DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
အာရှအားကစား
ကိုရီးယားနည်းပြဟောင်း ဘာဘက် သြစတြေးလျ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်း ခံရ
ရိုက်တာ - ဒီဇင်ဘာ ၆၊ ၂၀၀၇

ဒတ်ခ်ျသား ပင် ဘာဘက်ကို သြစတြေးလျအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း သြစတြေးလျ ဘောလုံးအဖွဲ့ချုပ် (FFA)က ယနေ့ ထုတ်ပြန်ပါတယ်။

အသက် (၅၁)နှစ်သား ဘာဘက်ဟာ သြစတြေးလျကို ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလား ပွဲအထိ တာဝန်ယူ ကြီးကြပ်သွားဖို့ သဘောတူ စာချုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

နည်းပြ ဘာဘက်ဟာ ဒီနှစ်အာရှဖလား ဘောလုံးပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်းကို တတိ ယနေရာချိတ်အောင် ပြုလုပ်ပေးပြီးနောက် နူတ်ထွက်ခဲ့ပါတယ်။

သူဟာ အရင်တုန်းက သြစတြေးလျနည်းပြဟောင်း အခု ရုရှားနည်းပြ ဂူ့စ်ဟင်းဒစ်ရဲ့ လက် ထောက်နည်းပြအဖြစ် ကိုရီးယားအသင်းမှာ လုပ်ကိုင်ခဲ့ ဖူးပါတယ်။

အက်ဖ်အက်ဖ်အေဟာ ပြီးခဲ့တဲ့လက နည်းပြဟောင်း ဂရေဟန် အာနိုးရဲ့ နေရာမှာ ဒတ်ခ်ျလူမျိုး ဒစ် အက်ဗိုကတ်ကို ခန့်အပ်ဖို့ ပြောဆိုပြီးမှ ဘာဘက်ကို ပြောင်းလဲ ခန့်အပ်ခြင်း ဖြစ်ပါတယ်။

နည်းပြဟောင်း အာနိုးဟာ ပြီးခဲ့တဲ့ ၂၀၀၆ ကမ္ဘာ့ဖလားမှာ သြစတြေးလျအသင်းကို ဒုတိယ အဆင့် ရှုံးထွက်အထိ ပို့ဆောင်ပေးခဲ့တဲ့ နည်းပြဟင်းဒစ် နူတ်ထွက်ပြီးနောက် တာဝန်ယူခဲ့ခြင်း ဖြစ်ပါတယ်။


သြစတြေးလျနည်းပြသစ် ဘာဘက်