DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
မြန်မာ့အားကစား
ထိုင်းကို ဒုတိယပိုင်းမှာ မရှုံးခဲ့တဲ့ မြန်မာ အင်ဒိုနီးရှားကို နိုင်ပါ့မလား
ကိုစိုးမိုး IBC - ဒီဇင်ဘာ ၄၊ ၂၀၀၇

ဒီနှစ် ဆီးဂိမ်းဘောလုံးပွဲမစမှီမှာ အသင်းတွေရဲ့ ကြိုတင်ပြင်ဆင်ထားမှု၊ ပြိုင်ပွဲအတွေ့ အကြုံ အစဉ်အလာနဲ့လက်ရှိခြေစွမ်းအရ အိမ်ရှင်ထိုင်းအသင်း ဗိုလ်စွဲဖို့ ထိပ်ဆုံးက ရေပန်းစားခဲ့ပြီး သူ့နောက်မှာ ဗီယက်နမ်၊ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့ ပါခဲ့တယ်။ မြန်မာအသင်းကိုတော့ ရေပန်းစားတဲ့ ထိပ်ပိုင်းအသင်းထဲမှာ ထည့်မထားဘဲ ခက်ခဲတဲ့ပြိုင်ဘက်လို့ပဲ တွက်ထားခဲ့ကြတယ်။

အုပ်စုအဖွင့်ပွဲစဉ်တွေ ကစားတော့လည်း ထင်မှတ်ထားတဲ့အတိုင်းပဲ ထိုင်းက မြန်မာ ကို ၃-၂ နဲ့၊ အင်ဒိုက ကမ္ဘောဒီယားကို ၃-၁၊ ဗီယက်နမ်က မလေးရှားကို ၃-၁ နဲ့နိုင်ပြီး စင်ကာပူ တစ်သင်းပဲ လာအိုကို မထင်မှတ်ဘဲ သရေကျခဲ့တယ်။ ဒီတော့ တစ်ပွဲကစားပြီးတဲ့ အနေအထား ကို အခြေခံပြီး အကြမ်းဖျင်းတွက်ကြည့်ရင် အုပ်စု A က ထိုင်းနဲ့အင်ဒို၊ အုပ်စု B က ဗီယက်နမ်နဲ့ မလေးရှား သို့မဟုတ် စင်ကာပူတို့ပဲ ဆီမီးတက်လာဖို့ များနေတယ်။

အုပ်စု B အနေအထားကို ခေတ္တမေ့ထားပြီး မြန်မာပါတဲ့ အုပ်စု A ကိုသုံးသပ်ကြည့်ရင် လက်ရှိခြေစွမ်းပိုင်းအရ ထိုင်းက နည်းနည်းသာပေမယ့် ရက်ပိုင်းအရ အင်ဒိုက အကောင်းဆုံး ဖြစ်နေတယ်။ မြန်မာအသင်းကတော့ ဆီမီးတက်ဖို့ဆိုရင် အင်ဒိုနဲ့ ကမ္ဘောဒီယားကို မဖြစ်မနေ အနိုင်ရအောင် ကစားရတော့မှာပါ။


ထိုင်းတိုက်စစ်မှူး ၀ီနိုထိုင်း ထိုးဖောက်လာတာကို မြန်မာနောက်တန်းက ဟန့်တားဖို့ ကြိုးစားစဉ်

တိုက်စစ်အားကောင်းတဲ့ အင်ဒို

ပွဲစဉ် ၁ ကစားခဲ့တဲ့ခြေစွမ်းကို လေ့လာကြည့်ရင် အင်ဒိုနီးရှားအသင်းက ဒီဆီးဂိမ်းအတွက် သေချာပြင်ဆင်ထားတဲ့ အသင်းပီပီ ကမ္ဘောဒီယားကို ခြေအသာ ကစားကွက်အသာနဲ့ ကစားနိုင်ခဲ့ပြီး ၃-၁ နဲ့ နိုင်ခဲ့တယ်။ အင်ဒိုအသင်းနဲ့ နည်းပြ အီဗန်ကိုလတ်ဗ်က ၄-၄-၂ ကို အ ထိုင်ချပြီး ဒီနှစ်အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲဝင်ခဲ့တဲ့ အသင်းသားအများစုကို ရွေးချယ်ပွဲထုတ်ခဲ့ တယ်။ ကမ္ဘောဒီယားက ၄-၅-၁ ပုံစံနဲ့ ခံစစ် အရှင်ကစားခဲ့ပြီး အင်ဒိုနဲ့ တိုက်စစ်ကို ပိတ်ဆို့ နိုင် အောင် ကြိုးစားခဲ့တယ်။ ဒါပေမယ့် နေရာစုံက တိုက်စစ်ဆင်ကစားတတ်တဲ့ အင်ဒိုရဲ့ ထိုးဖောက်အားကို မထိန်းနိုင်ပဲ အဖွင့်ဂိုးပေးလိုက်ရတယ်။ အင်ဒိုက ဂိုးရပြီး ဆက်တိုက်ဖိက စားခဲ့ပေမယ့် ဂိုးသွင်းမသေချာမှု၊ ကမ္ဘောဒီယားရဲ့ ခံစစ်ကစားပုံ ကောင်းမှုကြောင့် ဂိုးမရဘဲရှိနေစဉ်မှာ counter နဲ့ ချေပဂိုးတစ်ဂိုး သွင်းနိုင်ခဲ့တယ်။ ဒါပေမယ့် ဒုတိယပိုင်း မှာတော့ အင်ဒိုက နည်းဗျူဟာပြောင်းပြီး ထိုးဖောက်ကစားခဲ့လို့ ကမ္ဘောဒီးယားတောင် မနိုင်နိုင်တော့ဘူး။ အတွေ့ အကြုံနဲ့ ခြေစွမ်းသာတဲ့ အင်ဒိုက စိတ်ကြိုက်ထိုးဖောက်ကစားပြီး အနိုင်ဂိုး ၂ ဂိုးသွင်း လိုက်နိုင်တယ်။ ဒါတောင် ပင်နယ်တီကန်ခွင့်ရတာကို အင်ဒိုကွင်း လယ်လူကန်တာ မ၀င်ခဲ့လို့ ကမ္ဘောဒီယား သက်သာသွားခဲ့တယ်။

စိတ်ဓာတ်နဲ့ ကြိုးစားမှု

ဒုတိယပွဲဖြစ်တဲ့ ထိုင်းနဲ့ မြန်မာပွဲမှာတော့ အိမ်ရှင်ထိုင်းအသင်းဟာ တယ်ရိုဆယ်စနာ မှာကစားနေတဲ့ နာမည်ကြီးတိုက်စစ်မှူး ၀ီနိုထိုင်းနဲ့ မန်စီးတီးအသင်းက ခေါ်ယူထားခြင်းခံရတဲ့ ခံစစ်မှူး နာပရာချက်နဲ့ တိုက်စစ်မှူး တီရာဆီဒန်တို့က ဦးဆောင်ပြီး ကမ္ဘောဒီယားခြေစစ်ပွဲ မကစားခဲ့တဲ့အသင်းက လူငယ်ကစားသမား ၃ ဦးနဲ့ မျက်နှာသစ် ကစားသမားတွေပေါင်းပြီး ၄-၄-၂ ပုံစံနဲ့ ပွဲထွက်လာခဲ့တယ်။

မြန်မာအသင်းကတော့ ဂိုး-ကျော်ဇင်ထက်၊ နောက်တန်း - ဟန်ဝင်းအောင်၊ အေးဆန်း၊ မိုးဝင်း၊ ခင်မောင်လွင်၊ အလယ်တန်း - ဇော်ဇော်အောင်၊ ရာဇာဝင်သိန်း၊ မျိုးသန့်၊ မျိုးမင်းထွန်းနဲ့ ထွန်းထွန်းဝင်းတို့ကိုထားပြီး ရှေ့မှာ စည်သူဝင်းကို အထောင်ထားကာ ၄-၅-၁ ပုံစံနဲ့ ကစားခဲ့ တယ်။ ထိုင်းလို တိုက်စစ်ကောင်းတဲ့အသင်းကို ၄-၅-၁ ပုံစံနဲ့ ကစားတဲ့မြန်မာနည်းပြ မားကို့စ်ရဲ့ စိတ်ကူး မမှားပေမယ့် ထိုင်းအသင်းက မြန်မာအသင်း အားသန်တဲ့ တောင်ပံတွေက မတက်နိုင် အောင် နည်းဗျူဟာကျကျထိုးဖောက်ခဲ့လို့ မြန်မာအသင်း အခက်တွေ့ခဲ့တယ်။ အထူးသဖြင့် ကွင်းလယ်ကနေ ဘောလုံးဖြန့်တာပဲ အားသန်တဲ့ ထွန်းထွန်းဝင်းကို Draw Forward ပုံစံနဲ့ ကစားခိုင်းတာ အမှားများပြီး အ၀ါကတ်စောစောစီးစီးထိခဲ့တာပဲ အဖတ်တင်တယ်။

ဒါပေမယ့် ထိုင်းကလည်း အစပိုင်း အထနှေးနေပြီး မြန်မာကိုလည်း နည်းနည်းရှိန်နေတော့ စောစောစီးစိး ဂိုးမသွင်းနိုင်ခဲ့ဘူး။ မိနစ် ၄၀ နောက်ပိုင်းမှာတော့ ထိုင်းအသင်းဟာ မြန်မာ အသင်းတိုက်စစ် ကျွံလာတာကို အခွင့်ကောင်းယူပြီး ကောင်တာနဲ့ ကွင်းလယ်ဘက်နေ ဘက်ခြမ်းကို အဝေးဘောချပေးတာကို ဟန်ဝင်းအောင်နဲ့ အေးဆန်း အချိန်မှီ လိုက်မဖြတ်နိုင်ခဲ့ ဘူး။ ဒီတော့ ထိုင်းနံပါတ် ၉ ဒေါင်ဒါက ပြေးတက်လာတဲ့ ၀ီနိုထိုင်းကို ထောင့်ဖြတ်ဘော ကန် ပေးလိုက်တာကို ၀ီနိုထိုင်းက မိုးဝင်းကို Faint ပြ၊ မိုးဝင်းလဲကျသွားချိန်မှာ အသာဖမ်းပြီး တည် တည်ငြိမ်ငြိမ်နဲ့ ကန်သွင်းသွားခဲ့တယ်။

ဒုတိယပိုင်းမှာလည်း ထိုင်းကပဲ ဖိကစားပြီး ထိုင်းကွင်းလယ်ကစားသမား တစ်ဦးက ထောင်ကန်ဘောကတစ်ဆင့် ခေါင်းတိုက်ဂိုးတစ်ဂိုးနဲ့ ထိုင်းအသင်းရဲ့ ကန်တင်ချက်ကို အသင်း ခေါင်းဆောင် ဇော်ထက်အောင် OG သွင်းပြီး ၃ ဂိုးပြတ်နဲ့ မြန်မာရှုံးနေခဲ့တယ်။ ၃ ဂိုးပြတ်နိုင်တဲ့ အချိန်မှာ ထိုင်းကပေါ့သွားပြီး ကစားအား သိသိသာသာချလိုက်ချိန်မှာ နည်းပြရဲ့ အချိန်ကိုက် လူစားလဲမှု မှန်ကန်သွားတယ်။ နာသွားတဲ့ စည်သူဝင်းနေရာကို တိုးအားကောင်းတဲ့ စည်သူ သန်းကိုထည့်၊ ဟန်ဝင်းအောင်နဲ့ မျိုးမင်းထွန်းကိုထုတ်ပြီး ပိုင်စိုးနဲ့ ကျော်သီဟတို့ ထပ်ထည့်ပြီး ဇော်ထက်အောင်ကို နောက်တန်းပြန်ချ၊ ထွန်းထွန်းဝင်းကို အလယ်ပြန်ချကာ ၄-၄-၂ ပုံစံပြောင်း ကစားလိုက်တော့ မြန်မာအသင်းကစားပုံ ပြန်ကောင်းလာခဲ့တယ်။ စည်သူသန်းနဲ့ ကျော်သီဟတို့ လှုပ်တာကို ထိုင်းနောက်တန်း ခက်ခက်ခဲခဲထိန်းလာရပြီး ဒုတိယပိုင်း ၆၅ မိနစ် လောက်မှာ ဘက်ခြမ်းက ထွန်းထွန်းဝင်တင်ပေးတဲ့ ဘောလုံးကို ကျော်သီဟ ခေါင်းတိုက်တာ ကို ထိုင်းဂိုးသမား ပုတ်ထုတ်လိုက်တဲ့ဘောလုံးကို စည်သူသန်းက ပြေးပိတ်သွင်းနိုင်ခဲ့လို့ မြန်မာ ချေပဂိုးတစ်ဂိုးပြန်ရခဲ့တယ်။ စိတ်ဓာတ်တက်လာတဲ့ မြန်မာက ပိုဖိကစားနိုင်ခဲ့ပြီး ထိုင်း အသင်းခေါင်းဆောင် နောက်တန်းလူ နံပါတ် ၄ ဂျာရမ်က OG သွင်းမိလို့ ၃-၂ ဖြစ်သွားတယ်။ ပွဲချိန် ၁၀ မိနစ်လောက်ကျန်တော့လို့ ထိုင်းကလည်း ပြန်တင်ကစားလာခဲ့လို့ ပွဲကအပြန်အလှန် ကြည့်ကောင်းခဲ့တယ်။

ဒါပေမယ့် ထိုင်းက လူစားဝင်လာတဲ့ နံပါတ် ၂၀ ဟာ အပိုင်ကန်သွင်းခွင့်ရတဲ့ အခွင့် အရေး နှစ်ကြိမ်ကို ဖြုန်းတီးပစ်ခဲ့လို့ ၃-၂ နဲ့ ပဲပွဲပြီးသွားခဲ့တယ်။ တစ်ပွဲလုံး ခြုံငုံသုံးသပ်ရင် တစ်ဦးချင်း ခြေစွမ်းနဲ့ အသင်းလိုက်ကစားပုံမှာ ထိုင်းကသာပေမယ့် မြန်မာအသင်းဟာ စိတ်ဓာတ်နဲ့ ကစားအားမှာ ထိုင်းထက် သာခဲ့တာတွေ့ရတယ်။

အင်ဒိုနဲ့ - မြန်မာ

အခု ဒီဇင်ဘာ ၄ ရက်နေ့မှာ အင်ဒိုနဲ့ မြန်မာပွဲက မြန်မာအတွက် မနိုင်လို့ မဖြစ်တော့ဘူး။ လက်ရှိခြေစွမ်းပိုင်းအရ အင်ဒိုကသာပေမယ့် မြန်မာ့နည်းပြသာ လူထုတ်ပုံမှန်ခဲ့ရင် အင်ဒိုလည်း အမှားလုပ်လို့ မရပါဘူး။ မြန်မာနဲ့ အင်ဒိုဟာ ၁၉၇၉ ဆီးဂိမ်းပြိုင်ပွဲက နေ ၂၀၀၅ ခုနှစ်အထိ ၅ ကြိမ်ဆုံဖူးရာမှာ အင်ဒိုက ၃ ကြိမ်နိုင်ပြီး မြန်မာက တစ်ကြိမ်ပဲ နိုင်ခဲ့တယ်။ တစ်ကြိမ်ကတော့ သရေကျခဲ့တာကို ကြည့်ရင် အစဉ်အလာမှာ အင်ဒိုကသာနေတယ်။ လက်ရှိတစ်ဦးချင်း ခြေ စွမ်းပိုင်းအပြင် အင်ဒိုနည်းပြကိုလတ်ဗ်ကလည်း မြန်မာအားကစားသမားတွေရဲ့ အထာကို ကောင်းကောင်းသိနေသူဖြစ်လို့ တစ်ချက်မှားတာနဲ့ မြန်မာရှုံးပွဲ တွေ့သွားနိုင်တယ်။ ဒါပေမယ့် ဒီ ပွဲဟာ မြန်မာအသင်းအတွက် သိပ်အရေးကြီးသလို သရေတောင်ကျလို့ မဖြစ်လို့ စိတ်ဓာတ် ကောင်းကောင်း၊ နည်းဗျူဟာမှန်မှန်နဲ့ အဆုံးသတ်ကောင်းဖို့တော့ လိုတယ်။ အထူးသဖြင့် မြန်မာနည်းပြအနေနဲ့ ထိုင်းနဲ့ ဒုတိယပိုင်းက Line up မျိုး၊ ကစားပုံမျိုးနဲ့ဆိုရင် အင်ဒိုလည်း အ ခက်တွေ့နိုင်တယ်။ အင်ဒိုအသင်းရဲ့ အားနည်းချက်က စိတ်ဓာတ်သိပ်မကောင်းပဲ၊ ကစားတာ လည်း နည်းနည်း ကြမ်းတတ်ခြင်းပါပဲ။ ဒီအချက်ကို အခွင့်အရေးယူတတ်ရင်တော့ မြန်မာအ သင်းမျှော်လင့်ချက် ရှိနိုင်ပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီယားပွဲကတော့ သိပ်ပြောစရာမရှိပါဘူး။ ထိုင်းက ဂိုးပြတ်နိုင်အောင် ကစားသွားဖို့ များတယ်။