြိမ်မှုမရှိသေးဘဲ တစ်ဘက်အသင်းက ကျသွားချိန်မှသာ ဂိုးတွေသွင်း နိုင်တာ တွေ့ရတယ်။ သူ့ရဲ့ အကြီးမားဆုံးအားနည်းချက်ကတော့ ပြိုင်ဘက်အနေအထားပေါ် မူတည်ပြီး လူနဲ့ကစားကွက်ကို အချိန်ကိုက်ပြောင်းလဲ ပွဲထုတ်ကစားမှုအပိုင်းမှာ လိုအပ်ချက်ရှိနေတာပဲဖြစ် တယ်။ တကယ်တော့ မြန်မာအသင်း သိပ်ကောင်းလို့ထက် ထိုင်းအသင်းရဲ့ ဆောင်မမှုကြောင့် ဆီမီး တက်လာခဲ့တာဖြစ်တယ်။ ဒါကြောင့် မြန်မာအသင်းအနေနဲ့ ဆီမီးမှာ တွေ့ရမယ့် ဗီယက်နမ်အသင်း ကို လက်ရှိ ခြေစွမ်းထက်ပိုကောင်းအောင် ကစားနိုင်မှသာ မျှော်လင့်ချက်ရှိနိုင်မယ်။
ထိုင်းပဲနိုင်ခြေများ
လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ကစားရမယ့် ဆီမီးဖိုင်နယ် ၂ ပွဲမှာ ထိုင်းအသင်းဟာ လက်ရှိ ခြေစွမ်းနဲ့ ကစားပုံအရ စင်ကာပူထက်အများကြီးသာနေပြီး အိမ်ရှင်အခွင့်အရေးလည်းရှိနေလို့ ထိုင်း အသင်းပဲ နိုင်ခြေများပါတယ်။ ဒါပေမယ့် စင်ကာပူရဲ့တန်ပြန်တိုက်စစ်နဲ့ တစ်ဖက်အသင်းအပေါ် ဆွကစားတတ်တဲ့ အကျင့်ကိုတော့ ထိုင်းအသင်းသတိထားဖို့လိုတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ ထိုင်းဟာ စင်ကာပူ ကို မနိုင်စရာမရှိဘဲ စင်ကာပူအသင်း သိပ်ကောင်းမှသာ ပွဲချိန် မိနစ် ၉၀ မှာ အမြင့်ဆုံး သရေလောက်ပဲ ကျနိုင်မယ်။ ဆီဂိမ်းဘောလုံးပွဲကို ၈ ကြိမ်ဆက်တိုက်ဗိုလ်စွဲဖို့ အားခဲထားတဲ့ ထိုင်းအသင်းအနေနဲ့ စင်ကာပူ နဲ့ဆီမီးပွဲကို အမှားခံမယ် မထင်လို့ စင်ကာပူအတွက် အခွင့်အရေးသိပ်နည်းပါတယ်။
ဗီယက်နမ်ကို သိပ်ကြောက်စရာမရှိပေမယ့်
ဗီယက်နမ်နဲ့တွေ့ရမယ့် ဆီမီးပွဲဟာ မြန်မာအသင်းအတွက် အများကြီးခက်ခဲမှာ သေချာပေမယ့် အုပ်စု (ခ)နောက်ဆုံးပွဲစဉ်မှာ လာအိုကို ကစားသွားတဲ့ ဗီယက်နမ်အသင်းရဲ့ခြေအရ မြန်မာအသင်းအနေ နဲ့ကစားတတ်ရင် အနိုင်ရဖို့ မျှော်လင့်ချက်ရှိနေတယ်။ ဗီယက်နမ်အသင်းဟာ Team Work ကောင်းပြီး စိတ်ဓာတ်ပိုင်းလည်း အလွန်မာကျောမှုရှိပေမယ့် ရှေ့တန်းက လီကောင်ဗင် ခြေမှန်မပေါ်ရင် တိုက်စစ် ကနေ ဂိုးရဖို့ သိပ်မလွယ်ဘဲ တစ်ဘက်အသင်းရဲ့ တန်ပြန်တိုက်စစ်ကို ထိန်းချုပ်တဲ့အပိုင်းမှာလည်း အားနည်းမှုရှိတယ်။ ဒီအချက်ကို နင်းပြီး မြန်မာအသင်းအနေနဲ့ သေချာအကွက်ချကစားနိုင်ရင် မျှော်လင့် ချက်ရှိပါတယ်။ ကစားသမားတစ်ဦးချင်းရဲ့ ကစားအားနဲ့ အတွေ့အကြုံပိုင်းအရဆိုရင် မြန်မာအသင်းဟာ ဗီယက်နမ် အသင်း ထက်မနိမ့်ဘဲ နည်းဗျူဟာပိုင်းနဲ့ အဆုံးသတ်တိုက်စစ်ပိုင်းမှာသာ အားနည်းနေသေးလို့ ဒီအချက်ကို ပြင်နိုင်ရင် ဗီယက်နမ်အတွက်လည်း ဒီပွဲဟာ အခက်အခဲအများကြီး ရှိနိုင်တယ်။
လက်ရှိအနေ အထားအရ ဗီယက်နမ်က နည်းနည်းလေးသာနေပေမယ့် မြန်မာအသင်းအနေနဲ့ သိပ်ကြောက်စရာ မလိုဘဲ တည်တည်ငြိမ်ငြိမ်နဲ့ နည်းဗျူဟာမှန်မှန်ကစားနိုင်ရင် နိုင်ခြေရှိနိုင်ပါတယ်။ ဘရာဇီးနည်းပြ မားကို့စ် အနေနဲ့ ဒီပွဲမှာ ၄-၅-၁ အစား အလယ်မှာ ဇော်ထက်အောင်၊ ထွန်းထွန်းဦး၊ ရာဇာဝင်းသိန်း၊ မျိုးမင်းထွန်းတို့ကိုထားပြီး ရှေ့မှာ စည်သူဝင်းနဲ့ စည်သူသန်းကို တွဲပြီး ကစားစေသင့်တယ်။ ဒုတိယ ပိုင်းမှာ ဗီယက်နမ်အသင်း ကစားအားကျသွားတဲ့အချိန်ကျမှ လှုပ်အားကောင်းတဲ့ ကျော်သီဟ၊ ပိုင်စိုး တို့ကိုထည့်ပြီး မထင်မှတ် တဲ့နေရာတွေကနေ တိုက်စစ်ဆင်တဲ့ပုံစံနဲ့ ကစားသင့်တယ်လို့ မြင်တယ်။ လက်ရှိအနေအထားမှာတော့ ဒီပွဲမှာ ဗီယက်နမ်ရော မြန်မာပါ ၅၀-၅၀ ရှိနေပြီး ပါးနပ်မှု၊ နည်းဗျူဟာ ကျွမ်းကျင်မှုရှိတဲ့အသင်းက ဗိုလ်လု ပွဲတက်လာမှာဖြစ်တယ်။
|