ဒီတစ်ပတ် ကြာသပတေးနေ့ဆိုရင် ယူအီးအက်ဖ်အေပွဲစဉ် ၂ ကိုရောက်လာပြီဆိုတော့ အကြိတ်အနယ်ပိုရှိလာနိုင်တယ်။ အခုမှ ပွဲဦးထွက်မယ့်အသင်းတွေရှိသလို ပွဲစဉ် ၁ မှာရှုံး ထားတဲ့ အသင်းတွေရဲ့ရုန်းကန်အားကိုလည်း သတိတော့ထားရလိမ့်မယ်။ ယူအီးအက်ဖ် အေပွဲစဉ်တွေရဲ့ထုံးစံအရတော့ အသင်းကြီးတွေကို အရမ်းယုံထားလို့မရဘူး ပြောနိုင်ပေမယ့် အသင်းကြီးတွေရဲ့အမှတ်ရဖို့ အရေးကြီးနေချိန်ဆိုရင်တော့သေချာအားထည့်ပြီး တင် ကစားမှာတော့ သေချာတယ်။ အုပ်စုပွဲဖြစ်နေလို့ အမှတ်ရဖို့က အရေးကြီးဆုံးဆိုတော့ တစ်ခါတစ်ခါမှာ အသင်းကြီးတွေဟာ အနိုင်မှာဂိုးတွေပြတ်သားဖို့ထက် နိုင်ရုံလောက်ပဲ ကစားပြီး ၃ မှတ်ယူသွားတတ်တာမျိုးလည်း ရှိတတ်တယ်။ အသင်းတွေကလည်း အဆင့် အတန်းချင်းယှဉ်ရင် ကွာဟမှုရှိလို့ထွက်လာတဲ့ အနေအထားတွေကလည်း အသင်းကြီး တွေဆိုရင် အရမ်းစွန့်စားရလေ့ရှိတယ်။ ဒီတော့ တတ်နိုင်ရင် ယူအီးအက်ဖ်အေပွဲတွေ အသင်းနာမည်ကိုကြည့်ပြီး အားပေးလို့မရနိုင်ဘူး။

ယူအီးအက်ဖ်အေ အမှတ်တံဆိပ်
Group A
လာရီဆာ - ဇင်းနစ်
အဲဗာတန်ကိုရှုံးခဲ့ပေမယ့် လာရီဆာကစားပုံကမဆိုးပါဘူး။ လာရီဆာဟာ တိုက်စစ်ကစားပုံ အားကောင်းပြီး အိမ်ကွင်းမှာလည်း ကစားတတ်တယ်။ ဇင်းနစ်ကတော့ အဝေးကွင်းဆိုရင် သိပ်ပြီးယုံထားလို့မရဘူး။ ဒီရာသီဇင်းနစ်ကစားပုံက ခံစစ်ပိုင်းအနည်းငယ်လျော့သလို တွေ့နေရတယ်။ ဒါကြောင့် အိမ်ရှင်လာရီဆာနဲ့ ဂိုးအများကိုပိုကြိုက်တယ်။
နူရင်ဘာ့ဂ် - အဲဗာတန်
နူရင်ဘာ့ဂ်ကတော့ အခုပွဲဟာ ပွဲဦးထွက်ပွဲပီပီအိမ်ကွင်းမှာ အမှတ်ရအောင်ကြိုးစားလိမ့် မယ်။ အဲဗာတန်ကလည်း အဝေးကွင်းကစားပုံစိတ်မချရတဲ့အသင်းဆိုတော့ ကစားရခက်တဲ့ ဂျာမန်မြေမှာ အမှတ်ရဖို့လွယ်မယ်မထင်ဘူး။ နူရင်ဘာ့ဂ်ရယ် ဂိုးအနည်းရယ် ကိုပဲရွေးထား ချင်တယ်။
Group B
ကိုပေဟေဂင် - ပါနာသီနိုင်းကော့စ်
ဒိန်းမတ်လက်ရွေးစင်တွေ အများစုပါဝင်နေတဲ့ကိုပေဟေဂင်ရဲ့ အိမ်ကွင်းကစားပုံမဆိုးပါ ဘူး။ ဒါပေမယ့် အတွေ့အကြုံချင်းယှဉ်လိုက်ရင်တော့ ဥရောပအတွေ့အကြုံတွေပိုများနေ တဲ့ ပါနာသီနိုင်းကို ယှဉ်နိုင်မှာမဟုတ်ဘူး။ ဒီရာသီမှာ ဂရိအသင်းတွေခြေစွာနေတာကို လည်း သတိပြုရလိမ့်မယ်။ ပါနာသီနိုင်းအနည်းဆုံးတစ်မှတ်တော့ရသွားလိမ့်မယ်။ ဂိုးလည်း
များမယ်ထင်တယ်။
အဘာဒင်း - လိုကိုမိုးတစ်မော်စကို
ယူအီးအက်ဖ်အေလိုပြိုင်ပွဲမျိုးဟာ အဘာဒင်းအတွက်တော့ စိမ်းနေတာအမှန်ပဲ။ ပွဲဦးထွက် ပွဲကိုလည်းအ၊ှုံးပေးထားရလို့ ဒီပွဲမှာအမှတ်ရဖို့ အတတ်နိုင်ဆုံးကြိုးစားမှာဖြစ်ပေမယ့် လိုကို မိုးတစ်လို ၀ါရင့်အသင်းကြီးတစ်သင်းကိုတော့ သမ္ဘာရောဝါမှာပါယှဉ်နိုင်ဖို့မလွယ်ပါဘူး။ လိုကိုမိုးတစ်ဟာ ကစားပုံတည်ငြိမ်ပြီး အဝေးကွင်းမှာလည်း ထိန်းကစားတတ်လို့ ဒီပွဲအ တွက် လိုကိုမိုးတစ်နဲ့ ဂိုးအများကိုပဲ ရွေးထားမိတယ်။
Group C
ဘိုလီဆလပ်ဗ် - ဗီလာရီးယဲလ်
လာလီဂါမှာခြေစွာနေပေမယ့် ဗီလာရီးယဲလ်ရဲ့ကစားပုံက အတက်အကျမမှန်ဘူးဖြစ်နေ တယ်။ ဒါပေမယ့် နောက်တစ်ဆင့်တက်ချင်ရင် ခုလိုအဝေးကွင်းပွဲမျိုးကို အမှားခံမှာမဟုတ် ဘူး။ ဘိုလီဆလပ်ဗ်ကလည်း ပွဲဦးထွက်ပွဲပီပီ အိမ်ကွင်းမှာမျက်နှာပန်း လှဖို့ကြိုးစားမှာဆို တော့ အဝေးကွင်းသိပ်စိတ်မချရတဲ့ ဗီလာရီးယဲလ်ထက်ဘိုလီဆလပ်ဗ်ကိုပဲပိုကြိုက်မိတယ်။
ဖီအိုရင်တီးနား - အဲလ်ဖ်ဘာ့ဂ်
တဖြည်းဖြည်းနဲ့ ဖီအိုရင်တီးနားကစားပုံက မာကြောလာပါပြီ။ ပွဲဦး ဗီလာရီးယဲလ်ကို အဝေး ကွင်းမှာကစားသွားတဲ့ ခြေစွမ်းမျိုးနဲ့ဆိုရင် အဲလ်ဖ်ဘာ့ဂ်အနေနဲ့ ဖီအိုရင်တီးနားကို အီတလီ မြေမှာ တားဆီးနိုင်ဖို့ဆိုတာ မလွယ်လောက်ဘူး။ ဖီအိုရင်တီးနားပဲနိုင်မယ်။ ဂိုးများမယ်။
Group D
ရန်းနက်စ် - ဘရန်း
ပြင်သစ်ပထမတန်းမှာရော ယူအီးအက်ဖ်အေမှာပါ ရန်းနက်စ်ခြေစွမ်းမဆိုးပါဘူး။ ဘရန်းက လည်းအတွေ့အကြုံပိုင်းမှာ သိသိသာသာအားနည်းနေသေးတယ်။ ဒါကြောင့် အိမ်ကွင်း အားကောင်းလေ့ရှိတဲ့ပြင်သစ်အသင်းတွေကို သူတို့ကွင်းမှာ လာရင်ဆိုင်ရတာဟာ ဘရန်း အတွက်တော့ အခက်အခဲတွေ့မှာသေချာတယ်။ ဒီပွဲဟာ ရန်းနက်စ်အနိုင်ရဖို့များနေပြီး ဂိုးတော့နည်းသွားနိုင်တယ်။
ဒိုင်နမိုဇာဂရက် - ဘာဆဲလ်
ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်ရဲ့ အိမ်ကွင်းမာကြောမှုကိုတော့ သတိထားရလိမ့်မယ်။ ဘာဆဲလ်ရဲ့ခြေစွမ်းကလည်း အသင်းငယ်တွေနဲ့ချည်းတွေ့လာလို့ မှန်းဆရမလွယ်ဘူး။ ဒါပေမယ့် သူတို့အသင်းမှာအတွေ့အကြုံရှိတဲ့ ကစားသမားတွေရှိနေတယ်။ ခက်တာက သူတို့ရဲ့ခြေစွမ်းက အဝေးကွင်းမှာ အတက်အကျများတတ်တာကိုပါပဲ။ ဒါကြောင့် ဒိုင်နမိုဇာဂရက်နဲ့ ဂိုးအနည်းကိုပိုကြိုက်တယ်။
Group E
စပါးတပ်မော်စကို - လီဗာကူဆင်
လီဗာကူဆင် အဝေးကွင်းခံစစ်မငြိမ်ပုံနဲ့တော့ စပါးတပ်လိုအသင်းကို အဝေးကွင်းမှာ ယှဉ် နိုင်ဖို့ သိပ်မလွယ်လှဘူး။ ဒါပေမယ့် လီဗာကူဆင်ဟာ တိုက်စစ်ပိုင်းက မဆိုးဘူး။ အဝေး ကွင်းမှာလည်းဂိုးတွေရအောင်သွင်းတတ်တယ်။ ဒီတော့ စပါးတပ်အိမ်ကွင်းမှာ အနိုင်ရလို စိတ်နဲ့ တိုက်စစ်ဖွင့်ကစားမိရင်တော့လီဗာကူဆင်အခွင့်အရေးရသွားနိုင်တာကိုထည့်တွက် ရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် စပါးတပ်နဲ့ ဂိုးအများကိုပဲအရဲစွန့်ရွေးထားချင်တယ်။
တူလုစ် - စပါတာပရပ်
ချက်အသင်းဟာ အဝေးကွင်းခြေစွမ်းစိတ်မချရပါဘူး။ ခံစစ်ကစားပုံက အားနည်းလွန်းနေ တယ်။ တူလုစ်ကတော့ ပြင်သစ်လိဂ်မှာ ပုံမှန်ခြေစွမ်းမရသေးပေမယ့် ဥရောပပွဲတွေမှာ တော့ အိမ်ကွင်းကစားပုံတည်ငြိမ်နေပါတယ်။ ဒါကြောင့် တူလုစ်အနိုင်ရဖို့များနေပြီး ဂိုးက တော့နည်းနိုင်တယ်။
Group F
ဘိုင်ယန်မြူးနစ် - ဘော်လ်တန်
ဘိုင်ယန်ရဲ့တိုက်စစ်ကလည်း အတက်အကျမမှန်သလို ခံစစ်ကစားပုံကလည်း စိတ်ချထား လို့မရသေးဘူး။ ဒါပေမယ့် ဘိုင်ယန်မှာ အိမ်ရှင်အားသာချက်ရှိနေတာကိုတော့ မေ့ထား လို့မရဘူး။ ဘော်လ်တန်ကတော့ ပြည်တွင်းမှာလည်း တန်းဆင်းဇုန်ထဲက ရုန်းရမယ့်အချိန် မျိုးဖြစ်နေလို့ ပြိုင်ပွဲနှစ်ခုကြားမှာ မျှပြီးသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နဂိုကလည်း ဥရောပမှာ ကစားပုံအားနည်းနေလို့ ဒီပွဲမှာ ဘိုင်ယန်ပဲ နိုင်သွားလိမ့်မယ်ထင်တယ်။ ဂိုးလည်းများနိုင် တယ်။
အရစ် - ရက်စတားဘဲလ်ဂရိတ်
ရက်စတားဟာ အဝေးကွင်းမှာ ကစားပုံသာမန်လောက်ပါပဲ။ တိုက်စစ်ကစားပုံမဆိုးပေမယ့် ခံစစ်ပိုင်းကတော့ စိတ်မချရသေးဘူး။ ဒါကြောင့်ဂရိအသင်းအရစ်ရဲ့ ခံစစ်မာကြောပြီး တန်ပြန်တိုက်စစ်ကစားပုံကောင်းပုံနဲ့တော့ ရက်စတားလွယ်မယ်မထင်ဘူး။ အရစ်ပဲနိုင် မယ်၊ ဂိုးတော့နည်းနိုင်တယ်။
Group G
အဲလ်ဘာ့ဂ် - အန်ဒါးလက်ခ်ျ
ဘယ်လ်ဂျီယံကလပ်တွေရဲ့ ခြေစွမ်းက အားရစရာမရှိတော့ပါဘူး။ ကစားရမှာလည်း အဝေး ကွင်းမှာဆိုတော့ အန်ဒါးလက်ခ်ျအနေနဲ့ သရေတစ်မှတ်ကိုပဲဦးစားပေးပြီး ကစားသွားဖို့ များနေတယ်။ အဲလ်ဘော့ဂ်နဲ့ ဂိုးအနည်းကိုပိုကြိုက်တယ်။
ဟာပိုးတဲလ်အဗစ် - တော့တင်ဟမ်
ဆီဗီးလားနဲ့ ယူအီးအက်ဖ်အေချန်ပီယံ ၂ ကြိမ်ဖြစ်ခဲ့တဲ့ရာမို့စ်ရဲ့အစွမ်းကို မြင်တွေ့ရလိမ့် မယ်။ ဟာပိုးဟာ ကစားရခက်တဲ့အသင်းဆိုပေမယ့် တော့တင်ဟမ်အတွက် ဒီပွဲဟာ နောက်တစ်ဆင့်တက်ဖို့ မဖြစ်မနေအမှတ်ရှာရတော့မယ့်ပွဲဖြစ်နေတာကို သတိပြုမိရင်တော့ တော့တင်ဟမ်နဲ့ဂိုးအများကိုပဲရွေးသင့်တယ်။
Group H
ဂါလာတာဆာရေး - ဟယ်ဆင်ဘော့ဂ်
အတွေ့အကြုံချင်းယှဉ်လိုက်ရင်တော့ တူရကီကလပ်ဂါလာတာဆာရေးကို ဟယ်ဆင် ဘော့ဂ် မယှဉ်နိုင်ပါဘူး။ ဂါလာတာဆာရေးဟာ အိမ်ကွင်းဆိုရင်လည်း ခြေမှန်ပြီးဂိုးလည်း မြူးတတ်လို့ ဟယ်ဆင်ဘော့ဂ်ဂိုးပြတ်မ၊ှုံးရင်တောင် ကျေနပ်ရမယ့်ပွဲမျိုးလို့ပြောနိုင်တယ်။
သြစတြီးယားဗီယင်နာ - ဘော်ဒိုး
ယူအီးအက်ဖ်အေမှာတော့ ဘော်ဒိုးခြေမှန်နေပါတယ်။ အတွေ့အကြုံလည်းများလို့ အဝေး ကွင်းမှာထိန်းကစားတတ်တယ်။ ဗီယင်နာကတော့ ဥရောပမှာ သာမန်အဆင့်ထက် မပိုပါ ဘူး။ ဒါကြောင့် ဘော်ဒိုးလိုအသင်းမျိုးကို အနိုင်ရဖို့မလွယ်ဘူး။ ဂိုးတော့နည်းမယ်။
|