DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
၂၀၁၀ ကမ္ဘာ့ဖလား အုပ်စုတွေ ထွက်ပေါ်၊ ဥရောပဇုန်မှာ အင်္ဂလန်နဲ့ ခရိုအေးရှား တစ်အုပ် စုတည်း ထပ်မံကျရောက်
အေဂျင်စီသတင်းများ - နိုဝင်ဘာ ၂၆၊ ၂၀၀၇

တောင်အာဖရိကမှာ ကျင်းပမယ့် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲဝင်ဖို့ အုပ်စုတွေကို မနေ့ က မဲနိုက်ခွဲရာမှာ ယူရို ၂၀၀၈ ခြေစစ်ပွဲမအောင်တဲ့ အင်္ဂလန်ဟာ အုပ်စုတွင်းမှာ ခရိုအေးရှားနဲ့ တစ်အုပ်စုတည်း ကျပါတယ်။

ဒါဟာ နောက်နှစ်နွေရာသီ သြစတြီးယားနဲ့ ဆွစ်ဇာလန်မှာ ကျင်းပမယ့် ယူရိုပြိုင်ပွဲကြီးကနေ ခရိုအေးရှားရဲ့ ဖယ်ရှားခြင်းကို ခံရတဲ့ အင်္ဂလန်အတွက်တော့ လက်စေးချေဖို့ အခွင့်အရေး တရပ် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ (၄)ရက်နေ့ကမှ နောက်ဆုံး ယူရိုခြေစစ်ပွဲမှာ ခရိုအေးရှားကို ရှုံးထားတာ ပူပူနွေးနွေးပဲ ရှိသေးတဲ့ အင်္ဂလန်ဟာ မနေ့က ထွက်ပေါ်လာတဲ့ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်တွေအရ ရေ စက် မကုန်ဘဲ တစ်အုပ်စုတည်း ပြန်ကျခြင်း ဖြစ်ပါတယ်။

အင်္ဂလန်နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ တစ်အုပ်စုတည်း ကျတဲ့အပေါ်မှာ ခရိုအေးရှားနည်းပြ ဘီ လစ်က “အုပ်စုပွဲတွေ ထွက်ပေါ်လာတာကို ကျနော် မြင်လိုက်တဲ့ အခါမှာ အရမ်းအံ့အား သင့် ပြီး ဒါမဟုတ်ဘူးလို့ ပြောလိုက် မိပါတယ်”

“ကျနော် သူတို့ကို ရှောင်ချင်ပါတယ်။ ဒီအုပ်စုပွဲစဉ်က တော်တော်ကို ခက်မှာပါ။ အကြောင်း ကတော့ သူတို့က အခုအချိန်အထိ အကောင်းဆုံးတစ်သင်း ဖြစ်နေလို့ပါ”

အီတလီဟာ ဘူဂေးရီးယား၊ အိုင်ယာလန်၊ ဆိုက်ပရပ်စ်၊ ဂျောဂျီယာ၊ မွန်တီနီဂရိုးတို့နဲ့ တစ်အုပ် စုတည်းကျပြီး အုပ်စုချောင်တဲ့ အပေါ်မှာ ဘောလုံးအဖွဲ့ချုပ်က ဥက္ကဌ အယ်ဘီတီက “ဒီအုပ်စု ပွဲစဉ်တွေက ကျနော်တို့အတွက် အရမ်း ကောင်းပါတယ်။ ကမ္ဘာ့ချန်ပီယံဖြစ်တဲ့ ကျနော်တို့အနေနဲ့ ဒီအုပ်စုမှာ အနိုင်ရ သင့်ပါတယ်” လို့ ပြောပါတယ်။

ကမ္ဘာ့ဖလား အုပ်စုတွေခွဲတဲ့ အခမ်းအနားကို တောင်အာဖရိက သမ္မတဖြစ်တဲ့ သာဘို အမ်ဘီ ကီကိုယ်တိုင် တက်ရောက်ခဲ့ပြီး တကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံပေါင်း (၁၇၀)ကျော်က ပရိတ်သတ် တွေက တီဗွီကနေ တိုက်ရိုက်ကြည့်ရှု့ခွင့် ရကြပါတယ်။

နိုင်ငံရေးနဲ့ အတွေးအခေါ်အယူအဆပိုင်းမှာ ဆန့်ကျင်ဖက်ဖြစ်ပြီး အားပြိုင်နေတဲ့ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံဟာ အာရှဇုန်ရဲ့ အုပ်စုတစ်ခုမှာ တစ်အုပ်စုတည်း ကျပါတယ်။

တောင်ကိုးရီးယားဟာ ထိပ်ဆုံးဦးစားပေးအနေနဲ့ အာရှဇုန်ရဲ့ အုပ်စု (၃)မှာ ပါဝင်ပြီး ဂျော်ဒန်၊ တာကစ်မီနစ္စတန်၊ မြောက်ကိုရီးယားတို့နဲ့ အုပ်စု တူပါတယ်။

ဒီနှစ်ကျမှ အာရှရဲ့ အစိတ်အပိုင်းအဖြစ် ပထမဆုံး ခံယူလာတဲ့ သြစတြေးလျဟာ အုပ်စု တွင်းမှာ တရုတ်၊ အီရတ်၊ ကာတာတို့နဲ့အတူ အုပ်စု (၁)မှာ တစ်အုပ်စုတည်း ကျပါတယ်။

၂၀၁၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ခွဲတမ်းအရ ဥရောပတိုက်က (၁၃)သင်း၊ အာဖရိကတိုက်က အိမ်ရှင် အပါအ၀င် (၆)သင်း၊ အာရှနဲ့ တောင်အမေရိကတိုက်က (၄)သင်းစီ၊ မြောက်အ မေရိကတိုက်က (၃)သင်း၊ စုစုပေါင်း အသင်း (၃၀) ၀င်ခွင့်ရမှာ ဖြစ်ပါတယ်။

ကျန် (၂)နေရာစာမှာ တစ်နေရာစာအတွက်ကို အာရှတိုက်က ပဉ္စမရတဲ့အသင်းနဲ့ သမုဒ္ဒ ရာပိုင်းဇုံက ခြေစစ်ပွဲအောင်တို့ တစ်သင်းတို့ လုရမှာဖြစ်ပြီး ကျန်တစ်နေရာစာကိုတော့ တောင် အမေရိကတိုက်ဇုန်က ပဉ္စမရတဲ့အသင်းနဲ့ အကောင်းဆုံး စတုတ္ထရတဲ့အသင်းတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

တိုက်အသီးသီးမှာ ခြေစစ်ပွဲအောင်တဲ့ စုစုပေါင်း (၃၁)သင်းဟာ အိမ်ရှင် တောင်အာဖရိကနဲ့ အတူ အုပ်စုပွဲတွေကို စတင် ကစားရမှာ ဖြစ်ပါတယ်။

၂၀၁၀ ကမ္ဘာ့ဖလားရဲ့ ဥရောပဇုန် အုပ်စုများ -

အုပ်စု (၁)

ပေါ်တူဂီ၊ ဆွီဒင်၊ ဒိန်းမတ်၊ ဟန်ဂေရီ၊ အယ်ဘေးနီးယား၊ မော်လ်တာ

အုပ်စု (၂)

ဂရိ၊ အစ္စရေး၊ ဆွစ်ဇာလန်၊ မော်ဒိုဗာ၊ လတ်ဗီးယား

အုပ်စု (၃)

ချက်၊ ပိုလန်၊ မြောက်အိုင်ယာလန်၊ စလိုဗက်ကီးယား

အုပ်စု (၄)

ဂျာမဏီ၊ ရုရှား၊ ဖင်လန်၊ ဝေးလ်၊ အဇာဘိုင်ဂျန်၊ လက်ချင်စတိန်း

အုပ်စု (၅)

စပိန်၊ တူရကီ၊ ဘယ်ဂျီယမ်၊ ဘော့စနီးယား-ဟာဇီဂိုးဘီးနား၊ အာမေးနီးယား

အုပ်စု (၆)

ခရိုအေးရှား၊ အင်္ဂလန်၊ ယူကရိန်း၊ ဘေလာရုခ်၊ ကာဇစ်စတန်

အုပ်စု (၇)

ပြင်သစ်၊ ရိုမေးနီးယား၊ ဆားဘီးယား၊ လစ်သူယေးနီးယား၊ သြစတြီးယား၊ ဖာရိုကျွန်းစု

အုပ်စု (၈)

အီတလီ၊ ဘူဂေးရီးယား၊ အိုင်ယာလန်၊ ဆိုက်ပရပ်စ်၊ ဂျောဂျီယာ၊ မွန်တီနီဂရိုး

အုပ်စု (၉)

ဟော်လန်၊ စကော့တလန်၊ နော်ဝေး၊ မက်ဆီဒိုးနီးယား၊ အိုက်စလန်


ထွက်ပေါ်လာတဲ့ ၂၀၁၀ ကမ္ဘာ့ဖလား အုပ်စုပွဲရဲ့ ခရိုအေးရှားမဲကို ပြင်သစ်ကစားသမားဟောင်း (၀ဲ)နဲ့ အင်္ဂလန်မဲကို ဂါနာကစားသမားဟောင်း (ယာ)တို့က ပြသနေစဉ်


ခြေစစ်ပွဲဝင်မယ့် အုပ်စုများကို မဲနှိုက်ခွဲနေစဉ်