DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
အာရှအားကစား
(၂၄) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ထိုင်းက ဆုတံဆိပ် အများဆုံးရ၊ မြန်မာက ပြီးခဲ့တဲ့ ပြိုင်ပွဲ ထက် ဆုတံဆိပ် ရရှိမှု နည်းပါး
ဒီဗွီဘီ - ဒီဇင်ဘာ ၁၇၊ ၂၀၀၇

ဒီဇင်ဘာ (၅)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ (၁၅)ရက်ကြာ ကျင်းပပြီးစီးသွားတဲ့ (၂၄)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကြီးမှာ အိမ်ရှင်ထိုင်းက ဆုတံဆိပ်ပေါင်း (၄၀၉)ခုနဲ့ ပထမရပြီး မလေးရှားက ဒုတိယ၊ ဗီယက်နမ်က တတိယအသီးသီးရပြီး မြန်မာက သတ္တမနေရာမှာ ရှိပါတယ်။



(၂၄)ကြိမ်မြောက် ဆီးဂိမ်းစ် အမှတ်တံဆိပ်

ဒီနှစ်ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် အားကစားနည်းပေါင်း (၄၅)မျိုးပါဝင်ပြီး ရွှေဆုတံဆိပ်ပေါင်း (၄၈၅)ခု ချီးမြင့် ခဲ့ပါတယ်။

အိမ်ရှင်ထိုင်းနိုင်ငံက ပြိုင်ပွဲဝင် ကစားသမား အရေအတွက် အများဆုံးဖြစ်ပြီး ဖိလစ်ပိုင်က ဒုတိ ယ ဖြစ်ပါတယ်။

မြန်မာအားကစားအဖွဲ့က အားကစားသမားပေါင်း (၅၁၀) စေလွှတ်ပြီး အားကစားနည်း (၂၇) မျိုးမှာ ပါဝင် ယှဉ်ပြိုင် စေခဲ့ပါတယ်။

ပြိုင်ပွဲအသီးသီးကနေ ရွှေတံဆိပ် (၁၄)ခု၊ ငွေ (၂၆)ခု၊ ကြေး (၄၇)ခုနဲ့ စုစုပေါင်း (၈၇)ခုရပြီး ပြီးခဲ့တဲ့ ပြိုင်ပွဲတုန်းက ဆုတံဆိပ်ရရှိမှုထက် နည်းပါတယ်။

ဗီယက်နမ်က အိမ်ရှင်အဖြစ် လက်ခံ ပြုလုပ်တဲ့ (၂၃)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာက ရွှေ (၁၇)ခု၊ ငွေ (၃၄)ခု၊ ကြေး (၄၈)ခုနဲ့ ဆုတံဆိပ်ပေါင်း (၉၉)ခု ရရှိပါတယ်။

(၂၄)ကြိမ်မြောက် ဆီးဂိမ်းစ်ရဲ့ နိုင်ငံအလိုက် ဆုတံဆိပ် ရရှိမှု ဇယား -

စဉ် နိုင်ငံ ရွှေ ငွေ ကြေး စုစုပေါင်း
ထိုင်း ၁၈၃ ၁၂၃ ၁၀၃ ၄၀၉
မလေးရှား ၆၈ ၅၂ ၉၆ ၂၁၆
ဗီယက်နမ် ၆၄ ၅၈ ၈၂ ၂၀၄
အင်ဒိုနီးရှား ၅၆ ၆၄ ၈၃ ၂၀၃
စင်္ကာပူ ၄၃ ၄၃ ၄၁ ၁၂၇
ဖိလစ်ပိုင် ၄၁ ၉၁ ၉၆ ၂၂၈
မြန်မာ ၁၄ ၂၆ ၄၇ ၈၇
လာအို ၃၂ ၄၄
ကမ္ဘောဒီးယား ၁၁ ၁၈
၁၀ ဘရူနိုင်း