အက်ဖ်အေအမှုဆောင် အရာရှိ ဘရိုင်ရန် ဘာဝစ်ဟာ မက္ကလာရင်ရဲ့ နေရာမှာ အစားထိုး ခန့်အပ်ဖို့အတွက် ဂျာမန်ဘောလုံးသမား အကျော်အမော် ဖရန့်ဘက်ကင်ဘောင်ဝါ၊ ယူအီး အက်ဖ်အေဥက္ကဌ ပလာတီနီတို့နဲ့ အကြံဥာဏ်ကို ရယူနေပါတယ်။
မက္ကလာရင်ဟာ ခရိုအေးရှားကို ပြီးခဲ့တဲ့အပတ်က (၃ - ၂)နဲ့ ၀င်လေကွင်းမှာ ရှုံးခဲ့တဲ့အတွက် အင်္ဂလန်ဟာ ယူရို ၂၀၀၈ ပြိုင်ပွဲကြီးကနေ ထွက်ခဲ့ ရပါတယ်။
အက်ဖ်အေ အမှုဆောင် ဘာဝစ်ဟာ ဘုတ်အဖွဲ့အစည်းအဝေးမှာ ကမ္ဘာ့အဆင့်မီ နည်းပြတစ် ယောက် ရဖို့အတွက် တခြား ထင်ရှားတဲ့ ဘောလုံးသမားတွေရဲ့ အကြံဥာဏ်ကိုလည်း ရယူသွား မှာ ဖြစ်ပါတယ်။
ဘာဝစ်နဲ့ အက်ဖ်အေရဲ့ ဘောလုံးဖွံ့ဖြိုးမှု ဒါရိုက်တာ ထရီဗာ ဘရုတ်ကင်းတို့ဟာ အာစင်နယ် မန်နေဂျာ အာစင်ဝင်းဂါး၊ မန်ယူနည်းပြ ဖာဂူဆန်၊ အင်္ဂလန် ဘောလုံးသူရဲကောင်း ဘော်ဘီ ချာလ်တန်နဲ့ တခြားထင်ရှားတဲ့ နည်းပြတွေရဲ့ အမြင်တွေကိုလည်း တောင်းခံသွားဖို့ ရှိပါတယ်။
အက်ဖ်အေဟာ လက်ရှိ အင်္ဂလန်ကစားသမားတွေထဲက ဂျရတ်တို့လို ကစားသမားမျိုးတွေရဲ့ အမြင်တွေကိုလည်း စုဆောင်းသွားမှာ ဖြစ်ပါတယ်။ |

အက်ဖ်အေအမှုဆောင် အရာရှိ ဘရိုင်ရန် ဘာဝစ်
|