DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
အင်္ဂလိပ်လူမျိုးကိုပဲ အင်္ဂလန်နည်းပြရာထူးအတွက် ခန့်အပ်ဖို့ ယူအီးအက်ဖ်အေ ဥက္ကဌ အကြံပြု
ဘီဘီစီ - နိုဝင်ဘာ ၂၇၊ ၂၀၀၇

အထုတ်ခံရတဲ့ မက္ကလာရင်ရဲ့ အင်္ဂလန်နည်းပြ နေရာမှာ အောင်မြင်တဲ့ အင်္ဂလိပ်လူမျိုးတစ်ယောက်ကိုပဲ ခန့်သင့်တယ်လို့ ယူအီးအက်ဖ်အေ ဥက္ကဌ မိုက်ကယ်ပလာတီနီက ယုံကြည်နေ ပါတယ်။

လောလောဆယ်မှာ အက်ဖ်အေဟာ ပြီးခဲ့တဲ့အပတ်က အထုတ်ခံရတဲ့ မက္ကလာရင်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် ကျော်ကြားတဲ့ နိုင်ငံခြားသားနည်းပြတော်တော်များများနဲ့ ဆက်သွယ်မှု တွေ လုပ်နေပါတယ်။

ပလာတီနီက “တကယ်လို့ ကျနော့်ကို အင်္ဂလန်အတွက် မန်နေဂျာတစ်ယောက် ရှာပေးပါလို့ ဆိုလာရင် ကျနော့်အနေနဲ့ အသင်းကောင်းတစ်သင်း တည်ဆောက်ဖို့အတွက် လူတိုင်းက ယုံကြည်စိတ်ချရတဲ့ အင်္ဂလိပ်လူမျိုးတစ်ယောက်ကိုပဲ ကြိုးစား ရှာမှာပါ” လို့ ထုတ်ဖော်ပါတယ်။

“အင်္ဂလန်ဟာ ဘောလုံးအင်အားကြီး နိုင်ငံတစ်ခု ဖြစ်ပါတယ်။ သူတို့အနေနဲ့ အရင်တုန်းက လည်း အင်္ဂလိပ်လူမျိုးတွေပဲ ခန့်ခဲ့ဖူးတာ များပါတယ်”

နာမည်ကြီး နည်းပြတွေဖြစ်တဲ့ မော်ရင်ဟို၊ စကိုလာရီ၊ ဟင်းဒစ်၊ ကာပယ်လို၊ ဗန်ဂေါ၊ ကလင် စမန်းနဲ့ မာတင်အိုနေးလ်တို့ဟာ အင်္ဂလန်နည်းပြ ရာထူးအတွက် ဆက်သွယ်ခြင်း ခံနေရပါ တယ်။

အင်္ဂလန်အသင်းရဲ့ နောက်ခံလူဟောင်း တိုနီအဒမ်က နည်းပြသစ် ရှာဖို့အတွက် အက်ဖ်အေအနေနဲ့ အရင်အင်္ဂလန်နည်းပြဟောင်းတွေရဲ့ အကြံဥာဏ်တွေကို ရယူသင့်ကြောင်း ထောက်ပြ ထား ပါတယ်။


ယူအီးအက်ဖ်အေ ဥက္ကဌ ပလာတီနီ