ချဲလ်ဆီးနည်းပြဟောင်း မော်ရင်ဟိုက အင်္ဂလန်နည်းပြရာထူးအတွက် သူ့ကို ကမ်းလှမ်းဖို့ အက်ဖ်အေကို ဖိတ်ခေါ်ခဲ့တယ်လို့ မီဒီယာတွေက ရေးသားကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက ချဲလ်ဆီးကနေ ထွက်ခွာခဲ့တဲ့ မော်ရင်ဟိုက သူ့အနေနဲ့ အက်ဖ် အေနဲ့ ကစားပြောဖို့အတွက် ပြင်ဆင်ရနိုင်ကြောင်း ပြောပါတယ်။
“တကယ်လို့ သူတို့က စိတ်ဝင်တစားနဲ့ ကမ်းလှမ်းလာရင် ကျနော့်အနေနဲ့ အက်ဖ်အေနဲ့ တွေ့ပြီး ကစားပြောဆို သွားမှာပါ” လို့ မော်ရင်ဟိုက သည်ဆန်းသတင်းစာကို ပြောပါတယ်။
“သူတို့က ကျနော့်ကို စိတ်ဝင်စားကြောင်း မပြောသေးခင် အချိန်အထိ ကျနော့်အနေနဲ့ ဘာမှ ပြောလို့ မရပါဘူး။ အက်ဖ်အေကို ပြောလိုက်ပါ။ ကျနော့်ကို လာပြီး ခေါ်ပါလို့။ ကျနော်တို့ အ နေနဲ့ စောင့်ကြည့်ဖို့ လိုပါတယ်။ ဒါပေမယ့် ကျနော် ဘာမှတော့ မငြင်းပယ်ပါဘူး”
မော်ရင်ဟိုဟာ ချဲလ်ဆီးနဲ့ ပေါ်တိုကို အောင်မြင်မှုတွေရအောင် စွမ်းဆောင်ပေးနိုင်ခဲ့လို့ အ ထုတ်ခံရတဲ့ မက္ကလာရင်ရဲ့ အင်္ဂလန်နည်းပြနေရာမှာ ခန့်အပ်ခံရဖို့ ရေပန်းစား နေပါတယ်။
မန်ယူနည်းပြ ဖာဂူဆန်ကလည်း အင်္ဂလန်ရာထူးက မော်ရင်ဟိုနဲ့ သင့်တော်ကြောင်း ထောက်ခံ ပြောဆို ထားပါတယ်။
သူဟာ ပေါ်တိုကို ပေါ်တူဂီချန်ပီယံရှစ် (၂)ကြိမ်၊ ယူအီးအက်ဖ်အေ တစ်ကြိမ်၊ ချန်ပီယံလိဂ် တစ်ကြိမ်နဲ့ ချဲလ်ဆီးကို ပရီးမီးယားရှစ် (၂)ကြိမ်၊ ကားလင်းဖလား (၂)ကြိမ်၊ အက်ဖ်အေဖလား တစ်ကြိမ် ရအောင် စွမ်းဆောင် ပေးထားပါတယ်။
အသက် (၄၄)နှစ်သား မော်ရင်ဟိုက အစောပိုင်းတုန်းက လက်ရွေးစင်နည်းပြအဖြစ် လုပ်ကိုင် ဖို့ စောသေးကြောင်းနဲ့ တကယ်လို့ လုပ်ဖြစ်ရင်လည်း ပေါ်တူဂီအသင်းမှာပဲ လုပ်ချင်ကြောင်း ပြောထား ဖူးပါတယ်။
အင်္ဂလန်ဟာ ယူရိုခြေစစ်ပွဲ မအောင်လို့ ၂၀၁၀ ကမ္ဘာ့ဖလားပွဲရဲ့ အုပ်စုဦးစားပေးအသင်း အဖြစ်ကနေ လျောကျပြီး ခရိုအေးရှားနဲ့ တစ်အုပ်စုတည်း ထပ်မံ ကျရောက်ပါတယ်။
အက်ဖ်အေဟာ လောလောဆယ်မှာ နည်းပြရာထူးအတွက် စိတ်ဝင်တစား နည်းပြတွေရဲ့ အ သံကို နားစွင့် နေပါတယ်။
အီတလီသားနည်းပြ ကာပယ်လို၊ အက်စတွန်ဗီလာနည်းပြ မာတင်အိုနေးလ်နဲ့ ပို့စ်မောက် နည်းပြ ရက်နက်ပ်တို့ဟာလည်း ယင်းနေရာအတွက် ရေပန်းစားတဲ့ အထဲမှာ ပါဝင်ပါတယ်။ |