ယနေ့ နေ့လည်ပိုင်းအထိ ဆီးဂိမ်းစ်ပြိုင်ပွဲကြီးရဲ့ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုမှာ အိမ်ရှင် ထိုင်း နိုင်ငံက ထိပ်ဆုံးက ပြေးနေပြီး မြန်မာ စုစုပေါင်း ဆုတံဆိပ် (၆)ခုနဲ့ ပဉ္စမနေရာမှာ ရှိနေပါတယ်။
မြန်မာအသင်းရရှိတဲ့ ဆုတံဆိပ်တွေကတော့ အမျိုးသမီးပိုက်ကျော်ခြင်းမှာ ငွေ (၁)၊ အမျိုး သားနဲ့ အမျိုးသမီး မီတာ (၅၀) ပစ္စတိုပြိုင်ပွဲမှာ ရွှေ (၂)၊ မီတာ (၅၀) ရိုင်ဖယ်ပြိုင်ပွဲမှာ ငွေ (၂)နဲ့ အမျိုးသမီး မီတာ (၂၅) ပစ္စတိုပြိုင်ပွဲမှာ ကြေး (၁)၊ စုစုပေါင်း (၆)ခု ရရှိ ထားပါတယ်။
(၂၄)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲအခမ်းအနားကို ဒီနေ့မှာ အခမ်းအနားနဲ့ တရား ၀င် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲကို (၆)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာမှာဖြစ်ပြီး အားကစား နည်းပေါင်း (၄၅)ခုနဲ့ ဆုတံဆိပ်ပေါင်း (၄၈၀)ကျော် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
| စဉ် |
နိုင်ငံ |
ရွှေ |
ငွေ |
ကြေး |
စုစုပေါင်း |
| ၁ |
ထိုင်း |
၁၉ |
၂၀ |
၈ |
၄၈ |
| ၂ |
စင်္ကာပူ |
၁၀ |
၆ |
၆ |
၂၂ |
| ၃ |
ဗီယက်နမ် |
၇ |
၆ |
၁၅ |
၂၈ |
| ၄ |
မလေးရှား |
၂ |
၃ |
၆ |
၁၁ |
| ၅ |
မြန်မာ |
၂ |
၂ |
၁ |
၆ |
| ၆ |
ဖိလစ်ပိုင် |
၁ |
၃ |
၁ |
၆ |
| ၇ |
အင်ဒိုနီးရှား |
ဝ |
၁ |
၎ |
၅ |
|

(၂၄)ကြိမ်မြောက် ဆီးဂိမ်းစ် အမှတ်တံဆိပ်
|