DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
မြန်မာ့အားကစား
ဗီယက်နမ်အသင်းကို ဆီးဂိမ်းမှာ ဘယ်လိုအနိုင်ယူမလဲ
ကိုစိုးမိုး (IBC) - ဒီဇင်ဘာ ၁၀၊ ၂၀၀၇

ဒီဆီးဂိမ်းမှာ မြန်မာအမျိုးသားဘောလုံးအသင်းကို သိပ်အားမရဖြစ်နေတဲ့ ပရိသတ်တွေအတွက် မြန်မာအမျိုးသမီးအသင်းရဲ့ ခြေစွမ်းကတော့ ဖြေသိမ့်စရာဖြစ်နေခဲ့တယ်။

မြန်မာအမျိုးသမီးအသင်းဟာ လက်ရှိအာဆီယံ ချန်ပီယံအသင်းဖြစ်တဲ့အပြင် ကစားပုံနဲ့ ကြိုးစားမှုကလည်း အတော်လေး အားရာစရာကောင်းနေလို့ ဒီဆီဂိမ်းမှာ ဗိုလ်စွဲဖို့ အထိ မျှော်လင့်ချက်ရှိနိုင်တယ်။

ဒါပေမယ့် မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ မလေးရှားအသင်းကို 5-0 နဲ့နိုင်ခဲ့ပြီး ထိုင်းက မလေးရှားကို 6 ဂိုးပြတ်နဲ့နိုင်ခဲ့လို့ မြန်မာနဲ့ထိုင်းတို့ နောက်ဆုံးပွဲစဉ်က သိပ်အ ရေးကြီးခဲ့တယ်။ ထိုင်းကလည်း အိမ်ရှင် အခွင့်အရေးအပြည့်ရှိနေတော့ မြန်မာအသင်း တော်တော် သတိထားကစားခဲ့ရတယ်။


အုပ်စုပွဲစဉ်တုန်းက ထိုင်း (ယာ)ရဲ့ ထိုးဖောက်မှုကို မြန်မာအမျိုးသမီးအသင်း (၀ဲ)က ဟန့်တားဖို့ ကြိုးစားစဉ်

ထိုင်းဗိုလ်လုပွဲ တက်ပြီပေါ့

တကယ်ကစားတော့ မြန်မာအမျိုးသမီးအသင်းဟာ ထိုင်းအသင်းကို 2 ဂိုးအရင်သွင်းပြီး ဦးဆောင်ကစားနိုင်ခဲ့တယ်။ ထိုင်းက နောက်က လိုက်သွင်းခဲ့ပေမယ့် ဒုတိယ ပိုင်းပြီးခါနီးထိ 2-1 နဲ့ ဦးဆောင်နေသေးတယ်။ ဒါဆို မြန်မာအုပ်စုဗိုလ်ရပြီး တစ်ဘက်က ဆီးဂိမ်းလက်ရှိချန်ပီယံ ဗီယက်နမ်အသင်းကို ရှောင်နိုင်တော့မယ်။

ဒါပေမယ့် ထိုင်းက ပင်နယ်တီ ကန်ခွင့်ရသွားပြီး ၂ ဂိုးစီသရေကျသွားတော့ အမှတ်တူ ထိုင်းက မလေးရှားကို ၁ ဂိုးပိုသွင်းနိုင်ခဲ့တဲ့ အကျိုးကြောင့် အုပ်စု ဗိုလ်ရသွားတယ်။ ဒီတော့ ထိုင်းက ဆီမီးမှာ လာအိုအသင်းနဲ့ တွေ့ပြီး မြန်မာကတော့ ထိပ်သီး ဗီယက်နမ်နဲ့ သတ်ရတော့မယ်။ ဒီတော့ ဗိုလ်လုပွဲမှာ ထိုင်းက ထိုင်စောင့်နေရုံပဲ ရှိတာပေါ့။ ဒီဇင်ဘာ 10 ရက်နေ့မှာ ကစားရမယ့် အမျိုးသမီးဆီးမီးပွဲ နှစ်ပွဲမှာ မြန်မာနဲ့ ဗီယက်နမ်ပွဲပဲ ရင်ခုန်စရာ ရှိပါ တယ်။

မြန်မာအသင်း အနေအထား

မြန်မာအသင်းအနေနဲ့ အုပ်စုဒုတိယပဲရခဲ့တာ သိပ်နစ်နာတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိမြန်မာအသင်းမှာ 2007 အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ အသင်း သားအများစု ပါနေသေးတဲ့အပြင် အလွန်အားထားရတဲ့ အလယ်တန်းလူ သူဇာထွေးနဲ့ နောက်ခံလူ သက်သက်ဝင်းတို့လည်း ဒဏ်ရာသက်သာလာပြီ ပြန်ပါလာလို့ ပို တောင် တောင့်တင်းတင်း အနေအထားဖြစ်နေပါတယ်။ အထူးသဖြင့် Key Player လို့တောင် ပြောလိုရတဲ့ သူဇာထွေး ပြန်ပါလာတာဟာ အလယ်တန်းအင်အားကို ပိုတောင့်တင်း သွားစေတယ်။

နည်းပြအဖွဲ့ချုပ်အဖွဲ့ကလည်း အာဆီယံချန်ပီယံဖြစ်ခဲ့တဲ့ အဖွဲ့တွေပဲ ဖြစ်တဲ့အပြင် ဒီဆီဂိမ်းမှာဗိုလ်စွဲဖို့ အလွန်စိတ်အား ထက်သန်နေကြလို့ မြန်မာအမျိုးသမီးအသင်းကို ပြိုင် ဘက်အသင်းတိုင်းက ကြောက်ကြတယ်။ လက်ရှိမှာ line-up များဖြစ်တဲ့ ဂိုး မေခင်ယခင်း၊ နောက်တန်း မိုးမိုးဝါ၊ စုစုဝေ၊ စန်းစန်းမော်၊ စမ်းစမ်းသိန်း၊ အလယ်တန်း သန်းသန်းထွေး၊ အေးနန္ဒာလှိုင်၊ ဆန်းယုနိုင်၊ သူဇာထွေး၊ ရှေ့ ဇင်မာဝမ်း၊ မိုင်နီလာထွေး၊ ခင်မာလာထွန်းတို့ အုပ်စုရဲ့ စုဖွဲ့မှုဟာ ထိုင်းနဲ့ ဗီယက်နမ်တို့ထက် ပိုကောင်းပြီး အတွေ့အကြုံလည်း ပိုရင့်တယ်။

ဒါပေမယ့် မြန်မာအသင်းက တစ်ခါတစ်လေမှာ စိတ်မတည်ငြိမ်တတ်ပဲ တစ်ဘက်အ သင်းရဲ့ တိုက်စစ်အရှိန်ကို ချကစားတဲ့နေရာမှာလည်း လိုအပ်ချက်တွေ ရှိနေသေး တယ်။ ဒီ အချက်ကို ပြင်မှသာ ဗီယက်နမ်ကို နိုင်ချေများမယ်။

အစဉ်အလာအရ ဗီယက်နမ်ကသာ

မြန်မာနဲ့ ဗီယက်နမ်တို့ရဲ့ လက်ရှိခြေစွမ်းမှာ သိပ်မကွာပေမယ့် အဆုံးသတ် ဂိုးသွင်း မှုအပိုင်းမှာ ဗီယက်နမ်က နည်းနည်းသာနေတယ်။ ဗီယက်နမ်က အုပ်စုမှာ ဖီလစ်ပိုင်း 10-8၊ လာအိုကို 4-1 နဲ့နိုင်ခဲ့တာဆိုတော့ အဆုံးသတ်တော်တော် ကောင်းတယ်လို့ ဆိုရမယ်။ စက်တင်ဘာလအတွင်း ရန်ကုန်မှာ အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲ လာ ကစား ခဲ့တဲ့ အသင်းကိုပဲ အခြေခံထားတဲ့အသင်းဖြစ်လို့ တောင့်တင်းမှုရှိနေတယ်။ 2007 အာဆီယံပွဲမှာ မြန်မာအသင်းနဲ့ မဆုံခဲ့ပေမယ့် ပြီးခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ်မှာ ၈ ကြိမ် ဆုံဖူး ခဲ့ရာမှာတော့ ဗီယက်နမ်က ၅ ကြိမ်နိုင် တစ်ပွဲသရေကျကာ မြန်မာက နှစ်ကြိမ်ပဲ နိုင်ခဲ့တယ်။ ဒါပေမယ့် ဆီဂိမ်းပွဲကြီးမှာ တွေ့ခဲ့တဲ့ အစဉ်အလာအရတော့ ဗီယက်နမ်ကပဲ နိုင်ခဲ့တာများတဲ့အပြင် ဗီယက်နမ်က လက်ရှိဆီးဂိမ်း ချန်ပီယံလည်းဖြစ်တော့ မြန်မာ အနေနဲ့ သိပ် မချောင်လှဘူး။

မြန်မြန်သွက်သွက် ဖိကစားနိုင်ရင်

ဒါပေမယ့် ဗီယက်နမ်အသင်းဟာ သူတို့အသင်းရဲ့ ကစားကွက်ကိုဖျက်ပြီး တည် တည်ငြိမ်ငြိမ်နဲ့ ကစားတတ်တဲ့အသင်းမျိုးနဲ့ တွေ့ရင် ကစားကွက် သိသိသာသာပျက် သွားတတ်ပြီး ပြီးခဲ့တဲ့ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအဖြစ် ထိုင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ပေါ်လွင်ခဲ့ တယ်။ ဒါကြောင့် မြန်မာအသင်းအနေနဲ့ အုပ်စုပွဲမှာ ပွဲစကတည်းက ဗီယက်နမ်ကို အကွက် ကျကျ လျင်လျင်မြန်မြန်နဲ့ ထိုးဖောက်ကစားနိုင်ရင် ဗီယက်နမ်အခက်တွေ့သွားနိုင်တယ်။ ဗီ ယက်နမ်အသင်းဟာ တည်ဘောတွေ၊ Long Ball တွေကာကွယ်တဲ့နေရာမှာလည်း အားနည်း ချက်တွေရှီနေတော့ အေးနန္ဒာလှိုင်၊ မိုးမိုးဝါတို့ရဲ့ Kick Power နဲ့ ထိုးဖောက် ကစားနိုင်ရင် ဗီယက်နမ်ကို ဂိုးရဖို့ သိပ်မခက်ပါဘူး။ ဒါပေမယ့် ဗီယက်နမ်အသင်းရဲ့ တောင်ပံတိုက်စစ်နဲ့ မထင်မှတ်တဲ့ နေရာတွေကနေ ဂိုးသွင်းတတ်တဲ့ Superse Kick တွေကို လည်း သတိထားဖို့လိုပါတယ်။ လက်ရှိအနေအထားမှာ မြန်မာနဲ့ ဗီယက်နမ်ဟာ နိုင်ခြေ 55း 45 လောက်ရှိနေပြီး တကယ့်ပွဲမှာ ခြေမှန်ရတဲ့အသင်းက ကစားသွားနိုင်တယ်။ ထိုင်းကတော့ လာအိုကို သက်သက်သာသာဧည့်ခံပြီး ဗိုလ်လုပွဲမှာ စောင့်နေလိမ့်မယ်။

မြန်မာနဲ့ ဗီယက်နမ်တို့ အမျိုးသမီးအသင်း
ထိပ်တိုက်တွေ့ဆုံမှုမှတ်တမ်း
1997 ဆီးဂိမ်း မြန်မာ 3 – 2 ဗီယက်နမ်
2001 ဆီးဂိမ်း ဗီယက်နမ် 6 – 5 မြန်မာ (ပင်နယ်တီ)
2003 ဆီးဂိမ်း ဗီယက်နမ် 2 – 1 မြန်မာ
2004 အာဆီယံချန်ပီယံရှစ် မြန်မာ 0 – 1 ဗီယက်နမ်
2005 ကမ္ဘာ့ဖလား အမျိုးသမီးခြေစစ်ပွဲ မြန်မာ 0 – 1 ဗီယက်နမ်
2005 အာဆီယံချန်ပီယံရှစ် မြန်မာ 1 – 0 ဗီယက်နမ်
2005 ဆီးဂိမ်း မြန်မာ 0 – 1 ဗီယက်နမ်
2006 အာဆီယံချန်ပီယံရှစ် ဗီယက်နမ် 1 – 0 မြန်မာ