လက်ရွေးစင်အသင်းတွေထဲမှာ ဘယ်တိုက်ကအသင်းတွေဟာ ကမ္ဘာ့အကောင်းဆုံးဖြစ်သလဲဆို တာ အဖြေထုတ်ပေးနိုင်တဲ့ကမ္ဘာ့ဖလား FIFA WORLD CUP ဆိုတာရှိသလို ကလပ်အသင်းအဆင့်မှာ လည်း ဘယ်တိုက်က ဘယ်ကလပ်က ကမ္ဘာ့အကောင်းဆုံးကလပ်လည်းဆိုတာ သိနိုင်ဖို့ ဖီဖာက FIFA CLUB WORLD CUP ဆိုပြီး ၂၀၀၀ ခုနှစ်ကနေစပြီး တီထွင်ကျင်းပခဲ့တယ်။
ပြိုင်ပွဲသမိုင်းအစ
ဒီကမ္ဘာ့ကလပ်အသင်းချန်ပီယံပွဲဟာ အရင်က ကမ္ဘာမှာ ဘောလုံးအင်အားအကြီးဆုံး တိုက်ကြီး နှစ်ခုဖြစ်တဲ့ ဥရောပတိုက်နဲ့ တောင်အမေရိကတိုက်က အကောင်းဆုံးချန်ပီယံကလပ်နှစ်သင်းကိုသာ ထိပ်တိုက်တွေ့စေပြီး နှစ်စဉ် ဂျပန်နိုင်ငံမှာကစားစေခဲ့တာ နှစ်ပေါင်း မနည်းတော့ပါဘူး။ ဂျပန် Toyota ကား ထုတ်လုပ်ရေးကုမ္ပဏီ အဓိကစပွန်ဆာအဖြစ်ကျင်းပပေးလို့ Toyota Cup လို့လည်း အမည်တွင်ခဲ့တယ်။ ဒီပွဲမှာအနိုင်ရတဲ့အသင်းဟာ ကမ္ဘာ့အကောင်းဆုံးကလပ်အသင်း ဂုဏ်ပုဒ်ပါတဲ့ ဆုဖလားကြီးရလသို ဆုကြေး အမေရိကန်ဒေါ်လာ ၁၀ သန်းရတယ်။ ဒါ့အပြင် ဒီပွဲမှာ အကောင်းဆုံး ဘောလုံးသမားဆုရတဲ့ ကစားသမားတွေကိုလည်း Toyota ကုမ္ပဏီက ထုတ်လုပ်တဲ့နောက်ဆုံးပေါ် ဇိမ်ခံကစားသစ်တစ်စီးချက်ချင်း ချီးမြှင့်လေ့ရှိတယ်။ Toyota Cup လို့အမည်တွင်ခဲ့တဲ့ ကမ္ဘာ့ကလပ်အသင်း ချန်ပီယံလုပွဲကို ၁၉၉၉ ထိ နောက်ဆုံးကျင်းပခဲ့တာမှာ ပရီးမီးယားလိဂ်နဲ့ ဥရောပချန်ပီယံ မန်ယူက တောင်အမေရိကချန်ပီယံ ဘရာဇီးကလပ် ပါမီးရပ်စ်အသင်းကို ၁-၀ နဲ့နိုင်ပြီး ဗိုလ်စွဲခဲ့တယ်။ ဒီပွဲရဲ့ Man of the Match ဆုအဖြစ် Toyota ဇိမ်ခံကားသစ်တစ်စီးကို မန်ယူတောင်ပံကစားသမား ရိုင်ယန်ဂစ်က ရရှိခဲ့ပါတယ်။
ဒီ Toyota ဖလားပွဲဟာ ကမ္ဘာ့ဘောလုံးပရိသတ်စိတ်ဝင်စားခံလာရတဲ့ ပြိုင်ပွဲဖြစ်လာတော့ ဖီဖာက ထုံးစံအတိုင်း “ကမ္ဘာ့အကောင်းဆုံးကလပ်အသင်း ပြိုင်ပွဲဆိုတာတောင်အမေရိကနဲ့ ဥရောပ တိုက်က နှစ်သင်းပဲလုပြီး သတ်မှတ်တာ သဘာဝမကျဘူး။ ဖီဖာရဲ့ကြီးကြပ်မှုနဲ့ ကမ္ဘာ့တိုက်ကြီး ၆ ခုစလုံး က ချန်ပီယံအသင်းတွေပါဝင်ကစားတဲ့ပြိုင်ပွဲဖြစ်မှာသာ အဓိပ္ပာယ်ပိုရှိတယ်”လို့ အရာကြီးဝင်လိုက်ပြီး ၂၀၀၀ ခုနှစ်ကစပြီး တိုက်ကြီး ၆ တိုက်က ချန်ပီယံတွေရယ်၊ အိမ်ရှင်နိုင်ငံရဲ့ အမှတ်ပေးလိဂ် ချန်ပီယံ ရယ် စုစုပေါင်း ချန်ပီယံ ၇ သင်းပါဝင်ကစားစေခဲ့ပြီး ပြိုင်ပွဲအမည်ကိုလည်း FIFA CLUB WORLD CUP လို့ အမည်ပြောင်းခဲ့တယ်။
ပထမဆုံး ကမ္ဘာ့ချန်ပီယံကလပ်
ပထမဆုံး ဖီဖာကမ္ဘာ့ကလပ်အသင်းချန်ပီယံလုပွဲကို ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ တော့ တိုက်အလိုက် ချန်ပီယံ ၆ သင်းနဲ့အတူ အိမ်ရှင်ဘရာဇီးလိဂ်ချန်ပီယံ ကိုရင်သီယန်အသင်း စုစုပေါင်း ၇ သင်းကစားခဲ့တယ်။ နောက်ဆုံးဗိုလ်လုပွဲမှာ ဘရာဇီးကလပ်နှစ်ခုပြန်ဆုံခဲ့ပြီး တောင်အမေရိက ချန်ပီယံဖြစ်တဲ့ ဗက်စကိုဒဂါးမားအသင်း ကိုရင်သီယန်အသင်းက ပင်နယ်တီ အဆုံးအဖြတ်နဲ့နိုင်ပြီး ဗိုလ်စွဲခဲ့တယ်။ ဒါပေမယ့် ချန်ပီယံဆုကြေးကတော့ အရင်ကထက်နည်းသွားပြီး အမေရိကန်ဒေါ်လာ ၉ သန်းသာရရှိခဲ့တယ်။ အဲဒီပွဲရဲ့အကောင်းဆုံး ဘောလုံးသမားဆုကို ဗိုလ်စွဲသွားတဲ့ ကိုရင်သီယန်အသင်းက ကွင်းလယ်လူ အက်ဒီယန်ရရှိခဲ့တယ်။ သူရတဲ့ဆုငွေကတော့ အမေရိကန်ဒေါ်လာ ၅၀၀၀၀ ပါပဲ။
၂၀၀၁ ကနေ ၂၀၀၄ အထိ မကျင်းပဖြစ်ခဲ့
ပထမဆုံး 2000 ခုနှစ်ပြိုင်ပွဲမှာ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး 2001 ခုနှစ် ပြိုင်ပွဲကို စပိန်မှာကျင်းပ ဖို့ စီစဉ်ခဲ့တယ်။ ဒါပေမယ့် ပြိုင်ပွဲကျင်းပခါနီး ပြိုင်ပွဲဝင် 12 သင်းနဲ့ ပွဲချိန်ဇယားတွေ သတ်မှတ်ပြီးချိန်ကျမှ ဖီဖာနဲ့ ပြိုင်ပွဲကုမ္ပဏီဖြစ်တဲ့ ISL တို့ သဘောထားကွဲလွဲခဲ့ကြပြီး ပြိုင်ပွဲလည်း ပျက်သွားခဲ့တယ်။ ဒီလိုနဲ့ 2004 ခုနှစ်အထိ ပြိုင်ပွဲရပ်နားထားခဲ့ရပြီး 2005 ခုနှစ်ကျမှ အရင်ကပြိုင်ပွဲတွေမှာ စပွန်ဆာလုပ်ခဲ့တဲ့ Toyota ကုမ္ပဏီနဲ့ ဖီဖာပြန်ညှိနှိုင်းပြီး ဒုတိယအကြိမ်ပြိုင်ပွဲအဖြစ် 2005 ခုနှစ်ကျမှ ဂျပန်နိုင်ငံမှာ ပြန်ကျင်း ပခဲ့တယ်။ ဂျပန် Toyota ကုမ္ပဏီကလည်း ဒီပြိုင်ပွဲတစ်ခုလုံးအတွက် ဒေါ်လာ သန်း 20 ကျော် တိုးမြှင့်အ ကုန်ကျခံခဲ့တော့ နောက်နှစ်ပြိုင်ပွဲတိုင်းကလည်း ဂျပန်မှာပဲ ပြုလုပ်ဖို့ ဖီဖာက သဘောတူခဲ့တယ်။
2005 ခုနှစ် ပြိုင်ပွဲမှာ ဥရောပကလပ် ချန်ပီယံ လီဗာပူးကို တောင်အမေရိကလပ် ချန်ပီယံ ဘရာဇီးမှ ဆာပေါ်လိုအသင်းက ဗိုလ်လုပွဲမှာ 1-0 နဲ့နိုင်ပြီး ဗိုလ်စွဲသွားတယ်။ အကောင်းဆုံးဘောလုံးသ မားဆုကိုလည်း ဆာပေါ်လိုကွင်းလယ်လူ ဆီနီ ဆွတ်ခူးခဲ့တယ်။ 2006 ခုနှစ်ပြိုင်ပွဲမှာလည်း တောင်အမေ ရိက ချန်ပီယံ ဘရာဇီးကလပ် အင်တာနာဆီယွန်နယ်အသင်းက ဥရောပချန်ပီယံ ဘာစီလိုနာအသင်းကို 1-0 နဲ့ နိုင်ခဲ့တယ်။ ဒါပေမယ့် အကောင်းဆုံးဘောလုံးသမားဆုကိုတော့ ဘာစီလိုနာအသင်းက ပေါ်တူဂီ ကွင်းလယ်လူ ဒေကိုက ရရှိခဲ့ပြီး ဆုကြေးဒေါ်လာ ၁ သိန်းတန် Toyota ကားသစ်တစ်စီး ရခဲ့တယ်။

၂၀၀၆မှာ ချန်ပီယံဖြစ်သွားတဲ့ အင်တာနာဆီယွန်နယ်အသင်းသားများ အောင်ပွဲခံနေစဉ်
ဒီနှစ်အတွက် အထူးပြင်ဆင်ထားတဲ့ အေစီမီလန်
ကျင်းပပြီးခဲ့တဲ့ ၃ ကြိမ်စလုံးမှာ တောင်အမေရိကအသင်းတွေပဲ ဗိုလ်စွဲခဲ့တော့ ပြိုင်ပွဲဟာ ဥရောပ အသင်းတွေအတွက် သိက္ခာကျစရာဖြစ်နေခဲ့တယ်။ ဒါကြောင့် ဒီနှစ်မှာ ဥရောပချန်ပီယံအဖြစ် ၀င်ကစားရမယ့် အေစီမီလန်အသင်းဟာ အစဉ်အလာဆိုးကို ချိုးဖျက်ပြီး တောင်အမေရိ အသင်းတွေကို အနိုင်ယူဗိုလ် စွဲဖို့ အထူးပြင်ဆင်ထားတာ တွေ့ရတယ်။ နည်းပြ အန်ဆယ်လော့တီ ကဒီပွဲကိုလူစုံခေါ်သွားမယ်လို့ဆိုထား ပြီး ကာကာ၊ မာလ်ဒီနီ၊ ဆီးဒေါ့ဖ်တို့ အုပ်စုကလည်း ဒီပွဲကို အားခဲထားကြတော့ ဒီနှစ်ပြိုင်ပွဲဟာ ပိုအကြိတ် အနယ်ရှိလာနိုင်တယ်။
ပါဝင်တဲ့အသင်းများ
ဒီနှစ် FIFA CLUB WORLD CUP ပြိုင်ပွဲကို Toyota ကုမ္ပဏီကပဲ အဓိကပံ့ပိုးပြီး ဂျပန်နိုင်ငံ တိုကျို မြိုက လူ 48000 ဆံ့တဲ့ တိုကျိုကွင်း၊ 36000 ဆံ့တဲ့ တိုယိုတာကွင်းနဲ့ 68000 ကျော်ဆံ့တဲ့ ယိုကိုဟားမား ကွင်းကြီး ၃ ကွင်းမှာ ခွဲပြီး ဒီဇင်ဘာ ၇ ရက်နေ့ကနေ 16 ရက်နေ့အထိ ကျင်းပဖြစ်မှာဖြစ်ပါတယ်။ နောက် ဆုံးဗိုလ်လုပွဲကို ယိုကိုဟားမားကွင်းမှာ ကျင်းပမှာဖြစ်ပြီင်္း ဆုကြေးကိုလည်း 2006 ခုနှစ်ကထက် ဒေါ်လာ 1 သန်းပိုပြီး စုစုပေါင်း ဒေါ်လာ ၁၆ သန်းချီးမြှင့်မှာဖြစ်တယ်။ ပထမရမယ့်အသင်းကို Toyota ကုမ္ပဏီရဲ့ဆုကြေးသက်သက် ဒေါ်လာ 5 သန်းနဲ့ ဖီဖာရဲ့အပိုဆုကြေးပေးမှာဖြစ်ပြီး ဒုတိယအသင်းကို ဒေါ် လာ 4 သန်း၊ တတိယရတဲ့ အသင်းကိုလည်း ဒေါ်လာ ၃ သန်းချီးမြှင့်မယ့်အပြင် စတုတ္တရတဲ့အသင်းကို တောင် ဒေါ်လာ 2.5 သန်းချီးမြှင့်မှာဖြစ်လို့ ဒီနှစ်ပြိုင်ပွဲကို အသင်းအားလုံးက အားခဲထားကြတယ်။
ဒီနှစ်ပြိုင်ပွဲမှာ အေစီမီလန်နဲ့အတူ တောင်အမေရိက ချန်ပီယံ ဘိုကာဂျူနီယာ (အာဂျင်တီးနား) မြောက်အမေရိက ချန်ပီယံ ပါချူကာ (မက္ကဆီကို)၊ သမုဒ္ဒရာဇုန်ချန်ပီယံဝိတ်တာ ကာရီယူနိုက် တက်(နယူး ဇီလန်)၊ အာဖရိကတိုက် ချန်ပီယံ အီတိုအီလီနူဆာဟီလ်(တူနီးရှား)၊ အာရှကလပ်ချန်ပီယံ အူထရာဝါရက် (ဂျပန်)နဲ့ အာရှကလပ်ချန်ပီယံလိဂ်မှာ ဒုတိယရခဲ့တဲ့ ဆီပါဟန်(အီရန်)တို့ စုစုပေါင်း ၇ သင်းပါဝင်မှာဖြစ် တဲ့ အူထရာဝါရက်အသင်းက အိမ်ရှင်းဖြစ်လို့ အာရှခွဲတမ်းတစ်နေရာအတွက် အာရှဒုတိယအကောင်းဆုံး ဆီပါဟန်ကို ၀င်ပြိုင်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။
အေစီနဲ့ ဘိုကာဂျူနီယာတို့ ဘိုင်ရ
သတ်မှတ်ဘောလုံးအဆင့်အတန်းအရ အေစီနဲ့ ဘိုကာအသင်းတွေဟာ အုပ်စုအဆင့်မှာ မကစားရပဲ ဘိုင်ရပြီး ကွာတားနဲ့ ဆီမီးအဆင့်တွေကျမှ စကစားရမှာဖြစ်တယ်။ (ပွဲစဉ်ဇယားအသေးစိတ် ကို အောက်မှာသီးခြားဖော်ပြထားပါတယ်။) ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်ပြိုင်ပွဲမှာလည်း ကစားသမားအင်အား၊ လက်ရှိခြေစွမ်းအဆင့်အတန်းအရ အေစီနဲ့ ဘိုကာအသင်းတွေသာဗိုလ်လုရဖို့များပြီး အေစီအနေနဲ့ တောင်အမေရိကအသင်းတွေပဲ ဗိုလ်စွဲလေ့ရှိတဲ့ အစဉ်အလာကို ဒီပြိုင်ပွဲမှာချိုးနိုင်မလားဆိုတာ စောင့်ကြည့်ရမယ်။
2007 World Club Cup ပွဲစဉ်ဇယား
7-12-07 ပွဲစဉ် 1 ဆီပါဟန်(အီရန်) - ၀ိတ်တာကီရာယူနိုက်တက် (နယူးဇီလန်)
9-12-07 ပွဲစဉ် 2 ဆာဟတ် (အီရန်) - ပါဆူကာ (မက္ကဆီကို)
10-12-07 ပွဲစဉ် 3 ပွဲစဉ် (၁) နိုင်သူ - အူရာဝါ (ဂျပန်)
12-12-07 ဆီမီးဖိုင်နယ် ပွဲစဉ် (၂) နိုင်သူ - ဘိုကာဂျူနီယာ (အာဂျင်တီးနား)
13-12-07 ဆီမီးဖိုင်နယ် ပွဲစဉ် (၃) နိုင်သူ - အေစီမီလန် (အီတလီ)
16-12-07 တတိယလုပွဲနှင့် ဗိုလ်လုပွဲ
|